ASUS ROG Zephyrus G15 Review : The Gaming Laptop With Everything

အမှန်အတိုင်းပြောရရင် တကယ့် Gaming Desktop တစ်လုံးအတိုင်း Performance ကို အကောင်းဆုံးရနိုင်မယ့် Gaming Laptop တွေကိုပြောပါဆိုရင် 17” Gaming Laptop တွေက ပိုအဆင်ပြေတာမှန်ပါတယ်။ ဒါပေမယ့် 17.3” Gaming Laptop တွေက Size Limitation တွေအများကြီးရှိနေပြီး တကယ်တမ်း Real World Usage မှာကြတော့ 17.3” ထက် 15.6” Gaming Laptop တွေက ပိုအသုံးဝင်နေတတ်ပါတယ်။

ဒါကိုမှ Performance ပိုင်းမှာလည်း လုံးဝ 15.6” Gaming Laptop တစ်လုံးမှာ အကောင်းဆုံးဆိုတဲ့အဆင့်တစ်ခုကို လိုချင်တယ်ဆိုရင် ရွေးစရာ Laptop တွေများပါတယ်။ ဒီထဲမှာမှ Gaming ပိုင်းရော တခြား Content Creation ၊ Productivity ပိုင်းအကုန်လုံးမှာ တကယ်ကို အားရဖို့ကောင်းလွန်းတဲ့ Gaming Laptop တစ်လုံးကို Review လုပ်ဖြစ်ပါတယ်။

ဒါကတော့ တခြားမဟုတ်ဘူး၊ ASUS ROG ကနေ ထုတ်ထားတဲ့ Zephyrus G15 (GA503) Laptop ပါ။ ပြောရရင် အရင်တုန်းကလည်း Zephyrus G15 ဆိုတာကရှိထားပြီးသား… ဒါပေမယ့် အဲ့ဒီ G15 က Gaming Laptop ထက် နည်းနည်း Thin & Light ပုံစံဖြစ်တဲ့ Laptop မျိုး၊ အခုကြတော့ ဒီ Thin & Light Gaming Laptop ကို G15 အစား Zephyrus M16 က နေရာယူသွားတော့ အခု Zephyrus G15 က ပိုပြီး Gaming Laptop ဆန်တဲ့ Laptop ဖြစ်လာတယ်။ ASUS ROG ရဲ့ Gaming Only ပိုင်းသွားတဲ့ Strix G15 နဲ့တောင် ပိုတူလာတယ်။

ဒါပေမယ့် Strix G15 လိုမျိုးတော့ ဒီကောင်က Gaming Only မဟုတ်တော့ ဒီ Zephyrus G15 က အလွယ်ပြောရရင် Build Quality ပိုကောင်းတယ်၊ Design က Subtle ဖြစ်ပြီး Premium ပိုဖြစ်လာမယ်။ ပြီးတော့ Productivity ပိုင်းကို ပိုအာရုံစိုက်ထားမယ်။

Design

ROG Zephyrus G15 ရဲ့ Design က ပြောရရင် M16 Design ပုံစံမျိုးနဲ့တောင် ပိုတူတယ်။ တော်တော်လေးကို Sleek ဖြစ်တာပါ။ ပြီးတော့ တကယ့် Thin & Light Gaming Laptop လို့တောင် ပြောဖို့ခက်ပေမယ့် အထူက 19.9mm နဲ့ အလေးချိန်ကလည်း 1.9Kg ဆိုတော့ တော်တော်လေး Compact ဖြစ်သေးတယ်။ တော်ရုံကြိုက်တဲ့ Backpack တွေနဲ့ ကောင်းကောင်းသယ်သွားလို့ရမယ်။

ဒါပေမယ့် တစ်ဖက်မှာကြည့်မယ်ဆိုရင် ဒီ Zephyrus G15 က Premium ဆန်တဲ့ဘက်ကိုပဲ ပိုသွားတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာက Strix G15, G17 လိုမျိုး Gaming အရမ်းရောက်တဲ့ RGB Light Bar တွေလည်းမပါဘူး၊ တစ်ဖက်မှာလည်း Zephyrus M16 လိုမျိုး လုံးဝ Minimalist ဖြစ်တဲ့ ဒီဇိုင်းဘက်ကိုလည်း မသွားဘူး။ ပြောရမယ်ဆိုရင် Gaming Laptop ဆိုပေမယ့် လုံးဝ Over မဖြစ်နေတော့ အလုပ်အတွက်ပါ အဆင်ပြေမယ်။ ပြီးတော့ ကြိုက်တဲ့အချက်ဆိုရင် နောက်ဖက်က Lid မှာ တချို့အလင်းရောင်မှာမှ မြင်ရတဲ့ Dotted Gradient Design လုပ်ထားတယ်။

