ASUS Zenbook 14 OLED Review : Your typical ultrabook is back and better.

Windows ထဲက Ultrabook တစ်ခုခုကို ရှာနေတယ်၊ တစ်နေရာရာမှာ လုံးဝထိုးထွက်ပြီး ထူးခြားနေတာမျိုးမဟုတ်ဘဲ All-rounder စိတ်ချလို့ရတဲ့ Ultrabook လည်း ဖြစ်ရမယ်ဆိုရင် ASUS Zenbook Series က စျေးကွက်ထဲမှာ ရွေးချယ်စရာတွေပါ။ အဲ့ဒီထဲကမှ တကယ် Basic Standard Zenbook လို့ ပြောရင်တောင်မမှားတဲ့ ASUS Zenbook 14 OLED (UX3402) ကို Review လုပ်ဖြစ်ပါတယ်။

အရင်ဆုံး အခုကျွန်တော်တို့ Review လုပ်ဖြစ်တဲ့ Model က Intel i7-1260P ၊ RAM 16GB ၊ 512GB PCI-E Gen4 SSD နဲ့ 14” 2.8K 90Hz OLED Display ပါတဲ့ Model ပါ။ စျေးကတော့ $1,399 လို့ သိထားတယ်။ ဆိုတော့ လုံးဝ Entry Ultrabook ထက် နည်းနည်းပိုသာတဲ့အဆင့်တစ်ခုမှာရှိပါတယ်။

Review မစခင်မှာ ကျွန်တော်တို့ကိုယ်တိုင် အရင် Intel 8th Gen တုန်းက ဒီ ASUS Zenbook 14 ကို ၁ နှစ်လောက်၊ Daily သုံးခဲ့တဲ့သူတွေပါ။ ပြောရရင် အခုလို နှစ်တွေကွာသွားသလို အခု Zenbook 14 OLED ကလည်း အဲ့တုန်းကထက် အများကြီး ပိုသာ၊ ပိုကောင်းသွားပါပြီ။ ဒါပေမယ့် တချို့အချက်တွေ၊ ပြီးတော့ သုံးရတဲ့ခံစားမှုပိုင်းမှာ တော်တော်လေးကို ဆင်နေတုန်းပါ။

ဘယ်နေရာတွေ ဘယ်လောက်ထိ ပိုကောင်းသွားသလဲ…။

Design

ASUS Zenbook 14 OLED က Typical Ultrabook တစ်လုံးပါ။ ဆိုလိုချင်တာက 14” Laptop တစ်လုံးဖြစ်နေပြီးတော့ အရမ်းကြီး Overkill ဖြစ်လောက်တဲ့အထိ မပါး၊ မပေါ့ပါဘူး။ အလေးချိန်က 1.39Kg ၊ အထူကလည်း 16.9mm ရှိတယ်။ ဒါက တခြား သာမန် Laptop တွေထက် နည်းနည်းပိုပါးပြီး ပိုပေါ့နေတာကလွဲရင် အရမ်းကြီးမကွာနေဘူး။

ကွာသွားတဲ့အချက်က ဒီ Zenbook 14 OLED ရဲ့ Build Quality နဲ့ အမြင်ပိုင်းပါ။ ဒီနောက်ဖက်က Monogram Pattern Design လုပ်ထားတာတွေ၊ ASUS Logo ပုံစံအသစ်တွေက တော်တော်လေးလှတယ်။ Minimal လည်း ဖြစ်တယ်။ လုံးဝကြီး ဒီကောင်က Design ပိုင်းမှာ စျေးအရမ်းကြီး၊ အရမ်းကောင်း၊ အရမ်းမိုက်နေတာမဟုတ်ပေမယ့် တကယ် Sleek ဖြစ်ပြီး Ultrabook တစ်လုံးကတော့ဖြစ်နေတုန်းပါပဲ။

အခု Zenbook 14 OLED က Ergo-Lift Design ကို သုံးနေတုန်းပဲ။ ဆိုတော့ သုံးတဲ့အချိန်မှာ စာရိုက်ရတာအဆင်ပြေအောင် Keyboard ကို မြှင့်ပေးနိုင်တဲ့အပြင် အခုဆို 180-Degree အထိပါ လှန်ထားလို့ရပြီ။ ဒါကတော့ မတရားမိုက်တယ်။

