ASUS TUF Gaming Dash F15 Review : Insanely Upgraded TUF

ASUS TUF Gaming Laptop တွေက ပြောရရင် Zephyrus လိုမျိုး Flagship တွေလို တကယ့်ကို အဆန်းပေါက်ကရလို့တောင် ပြောနိုင်တဲ့ Feature အသစ်တွေမပါပေမယ့် Performance ကိုပဲ ကြည့်တဲ့ Gamer တွေ၊ Performance ကောင်းကောင်း Gaming Laptop တစ်လုံးကို စျေးအများကြီးမသုံးချင်တဲ့သူတွေအတွက် ရွေးချယ်စရာတစ်ခုပါ။ တကယ်လည်း TUF A15 ၊ F15 တွေက Ryzen ပဲဖြစ်ဖြစ်၊ Intel ပဲဖြစ်ဖြစ် စျေးကွက်ထဲမှာ လူကြိုက်များပြီးသားလို့တောင် ပြောလို့ရတယ်။

ဒါပေမယ့် TUF Series Laptop တွေကို Review လုပ်ဖြစ်တိုင်း သူ့အရှေ့မှာ ပိုကောင်းတဲ့ Zephyrus Line Laptop တွေကိုပါ စမ်းဖြစ်နေကြဆိုတော့ TUF တွေမှာ ဘယ်လောက်ထိလျော့ထားသလဲဆိုတာကို သိတာများပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား ဒီနှစ်အတွက် TUF Gaming Dash F15 (2022) က တကယ်အရေးကြီးတဲ့အပိုင်းတွေမှာ လုံးဝမလျော့ထားပဲ TUF ရော ဟုတ်ရဲ့လားလို့ ပြန်ပြောလို့ရလောက်တဲ့အထိကို Upgrade တွေလုပ်ထားပါတယ်။ It’s really insane TUF this year.

ဆိုတော့ ဒီစမ်းဖြစ်တဲ့ ASUS TUF Gaming Dash F15 အကြောင်းကို အခု Article မှာ ပြောဖြစ်ပါတယ်။ တစ်ခုရှိတာက အခု Review Article မှာ စမ်းဖြစ်တဲ့ Model အကြောင်းကိုပဲ အဓိကပြောသွားမှာဖြစ်ပါ။ ဆိုတော့ တခြားသော TUF Dash F15 Model တွေနဲ့ အနည်းငယ်ကွာခြားနိုင်ပါတယ်။

Our Review Unit

ကျွန်တော်တို့စမ်းဖြစ်တဲ့ Review Unit က လုံးဝကို အမြင့်ဆုံး Maxed Out Model ပါ။ Intel 12th Gen i7-12650H Processor ကို သုံးထားတယ်၊ Nvidia Geforce RTX 3060 ပါမယ်၊ Display က TUF ရော ဟုတ်ရဲ့လားလို့ ပြန်မေးရမယ့် QHD 165Hz Display ကိုသုံးထားတယ်။ ကျန်တာက 4800MHz DDR5 16GB RAM ၊ 15GB PCI-E Gen3 SSD တွေပါမယ်၊ Battery ကတော့ 76Wh Battery ပဲ။ အဲ့တော့ ကျွန်တော်တို့စမ်းဖြစ်တာက ဒီ Specs ဆိုတာ ပြောပြီးပြီဆိုတော့ Laptop အကြောင်းဆက်ပြောပါမယ်။

Design

TUF Dash F15 က Design ပိုင်းမှာ ကိုင်ကြည့်လိုက်ရင် ပိုပြီး Premium ဆန်လာတာ သိသာပါတယ်။ ဒါပေမယ့် ကျိန်းသေပေါက် ASUS ရဲ့ ပိုကောင်းတဲ့ Strix နဲ့ Zephyrus တွေကိုတော့ မမှီသေးတာကလည်း လက်ခံရဦးမှာပါ။ Metal Design ပုံစံလုပ်ထားတဲ့ Plastic Design က တော်တော်လေးကို Sleek ပိုဖြစ်လာတယ်။ အထူကလည်း 19.95mm ဆိုတော့ Gaming Laptop တစ်လုံးအနေနဲ့ မဆိုးဘူးလို့ ပြောလို့ရတယ်၊ Weight ကတော့ 2Kg ဆိုတော့ Gaming Laptop တစ်လုံးမှန်းတော့ သိသာနေတုန်းပဲ။

