သိန်း ၅၀ အောက်မှာ Performance အကြမ်းစား Acer Nitro 16 Gaming Laptop

Acer ကနေ နောက်ထပ် Gaming Laptop တစ်လုံး – Acer Nitro 16 ကို ကျွန်တော်တို့ကို လာပြီး စမ်းဖို့ပေးထားတာနဲ့ စမ်းဖြစ်ပါတယ်။ ဒီတစ်ခါ Acer Nitro 16 Gaming Laptop က အရှေ့တုန်းက Predator Helios Neo 16 ထက် စျေးလည်း တော်တော်သက်သာပြီးတော့ Performance ပိုင်းတွေ Design ပိုင်းတွေ တော်တော်မိုက်တယ်။

ဆိုတော့ Acer Nitro 16 Gaming Laptop က ဘာတွေထူးခြားနေသလဲဆိုတာကိုမပြောခင်မှာ Overall အနေနဲ့ ကြိုပြောရရင် ကိုယ်က သိန်း ၅၀ အောက် Gaming Laptop ကောင်းကောင်းတစ်လုံးကိုရှာနေတယ်။ အထူးသဖြင့် FPS Gaming ပိုင်းတွေ၊ Laptop တစ်လုံးမှာ Performance အပြင် Display ပိုင်းကိုပါ ကောင်းဖို့ ဦးစားပေးတယ်ဆိုရင် ဒီ Acer Nitro 16 က ထည့်စဥ်းစားသင့်တဲ့ Laptop ထဲမှာပါပါတယ်။

Design

အရင်ဆုံး Acer Nitro 16 Gaming Laptop ရဲ့ ဒီဇိုင်းပိုင်းနဲ့ စပြောရမယ်ဆိုရင် ကျိန်းသေပေါက် မြင်လိုက်တာနဲ့ Gaming Laptop တစ်လုံးမှန်းတော့ တန်းသိနိုင်အောင် လုပ်ပေးထားတယ်။ နောက်ဖက် Lid ပေါ်မှာ Acer Logo မဟုတ်ပဲ Nitro Logo (N) ကို ရေးထားပြီး ဘေးထောင့်မှာမှ “Acer Nitro” ဆိုတဲ့ စာသားရေးထားတယ်။ Lid Design က တော်တော်လေး Unique ဖြစ်တယ်။

ပြီးတော့ ကျွန်တော်တို့ Gaming Laptop တွေမှာ သဘောကျပြီး တကယ်သုံးတဲ့အချိန်မှာလည်း အသုံးဝင်တဲ့ Power Port တွေ၊ HDMI ၊ USB 4 Standard USB-C Port တွေကို အနောက်မှာ ထားထားတာက တကယ်မိုက်တယ်။ ကိုယ်က ဂိမ်းဆော့နေတဲ့အချိန်မှာ Laptop ဘေးမှာ Power ကြိုးတွေနဲ့ ရှုပ်နေတာမျိုးက လုံးဝရှိတော့မှာမဟုတ်ဘူး။

Design ပိုင်းမှာ အမြင်အရရော၊ ထည့်ပေးထားတဲ့ Port တွေရဲ့ နေရာအထားအသိုပါ အဆင်ပြေတယ်ဆိုပေမယ့် တစ်ခုထည့်စဥ်းစားဖို့လိုတာက Acer Nitro 16 Gaming Laptop က 16” Laptop တစ်လုံးဖြစ်နေတဲ့အတွက် အလေးချိန်က Battery အပါ 2.7Kg ရှိမယ်။

Display

Display ပိုင်းကတော့ Acer Nitro 16 Gaming Laptop ရဲ့ အားသာချက်လို့တောင်ပြောလို့ရတယ်။ ဒီ 16” 16:10 Aspect Ratio SlimIPS Display က ဒီစျေးတန်းဝန်းကျင် Gaming Laptop တော်တော်များများထက် ပိုပြီးသာတယ်။

ဘာကြောင့်လဲဆိုရင် Resolution ပိုင်းမှာ 1920×1200 Resolution ရှိတဲ့အပြင် Refresh Rate က 165Hz အထိ ထောက်ပံ့ပေးထားတယ်။ ဒါက FPS လိုမျိုး ဂိမ်းတွေဆော့တဲ့အချိန်မှာ တော်တော်ကို အဆင်ပြေတယ်။ ပြီးတော့ ပိုသဘောကျဖို့ကောင်းတာက Brightness ပိုင်းကို 400nits အထိ ရတာပါ။ တော်ရုံ Gaming Laptop တော်တော်များများက 300nits လောက်ပဲ Max Brightness ရှိတဲ့အချိန်မှာ Acer Nitro 16 ရဲ့ Display က ပိုလင်းပြီး အပြင်မှာရောက်နေတဲ့အချိန် သုံးမယ်ဆိုရင်လည်း ပိုအဆင်ပြေမှာသေချာပါတယ်။