တခြား အရှေ့ဘက်က Display Lid အောက်ခြေဘောင်မှာ ROG Zephyrus ဆိုပြီး မထင်မရှားနဲ့ Minimal ဖြစ်အောင် ရေးထားတာမျိုးတွေ၊ ဒီလက်တင်တဲ့ Palm Rest Area မှာ တကယ်ကို Premium Feeling ပြန်ရတဲ့ Soft Touch Texture တစ်ခုရအောင် လုပ်ထားတာမျိုးတွေက တော်တော်ကိုမိုက်တယ်။ ထောင့်တွေကို ချိုးထားတာက အစ တကယ်ကို Premium Laptop တစ်ခုဆိုတာက ပေါ်တယ်။ Design ပိုင်းမှာ Minimalist ဖြစ်တဲ့ Gaming Laptop ကို ရှာနေတယ်ဆိုရင် ဒီ ROG Zephyrus G15 က အားနည်းချက်တော်တော်နည်းတယ်။

Display

Display ကတော့ ASUS Laptop တိုင်းလိုလို ထပ်သလဲလဲပြောနေရတာတောင် ပင်ပန်းပါတယ်။ Gaming Laptop တစ်ခုဖြစ်ပေမယ့် ဘယ်လိုမျိုး Professional အလုပ်အတွက် သုံးသုံး Zephyrus G15 ရဲ့ Display က လုံးဝကို ကောင်းကောင်း Recommend ပေးလို့ရပါတယ်။ ဒီလိုပြောလို့ Gamer တွေအတွက်ရော ကောင်းပါ့မလားဆိုပြီး ဖြစ်စရာလည်း လုံးဝမလိုဘူး။

ဘာကြောင့်လဲဆိုတော့ ဒီ Zephyrus G15 က QHD Resolution ကိုမှ 240Hz Refresh Rate ကို Support ပေးထားတာ၊ တကယ်ကို မတရားကြမ်းတဲ့ Gaming Laptop တစ်လုံးလို့တောင် ပြောလို့ရတယ်။ ပြီးတော့ နောက်ပိုင်းဆက်ပြောသွားဖို့ရှိပေမယ့် Performance ပိုင်းကလည်း RTX 3070Ti ကို သုံးထားတာဆိုတော့ ဒီ Display Refresh Rate နဲ့ Resolution ကို eSport ဂိမ်းအကုန်လုံးမှာ ကောင်းကောင်း Handle လုပ်နိုင်မယ်။

Brightness ပိုင်းမှာကတော့ ဒီကောင်က 500nits အထိရှိမယ်၊ Dolby Vision HDR Supprt လုပ်တယ်ဆိုပေမယ့် 10-bit အစား 8-bit Panel ပဲ။ ဒါပေမယ့် 100% DCI-P3 Color Gamut ကိုထောက်ပံ့ထားတာဆိုတော့ Color Accuracy ပိုင်းတွေမှာ လုံးဝကို အကောင်းဆုံးထဲမှာပါတယ်။ တစ်ခုပဲ 15.6” Size ဖြစ်နေတော့ ဒီကောင်က 16:10 မဟုတ်ပဲ ပုံမှန် 16:9 Ratio ပဲ။ Maybe ဒါက ရုပ်ရှင်ကြည့်၊ Game ဆော့တဲ့သူတွေအတွက် ပိုတောင် အဆင်ပြေနိုင်ပါတယ်။

Gaming Experience ကတော့ ပြောသလို Top-notch Flagship Level ရတယ်။ Response Time ကလည်း 3ms ဆိုတော့ တော်တော်ကို Smooth ဖြစ်ပြီး Lag တွေ၊ ဘာမှမရှိဘူး။ ပြောရရင် ဒါက ဘေးဘောင်တွေ နည်းနည်းထူနေတာကလွဲရင် Viewing Experience ကတော့ လုံးဝမိုက်တယ်။ ပြီးတော့ 180-Degree ချိုးချလို့ရတာကြီးကတော့ အကြိုက်ဆုံးထဲမှာပါတယ်။