ဒီနောက်ကျောဘက် Lid မှာပါလာတဲ့ TUF Logo အသစ်က တော်တော်လေးကို မိုက်တယ်။ Logo အကြီးကြီးထည့်ထားပြီး Cheap ဖြစ်နေတာထက် တကယ်ကို Minimal ဖြစ်ပြီး Premium ပိုဆန်လာတယ်လို့ တောင်ပြောလို့ရတယ်။ ပြီးတော့ Laptop Keyboard အပေါ်မှာ Status LED လေးခုကို Design လုပ်ထားတာမျိုးတွေ၊ ပြီးတော့ WASD Keys တွေအတွက် Keycaps တွေက Transparent ဖြစ်အောင်လုပ်ပေးထားတော့ အထဲက Switch ကိုပါ ဖောက်ပြီး မြင်နေရတာ တော်တော်ကိုမိုက်တယ်။

တခြားအပိုင်းတွေကတော့ အရမ်းပြောစရာမရှိဘူး။ Build Quality က Solid ဖြစ်တယ်။ အောက်ဖက်မှာလည်း အရင် TUF တွေလိုမျိုး Heat Issue တွေကို ဖြေရှင်းဖို့အတွက် Air Intake အပေါက်တွေပိုထည့်ထားတယ်။ ဒါပေမယ့် Performance ပိုင်းကတော့ နောက်မှဆက်ပြောပါမယ်။

Display

အမှန်အတိုင်းပြောရရင် TUF Dash F15 မှာ တကယ်တမ်း ဝယ်တဲ့သူတွေများတဲ့ Full HD 144Hz Option မျိုးကို ကျွန်တော်တို့ မစမ်းဖြစ်ပါဘူး။ ဒါပေမယ့် အခု စမ်းဖြစ်တဲ့ QHD 165Hz Display က တကယ်ကို ASUS က Flagship Zephyrus or Strix Laptop က High End Display ကို TUF မှာ ကောက်ထည့်လိုက်တာပါ။ Color Accuracy တင် 100% DCI-P3 ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီလောက် Professional အဆင့် Color Accuracy ကို TUF Laptop မှာ ရတာပါ။ :3

သုံးနေတဲ့အချိန်ခဏမှာ တကယ်ကို ဒီ TUF Dash F15 ရဲ့ Display က TUF Laptop တစ်လုံးလို့ လုံးဝ မထင်မိတာကတော့ အမှန်ပါ။ Color Accuracy တော်တော်ကောင်းတာက မတရားကို မိုက်တယ်။ Gaming တင်မဟုတ်ပဲ တခြား Multimedia ပိုင်းတွေ၊ YouTube ကြည့်ရင်တောင် ကြည့်လို့တော်တော်ကောင်းတယ်။ ပြီးတော့ 15.6” Size ကို QHD Resolution ဆိုတော့ ပိုတောင် မိုက်သေး။

Gaming ပိုင်းမှာလည်း 165Hz က QHD ဖြစ်နေတော့ လက်ခံလို့ရတယ်။ ကျွန်တော်တို့လည်း 240Hz FHD ထက် QHD 165Hz ကိုပဲ ပိုရွေးမိမှာပဲ။ ပြီးတော့ ကောင်းတာတစ်ခုက ဒီ TUF Dash F15 က QHD 165Hz ကို ကောင်းကောင်း Handle လုပ်နိုင်တဲ့ Performance တစ်ခုလည်းပြန်ပေးနိုင်တယ်။ ဆိုတော့ Performance ဘက် ဆက်သွားကြမယ်။

Performance

ထူးခြားတာတစ်ခုက TUF Dash F15 က 12th Gen i7 ကို သုံးထားတယ်ဆိုပေမယ့် တော်တော်ကြီးကို Powerful ဖြစ်တဲ့ i7-12700H မဟုတ်ပါဘူး။ ဆိုလိုချင်တာက ဒီ TUF Dash F15 က 10 Cores ၊ 16 Threads ပဲ၊ 12700H လိုမျိုး 14 Cores ၊ 20 Threads တော့မဟုတ်တော့ဘူး။ ဒါပေမယ့်လည်း Performance Cores ၆ လုံးပါတာ တူတူပဲ၊ Efficiency Core ပဲ 8 Cores ကနေ 4 Cores ဖြစ်သွားတာဆိုတော့ သိပ်မကွာလောက်ဘူးလို့တော့ ပြောလို့ရတယ်။ တကယ်လည်း အများဆုံးကွာတာက i7-12700H နဲ့ ယှဥ်ရင် 20% လောက်ပဲ။ ပြီးတော့ Gaming အတွက် ပိုအရေးပါတဲ့ Single Core Performance ပိုင်းမှာဆိုရင် ကွာခြားချက်တောင် မရှိသလောက်ပဲလို့ ပြောလို့ရတယ်။