Display

This. ဒီအချက်က ဒီနှစ်မှာ ASUS Zenbook တွေကို အဝယ်သင့်ဆုံးအချက်လို့တောင် ပြောနိုင်ပါပြီ။ OLED Display ပြောင်းသုံးတာများ ဘာထူးဆန်းလို့လဲ… မဟုတ်ပါဘူး။ လုံးဝကို အကောင်းစား OLED Display တစ်ခုကို အထင်ကြီးဖို့ကောင်းတဲ့အထိ Tuning လုပ်ထားနိုင်တာပါ။ $1,399 ဆိုတာက စျေးများပါတယ်။ ဒါပေမယ့် ဒီစျေးမှာ Zenbook 14 OLED ကနေ ပေးနိုင်တဲ့ Display Experience မျိုး ပြန်ရနိုင်မယ့် Laptop တော်တော်ရှာရပါလိမ့်မယ်။

ဘာကြောင့်လဲ?

14” OLED Display က အလုပ်လုပ်တဲ့သူတွေအတွက် အရေးအကြီးဆုံး 16:10 Aspect Ratio ကို သုံးထားပေးတယ်။ ပြီးတော့ Resolution က ဒီ 14” Size မှာ လုံလောက်တာထက် အများကြီးပိုတဲ့ 2.8K Resolution ရှိတယ်။ ပြီးတော့ Refresh Rate ကလည်း Dynamic ဖြစ်ပြီး အမြင့်ဆုံး 90Hz အထိ Support လုပ်တယ်။ Screen-to-Body Ratio က Ergo-Lift Hinge Design ကြောင့် 90% အထိရှိတယ်။ နောက်ဆုံး… Color Accuracy က သေလောက်အောင်ကို ကောင်းတယ်။ ဒီ Display ကို မကြိုက်ဘူးလို့ ပြောရမှာ တကယ်၊ တကယ်ကို ခက်ပါတယ်။ :3

ဒါက ASUS ကိုယ်တိုင်က သူ့ Display တွေကို ဒီ Pantone Validated ဖြစ်တာတွေ၊ VESA DisplayHDR Certified ဖြစ်တာတွေနဲ့ Backup လုပ်ထားသလိုပါပဲ။ တကယ်လည်း ဒီ 100% DCI-P3 နဲ့ 133% sRGB Color Gamut Support လုပ်ထားတဲ့ Professional Display တစ်ခုမှန်း သိသာပါတယ်။ ပုံမှန် ဒီ DCI-P3 Color Gamut က sRGB ထက် Color မွဲသွားသလိုလို၊ Vibrant တွေပျောက်သွားသလိုလိုဖြစ်တယ်… အဲ့ဒါကို ASUS ကနေ ဒီ Display P3 ဆိုပြီး ကိုယ်ပိုင် DCI-P3 Wide Color Gamut ရုပ်ထွက်ကို sRGB ရဲ့ Vibrancy နဲ့ပေါင်းပြီး ထုတ်ပေးထားတဲ့ Color Profile ကလည်း တကယ် ရုပ်ရှင်တွေ၊ သာမန် Web Browsing တွေမှာ တော်တော်အဆင်ပြေတယ်။