Performance

Performance ပိုင်းကတော့ ဒီ Zephyrus G15 က သူ့ Sibling လို့ ပြောရမယ့် M16 နဲ့မတူတာက Ryzen Processor ကို သွားသုံးထားတယ်။ AMD Ryzen 6900HS Processor ကို 32GB 4800MHz DDR5 RAM နဲ့ပေါင်းသုံးထားတယ်။ ခုနပြောတဲ့အတိုင်း Nvidia RTX3070Ti ပါမယ်။ ကျန်တာကတော့ Standard 1TB PCI-E SSD ပါမယ်။

Performance ပိုင်းက ဒီနှစ် AMD Ryzen Processor တွေသုံးထားတဲ့ Laptop တိုင်းကို ပြောခဲ့တဲ့အတိုင်းပဲ ဒီ Ryzen 6900HS ကလည်း သူ့ဟာနဲ့သူကတော့ တော်တော်ကိုကောင်းတယ်၊ Flagship Level လည်းရှိတယ်။ ဒါပေမယ့် Intel 12th i7 ဒါမှမဟုတ် i9 တွေနဲ့ ယှဥ်မယ်ဆိုရင်တော့ အားနည်းနေသေးတယ်။ ဒါက Real World မှာ တချို့သော ဂိမ်းတွေ၊ CPU Intensive ဖြစ်တဲ့ Software တွေမှာ သိသာတဲ့ကွာခြားချက်တစ်ခုတော့ရှိနေသေးတယ်။

ပြီးတော့ ဘာကြောင့်မှန်းမသိ ကျွန်တော်တို့စမ်းဖြစ်တဲ့ ROG Zephyrus G15 Model က PCI-E Gen3 Speed ပဲသွားတယ်။ အဲ့တော့ ဒီ SSD ကလည်း PCI-E Gen4 လား Gen3 လားက စမ်းကြည့်သင့်တယ်။ GPU ကို MUX Switch အပြင် Ultimate ၊ Standard ၊ Eco Mode နဲ့ Optimized ဆိုပြီး ရွေးလို့ရမယ်။

Actual Gaming Performance ကတော့ တော်တော်ကို အားရဖို့ကောင်းတယ်။ ဘာလို့လည်းဆိုတော့ Valorant လို ဂိမ်းမျိုးမှာ QHD High Setting ကိုတောင် 400+fps က အေးဆေးရတယ်။ ပြီးတော့ CPU Speed က 4.5GHz လောက်ပဲတက်တာရယ်၊ HS Series Processor ဆိုတော့ Temperature ကလည်း အမြင့်ဆုံးမှ 83’C ၊ 85’C လောက်ပဲရှိတယ်။ တစ်ခုတော့ရှိမယ် – Turbo Mode မှာဆိုရင် Fan တွေက 6500RPM လောက်ထိကို Run တယ်ဆိုတော့ အသံကတော့ နည်းနည်းဆူမယ်။ ဒါပေမယ့် ဒါက 50dB လောက်ပဲ။ ပုံမှန် Performance Mode မှာဆိုရင်တော့ 45dB လောက်ပဲရှိလိမ့်မယ်။

အမှန်အတိုင်းပြောရင်တော့ ဒီ Zephyrus G15 က Gaming ပိုင်းမှာ Heat သိပ်မတက်တာ၊ Performance Drop သိပ်မရှိတော့ အားရဖို့တော့ကောင်းတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ လုံးဝ Gaming အတွက် ရည်ရွယ်ထားတဲ့ Strix G17 ၊ G15 တွေလောက်တော့ အမြင့်ဆုံး Performance တစ်ခုကိုမရဘူး။ ဒါပေမယ့် AMD Ryzen ကို သုံးထားတာက Game မဆော့ရင် Battery Life က ၆ နာရီကျော် ၇ နာရီလောက် အသုံးခံတယ်။ ဒါက Gaming Laptop တစ်လုံးအနေနဲ့ကတော့ မတရားမိုက်တယ်။

ကျန်တဲ့အပိုင်းကတော့ အများကြီးပြောစရာသိပ်မရှိဘူး။ ဒီ Intel 12th Gen ကျိန်းသေဖြစ်ဖို့မလိုရင် ဒီ Ryzen 6900HS က Easy Choice လို့ပြောလို့ရတယ်။