ဆိုတော့ ASUS က TUF Dash F15 မှာ i7-12650H ကိုပဲ သုံးလိုက်တာက Downgrade လုပ်လိုက်တာလားလို့ မေးမယ်ဆိုရင် ပြန်ဖြေစရာအဖြေက ဘာအတွက် သုံးမှာလဲဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီ i7-12650H က လုံးဝကို Gaming ပိုင်းမှာ ဘာ Performance Loss မှမရှိပါဘူး။ QHD Resolution ၊ High Setting မှာတောင် Valorant ကို 450fps လောက် RTX 3060 ကို သုံးပြီး ထုတ်ပေးနိုင်ပါတယ်။ ဒါက Gamer တွေအတွက် i7-12700H ကို မက်စရာမလိုတဲ့အကြောင်းပြချက်ပါ။ သေချာမယှဥ်ဖြစ်ပေမယ့် ဒီလိုမျိုး မကွာတဲ့ Performance ကို တခြား Productivity Software တွေမှာလည်း တူတူပဲ တွေ့နိုင်တယ်။ Premiere Pro Export Time တွေကလည်း ကွာသွားတာမရှိဘူး။

ပြီးတော့ Nvidia RTX3060 ဖြစ်သွားတာ တခြား 3050 တို့ 3050Ti တို့ထက် အများကြီးပိုကောင်းသွားတယ်။ TUF Laptop တစ်လုံးအတွက်က ဒါက High End နားအထိ ကပ်နိုင်တဲ့ Performance ကို ပေးနိုင်တယ်။ ASUS ရဲ့ ဒီနှစ်ထဲမှာ အသစ်ထည့်ပေးထားတဲ့ MUX Switch ကို သုံးလို့ရတာကလည်း ပိုကောင်းတဲ့ Performance ကို သုံးလို့ရတယ်။ နောက်ထပ် 16GB 4800MHz DDR5 RAM ကလည်း မိုက်တယ်။ နည်းနည်းလေး Flagship Model တွေနဲ့ကွာတာဆိုလို့ SSD က PCI-E Gen4 မဟုတ်ပဲ Gen3 ဖြစ်နေတာပဲရှိတယ်။ ဒါပေမယ့် Read Speed 3GB/s ကျော်ဆိုတာက ဘယ်လောက် Productivity Software တွေ၊ Game တွေပဲဖြစ်ဖြစ် လုံလောက်တာထက် ပိုနေသေးတယ်။

Thermal Issue – ဒါကတော့ ပုံမှန်အတိုင်းသုံးတာတွေ၊ Game တွေမှာတော့ အရမ်းကြီးကြီးမားမားမရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် Game ဆော့တာ ၄၅ မိနစ်ကျော်ကြာတဲ့အချိန်မှာ Heat က နည်းနည်းသိသာတယ်။ Temp က 90’C နားလောက်ထိ ရောက်ပြီး fps က 15% လောက် ကျပြီး Stable ပြန်ဆင်းတယ်၊ ပြီးတော့ အဲ့မှာ Stable ဖြစ်သွားတယ်။ အရမ်းကြီး Throttle ဖြစ်တာမျိုးကိုတော့ မကြုံရဘူး။ သာမန် Game ဆော့ဖို့အတွက်ကတော့ TUF Dash F15 က အဆင်တော်တော်ပြေတယ်။

More Vents :3

Keyboard/Trackpad

ASUS က ဒီ TUF Dash F15 ရဲ့ Keyboard ကို Numpad ပါ ပါတဲ့ Full Size Design လုပ်ထားတယ်။ ဒါက Numpad ကို ကြိုက်တဲ့သူ၊ အသုံးလိုတဲ့သူတွေအတွက်တော့ အဆင်ပြေပေမယ့် ကျွန်တော်တို့အတွက်ကတော့ ဒီလိုထည့်လိုက်တိုင်း စာရိုက်တဲ့အချိန်မှာ Off Center ဖြစ်နေတာကို သိပ်မကြိုက်ဘူး။ ပြောရရင် ASUS ရဲ့ Flagship Model တွေမှာ Numpad ကို စဖြုတ်လာပြီ… Trackpad မှာ Numpad မထည့်ရင်တောင်မှ အခုအချိန်က ဖြုတ်လိုက်လည်း ရပြီလို့ မြင်တယ်။

whyyyyyyyy

တစ်ဖက်မှာတော့ စာရိုက်ရတဲ့ Feeling က တော်တော်ကို ပိုကောင်းလာတယ်။ 1.7mm Key Travel ကြောင့်လားတော့မသိပေမယ့် TUF Laptop တောင် ဟုတ်ရဲ့လားဆိုပြီး ထင်မိတဲ့အချက်တွေထဲမှာ ဒီ Typing Feeling လည်းပါတယ်။ တစ်ခုပဲ – RGB Backlit မဟုတ်ပဲ White Backlit ဖြစ်နေတာ။ ဒီအချက်ကတော့ RGB လိုချင်တဲ့ Gamer တွေအတွက် Deal Breaker တစ်ခုဖြစ်နိုင်တယ်။ ကျွန်တော်တို့ကတော့ ဒီ Transparent WASD Keys တွေက White Backlit နဲ့ဆိုတော့ ပိုတောင် လှသွားသေးတယ်လို့ မြင်တာပဲ။ :3