ဒါတင်မဟုတ်သေးပဲ Acer Nitro 16 Gaming Laptop ရဲ့ Display က Color Accuracy ပိုင်းမှာပါ 100% sRGB Color Gamut ကို ထောက်ပံ့ပေးထားပါတယ်။ ဒီအဓိပ္ပါယ်က Acer Nitro 16 Gaming Laptop ဟာ ဂိမ်းဆော့လို့တင်ကောင်းတာမဟုတ်ပဲ ရုပ်ရှင်ကြည့်၊ Photo ၊ Video Editing လုပ်တဲ့အချိန်မှာလည်း Color မှန်တဲ့အတွက် အဆင်ပြေနေဦးမှာပါ။

Performance

Gaming Laptop တစ်လုံးမှာ အရေးအကြီးဆုံး Performance ပိုင်းပါ – ဒီနေရာမှာလည်း Acer Nitro 16 Gaming Laptop က ဒီစျေးတန်း Gaming Laptop တွေထဲမှာ တော်တော်လေး အားရဖို့ကောင်းနေပြန်ပါတယ်။

အရင်ဆုံး Processor ပိုင်းမှာ AMD Ryzen 7 7840HS High Performance Processor ကို သုံးထားတယ်။ အဲ့အပြင် DDR4 ထက် ပိုမြန်တဲ့ 16GB DDR5 5600MHz RAM ကိုပါထည့်ပေးထားတယ်။ Storage ပိုင်းမှာလည်း 512GB PCI-E SSD ပါမယ်။ Graphic ပိုင်းမှာလည်း Nvidia Geforce RTX 4050 6GB GDDR6 ကိုထည့်ပေးထားပါတယ်။

ဒီ AMD Ryzen 7 7840HS Processor က Intel 13th Gen i7 နီးပါး Performance ရှိတဲ့အပြင် Gaming ပိုင်းမှာဆိုရင်လည်း Frame Rate တွေကို တူတူနီးပါး ထုတ်ပေးနိုင်တယ်။ ပြီးတော့ 4nm Zen4 Architecture ကို အခြေခံထားတဲ့ Processor တစ်ခုဆိုတော့ Performance ပိုင်းတင် မြန်နေတာမဟုတ်ဘဲ Power စားတော်တော်လေးသက်သာတယ်။ Efficient ပိုဖြစ်တယ်။ အဲ့အပြင် x86 Processor တွေထဲမှာ ပထမဆုံးအနေနဲ့ Integrated AI Engine – Ryzen AI ပါလာတာမျိုးတွေ၊ Integrated Graphics ကလည်း AMD ရဲ့ RNDA 3 နည်းပညာသုံးထားတဲ့ Radeon Graphics ဆိုတော့ လောလောဆယ်မှာ Powerful အဖြစ်ဆုံး Integrated Graphics လို့တောင် ပြောလို့ရတယ်။

ဒီလို စွမ်းဆောင်ရည်မြင့်တဲ့ Ryzen 7 Processor ကို Acer ကနေ CPU အတွက် Cooling ပိုင်းပိုကောင်းအောင် Liquid Metal Thermal Grease သုံးထားတယ်။ ဒါတင်မဟုတ်သေးဘဲ Cooling ပိုင်းအတွက် Dual Fan Cooling System ၊ လေအေးကို Laptop အောက်ခြေနဲ့ အပေါ် ၂ ဖက်စလုံးက ဆွဲယူပြီး Exhaust ၄ ခုကနေ ထုတ်နိုင်အောင် လုပ်ထားတယ်။ ကိုယ်သုံးနေတဲ့အပေါ်မှုတည်ပြီး Cooling ပိုင်းကို Acer NitroSense ကလည်း အလိုအလျောက် Fan Speed တွေ၊ Profile Mode တွေ ချိန်ပေးနိုင်သေးတယ်။

Graphic ပိုင်းမှာလည်း Nvidia RTX 4050 GPU ကို အမြင့်ဆုံး Power 140W အထိ သုံးနိုင်အောင် လုပ်ထားတယ်။ ဆိုတော့ ဒီ TGP ပိုင်းမှာ လုံးဝ Limitation ရှိမှာမဟုတ်ပဲ Graphic Card က ထုတ်ပေးနိုင်တဲ့ အမြင့်ဆုံး Frame Rate တွေကို ဂိမ်းတွေမှာ မြင်တွေ့ရမှာပါ။ Acer Nitro 16 မှာဆိုရင် Nvidia Advanced Optimus လိုမျိုး Integrated Display ကို တစ်ဆင့်မဝင်ပဲ Graphic Card က Output ကို Display ကို တိုက်ရိုက်ထုတ်ပေးနိုင်ပြီး Frame Rate ပိုကောင်းစေတဲ့ နည်းပညာမျိုးတွေပါ ပါဝင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Acer Nitro 16 Gaming Laptop က Performance ပိုင်းကို ဒီလောက်ထိ အာရုံစိုက်ထားတယ်ဆိုတာက တကယ်ဂိမ်းဆော့တဲ့အချိန်မှာ အကောင်းဆုံး Frame Rate တွေရဖို့ အာမခံနိုင်တဲ့အပြင် အချိန်ဘယ်လောက်ကြာကြာဆော့ဆော့ Cooling ပိုင်းကလည်း လိုက်နိုင်မှာ သေချာပါတယ်။