Keyboard/Trackpad

Keyboard ကတော့ တော်တော်ကို မိုက်တယ်။ အကြိုက်ဆုံး Gaming Laptop ထဲက Keyboard တစ်ခုလို့တောင် ပြောလို့ရတယ်။ ရိုက်ရတဲ့ Feedback က ဂိမ်းဆော့နေတဲ့အချိန်မဟုတ်ပဲ ဒီအတိုင်း အလုပ်လုပ်တဲ့အချိန်၊ စာရေးတဲ့အချိန်မှာဆိုရင် တကယ့် Custom Mechanical Keyboard ကို သုံးနေရတဲ့အတိုင်း Typing Speed ကို ပြန်ရတယ်။ Response ရော၊ Typing Feeling ရော မိုက်တယ်။

နောက်ပြီး ROG Zephyrus M16 နဲ့မတူတဲ့အားသာချက်တစ်ခုက ဒီကောင်က RGB Support လုပ်သွားတယ်။ ဆိုတော့ ပိုပြီး Gamer ဆန်သွားပြီး ပိုမိုက်လာတယ်။ Hot Key ၄ ခုကလည်း အပေါ်မှာရှိတယ်။ Trackpad ကလည်း Size တော်တော်ကြီးပြီး သုံးရတာ အဆင်ပြေတယ်။

ဆိုတော့ Gaming Laptop တစ်လုံးဖြစ်ပေမယ့် Zephyrus G15 က တကယ်ကို အလုပ်အတွက်ပဲ သုံးမယ်ဆိုရင်လည်း ကောင်းကောင်းကို ညွှန်းလို့ရတယ်။ ကျွန်တော်တို့ကိုယ်တိုင်တောင် ဒီ Laptop ကို စမ်းဖြစ်တဲ့အချိန်မှာ ဂိမ်းထိုင်ဆော့ဖြစ်တာထက် အလုပ်ပိုလုပ်ဖြစ်တော့ ဒီအချက်ကတော့ Confirm ပြောလို့ရတယ်။

Others

ကျန်တဲ့အပိုင်းတွေကတော့ Audio ပိုင်းတော်တော်ကို ကောင်းတဲ့အထဲမှာပါတယ်။ Dolby Audio တင်မဟုတ်ဘဲ Tweeter တွေကို Keyboard ဘေးတစ်ချက်စီမှာထည့်ပေးထားတော့ အသံထွက်က ကောင်းနေတယ်။ Windows Hello Face Unlock ပါသွားတာကလည်း ဒီ Gaming Laptop တစ်လုံးအနေနဲ့ မတရားမိုက်တယ်။

Port တွေကတော့ USB-C Port ၂ ခု၊ USB-A Port ၂ခု၊ HDMI ၊ 3.5mm Audio နဲ့ microSD Card Reader ပါမယ်။ USB-C ကနေ DisplayPort ရော 100W အထိ PD Charging ကိုပါ Support လုပ်မယ်။ ကျန်တဲ့ Wi-Fi6E တွေဘာတွေကတော့ Support ဖြစ်ပြီးသား။ 180-Degree Display Hinge ကြောင့် နောက်ဖက်မှာ Port တွေထားလို့မရတော့ပဲ Power Port က ဘယ်ဘက်ရောက်သွားတာတစ်ခုကတော့ နည်းနည်း Annoy ဖြစ်တယ်။ ဒါပေမယ့် 180-Degree Hinge ကတော့ အများကြီးပိုအသုံးဝင်တာပေါ့။

So…?

ဒီ ASUS Zephyrus G15 က တော်တော်လေးကို Simple ဖြစ်တဲ့ Gaming Laptop ပါ။ လုံးဝ Gaming သီးသန့်တို့၊ အလုပ်အတွက်သီးသန့်တို့ဆိုတာမျိုးမရှိပဲ Laptop တစ်လုံးဝယ်ပြီး အလုပ်ယူသွားဖို့ရော၊ ညဘက်ဂိမ်းဆော့၊ Productivity Software တွေသုံးဖို့ရော အကုန်လုံးကောင်းကောင်းသုံးဖို့ရှာနေတယ်ဆိုရင် အရွေးချယ်သင့်ဆုံး Laptop တစ်လုံးလို့ ပြောလို့ရပါတယ်။ ဒီ RGB Keyboard တွေ၊ Minimal Design တွေ၊ Windows Hello Face Unlock တွေ စတဲ့စတဲ့ အကုန်လုံးကို Laptop တစ်လုံးမှာ လိုချင်ရင် တကယ်ကို ညွှန်းလို့ကောင်းတဲ့ Laptop ပါ။

#TechGadgetMM