ကျန်တဲ့ ဒီ Volume Control နဲ့ Armory Crate အတွက် Hot Keys တွေလည်းပါလာပြီ။ Arrow Keys Cluster ကလည်း သီးသန့်ဖြစ်သွားတော့ Overall Keyboard ပိုင်းက တော်တော်ကို အဆင်ပြေလာတယ်။

Trackpad ကလည်း အရင် TUF တွေနဲ့ ယှဥ်ရင် Size ပိုကြီးလာတယ်။ Gesture တွေ ဘာတွေ ဘာမှ Error မရှိဘူး။ TUF Logo လေးကို ထောင့်မှာထည့်ပေးထားတာလည်းမိုက်တယ်။

Battery/ Others

Battery Life ကတော့ 76Wh Battery ပါတယ်ဆိုပေမယ့် Intel 12th Gen ကြောင့်လား၊ RTX3060 ဖြစ်တာကြောင့်လားမသိပေမယ့် သာမန် Gaming Laptop တစ်လုံးလောက်ပဲ။ ဘာလို့လည်းဆိုတော့ Normal Usage မှာတောင် ၄ နာရီလောက်ပဲ ခံမယ်။ ဒါပေမယ့် ပြန်အားသွင်းရင်တော့ အားသာချက်က သူ့မှာပါတဲ့ 200W Power Adapter သယ်စရာမလိုတော့ဘူး။ ထူးထူးခြားခြား TUF Laptop တစ်လုံးမှာ 100W အထိ Support လုပ်တဲ့ USB-C Charging ပါလာပြီ။ ဆိုတော့ အလုပ်ကို သယ်သွားချင်တယ်ဆိုရင် GaN Charger အသေးလေးပဲ သယ်သွားရုံပဲ။ ဒါကတော့ တော်တော်မိုက်တယ်။

တခြား Ports တွေကလည်း တော်တော်စုံတယ်။ ညာဘက်မှာတော့ Mouse Dongle အတွက် USB-A Port တစ်ခုပဲ။ ဘယ်ဘက်မှာမှ LAN Port ၊ USB-C Thunderblt 4 Port ၊ HDMI ၊ USB C ၊ Audio နဲ့ USB-A Port တွေပါတယ်။ တော်တော်အဆင်ပြေတယ်လို့ ပြောလို့ရတယ်။

တခြား Feature တွေအနေနဲ့ကတော့ Wi-Fi 6 Support လုပ်မယ်၊ Speaker တွေက Dolby Atmos ပါလာပြီးတော့ TUF Laptop တစ်လုံးအနေနဲ့ဆိုရင် တော်တော်ကောင်းတယ်။ Unlock လုပ်ဖို့ကတော့ Face ၊ Fingerprint Sensor တွေမပါတော့ ဒီအတိုင်း သာမန် PIN Password ပဲ။

So…?

ဆိုတော့ အစောပိုင်းတုန်းက ပြောခဲ့သလိုပဲ အခုစမ်းဖြစ်တဲ့ TUF Dash F15 က တော်တော်ကို ကြမ်းပါတယ်။ တကယ်ကို Powerful လည်းဖြစ်ပြီး TUF Laptop တစ်လုံးအနေနဲ့ တော်တော်ကို Upgrade လုပ်ထားတာပါ။ ဒါပေမယ့် အခုလို Upgrade လုပ်ထားတဲ့အထဲမှာ စျေးလည်းပါပါတယ်။

ဘာကြောင့်လဲဆိုတော့ အခုကျွန်တော်တို့ စမ်းဖြစ်တဲ့ Model ရဲ့ စျေးက $1,699 ပါ။ ပြောရရင် Strix G15 ရဲ့ စျေးကို သွားကပ်နေသလိုတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် တစ်ဖက်မှာတော့ Performance ပိုင်း၊ Specs ပိုင်းတွေမှာ တချို့နေရာတွေမှာ အခု TUF Dash F15 က ပိုသာပါတယ်။ ပြီးတော့ TUF Dash F15 က စျေးနှုန်းပိုင်းမှာ အခုထက် အများကြီးသက်သာပြီး $1,000 ဝန်းကျင်တွေလည်းရှိပါသေးတယ်။ အဲ့စျေးမှာဆိုရင် အခုပြန်ရမယ့် Build Quality တွေ၊ Design ပိုင်းတွေ၊ Performance တွေက ကောင်းကောင်းကြီး ညွှန်းလို့ကောင်းသွားပါပြီ။

#TechGadgetMM