Connectivity

Gaming Laptop တစ်လုံးမှာ နောက်ထပ် အရေးကြီးတဲ့အချက်က ချိတ်ဆက်နိုင်စွမ်းပါ။ Desktop PC တွေနဲ့ မတူတာက Gaming Laptop တွေမှာ Internet LAN ဂိမ်းတွေဆော့ကစားတဲ့အချိန်မှာ ချောမွေ့စွာဆော့ကစားနိုင်ဖို့အတွက် Wi-Fi Connectivity ကလည်း အကောင်းဆုံးဖြစ်နေဖို့ လိုအပ်ပါတယ်။

ဒီအတွက် Acer Nitro 16 Gaming Laptop မှာ အမြင့်ဆုံး Wi-Fi Standard ဖြစ်တဲ့ Wi-Fi 6E ကိုထောက်ပံ့ပေးနိုင်တဲ့ RZ616 Modern အပြင် LAN Port ကနေ Gigabit Speed နဲ့ ချိတ်ဆက်နိုင်ဖို့အတွက် Killer Ethernet E2600 လိုမျိုး Network တွေကိုပါ ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် Wi-Fi ပဲဖြစ်ဖြစ်၊ Gigabit LAN နဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲ ချိတ်ဆက်ပြီး ဂိမ်းဆော့ပါစေ၊ အကောင်းဆုံး Lag မရှိတဲ့ Gaming Experience ရမှာ သေချာပါတယ်။

ဒါ့အပြင် Bluetooth 5.1 ၊ USB 4 Standard Support လုပ်ထားတဲ့ USB-C x2 ၊ USB 3.2 Gen 2 x ၊ HDMI ၊ Audio Port တွေလည်းပါဝင်တဲ့အတွက် ကိုယ့် Gaming Headset ၊ Mouse တွေကို သီးသန့်ချိတ်ဆက်ချင်တယ်ဆိုရင်လည်း လွယ်ကူမှာဖြစ်ပါတယ်။

Others

Acer Nitro 16 Gaming Laptop ဟာ Keyboard ပိုင်းအနေနဲ့ RGB Backlit Keyboard ကို ထောက်ပံ့ပေးထားပြီး 16” Laptop ဖြစ်တာကြောင့် Numpad လည်းပါဝင်မှာဖြစ်ပါတယ်။ Webcam ပိုင်းမှာ 720p 30fps Webcam ပါဝင်ပြီး Temporal Noise Reduction လိုမျိုး Feature တွေလည်း ထည့်သွင်းပေးထားပါတယ်။ Audio ပိုင်းအတွက်လည်း DTS X Audio ကိုထောက်ပံ့ပေးနိုင်ပါသေးတယ်။

Battery ပိုင်းမှာ ကြီးမားတဲ့ 90Wh Battery ကို ထည့်သွင်းထားပြီး တကယ်လို့ ဂိမ်းမဆော့ပဲ ပုံမှန်အတိုင်းသုံးမယ်ဆိုရင် နာရီအများအပြား အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Conclusion

Acer Nitro 16 Gaming Laptop ဟာ လက်ရှိအချိန်မှာ စျေးနှုန်းအနေနဲ့ ငွေကျပ် ၄၈ သိန်းဝန်းကျင်ဖြင့် ရောင်းချသွားမှာဖြစ်ပါတယ်။

ဒီစျေးနှုန်းဝန်းကျင် တခြား Gaming Laptop တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် Acer Nitro 16 Gaming Laptop က Performance ပိုင်းမှာ ကောင်းကောင်းယှဥ်ပြိုင်နိုင်သလို Liquid Metal အပြင် NitroSense လိုမျိုး Feature တွေကြောင့် Cooling ပိုင်းမှာလည်း Fan သံ ဆူညံမှုမရှိပဲ ကောင်းကောင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာလည်း အားရဖို့ကောင်းသလို Wi-Fi Connectivity ပိုင်းတွေ၊ Battery ပိုင်းတွေ၊ Design ပိုင်းမှာလည်း အားနည်းချက်ဆိုပြီး ပြောဖို့ခက်တဲ့ ကောင်းမွန်တဲ့ Gaming Laptop တစ်လုံးလို့ပဲ ပြောရမှာပါ။