အဲ့တော့ Zenbook 14 OLED ရဲ့ အားသာချက်က ဒီ Display ပိုင်းဆိုတာတော့ ကျိန်းသေသွားတယ်။ ကျွန်တော်တို့ သုံးရတာ ကြိုက်တယ်။ အဆင်တော်တော်ပြေတယ်။ အထူးသဖြင့် ဒီစျေးနှုန်းမှာဆိုတာကို ပြန်တွက်ရင် ဒီကောင်က Worthy ဖြစ်တယ်ဆိုတဲ့ ခံစားချက်တစ်ခုကို ရတယ်။ ဒါပေမယ့် တစ်ဖက်မှာ အားသာချက်တွေကြီးဖြစ်နေပြီး အားနည်းချက်လို့ မြင်တာတစ်ခုဆိုရင် ဒီကောင့် Brightness ပိုင်းတော့ရှိမယ်။ ပုံမှန် Laptop တွေက 300nits ၊ အခု Zenbook 14 OLED က non-HDR အနေနဲ့ဆိုရင် 400nits ပဲ အမြင့်ဆုံးရတယ်။ ဒါက မှောင်နေတာမျိုးတော့မဟုတ်ပေမယ့် Outdoor သုံးတဲ့အချိန်မျိုးဆိုရင် တခြား 500nits OLED Display နဲ့ ယှဥ်သုံးတောင် နည်းနည်းသိသာတယ်။ OLED ဖြစ်နေတော့ True Black ရတာက အားရဖို့ကောင်းတယ်။ ထုံးစံအတိုင်း Glossy Panel ဖြစ်နေတော့ အလင်းပြန်တာ တစ်ချက်ကိုတော့ တစ်ခါတခါဂရုစိုက်ရတယ်။

Performance

Zenbook 14 OLED က Performance ပိုင်းမှာ Intel ရဲ့ i7-1260P Processor ကို သုံးပေးထားတယ်။ ပြီးတော့ RAM က 16GB 4800MHZ LPDDR5 RAM ၊ နောက်ပြီး SSD က 512GB ပဲ ဆိုပေမယ့် PCI-E Gen4 ဆိုတော့ တော်တော်လေးကို မြန်တယ်။ Ultrabook ဖြစ်နေတော့ GPU ကတော့ သီးသန့်မပါဘူး။ Intel Iris Xe Graphics ပဲ။

Let’s just say this once. ကျွန်တော်တို့ Intel 12th Gen တွေမှာ ဒီ H Series ၊ i7-12700H တို့၊ 12900H တို့ကို တော်တော်လေးကြိုက်တယ်။ ဒါပေမယ့် အခု 1260P က တော်တော်လေးကို Middle Ground ကျနေတဲ့ Processor တစ်ခုပါ။ Power Effiency ပိုင်းတွေ၊ ပြန်ရတဲ့ Performance တွေက အခု Zenbook 14 OLED လိုမျိုး Ultrabook မှာ လက်ခံလို့ရတဲ့အဆင့်တစ်ခုရှိပေမယ့် ကျွန်တော်တို့ကတော့ Ryzen 6800U လိုမျိုး Processor တွေက ပိုပြီး Performance သိသိသာသာပိုကောင်းပြီး Power စားတဲ့အပိုင်းမှာလည်း ပိုမသာတောင် အတူတူနီးပါး ကောင်းနိုင်တယ်လို့ မြင်ပါတယ်။

အခု i7-1260P ကတော့ It’s good for what it is လို့ပဲ ပြောတာအမှန်ဆုံးဖြစ်မှာပါ။ Zenbook 14 OLED ကို သုံးမယ့် Scenerio တွေဖြစ်လာမယ့် Web Browsing ၊ Office ပိုင်းတွေ၊ Media ပိုင်း၊ တခြား Entertainment ပိုင်းတွေအကုန်လုံးမှာ အေးဆေး Handle လုပ်နိုင်မယ်။ ဒီလိုမျိုး စမ်းကြည့်ရသလောက်လည်း Heat Issue တွေ၊ Fan သံတွေ လုံးဝ သိသိသာသာတက်တာမျိုးမရှိဘူး။ 75Wh Battery ကလည်း 5~6Hr လောက်တော့ Typical Working Day တစ်ခုမှာ ရပါတယ်။

ဆိုတော့ CPU Performance အကြမ်းဆုံးဆိုတာထက် Zenbook 14 OLED က တခြား Flex စရာတွေနဲ့ပဲ ဒီစျေးတန်တဲ့ Ultrabook တစ်လုံးဖြစ်လာတာပါ။ DDR5 RAM တို့ Gen4 SSD တို့၊ ပြီးတော့ Wi-Fi 6E Support ၊ Bluetooth 5.2 Support လိုမျိုးတွေက ရေရှည်သုံးလေ၊ အသုံးဝင်လာလေဖြစ်ပြီး တော်တော်နဲ့ Date အောက်မှာ မဟုတ်တဲ့ Ultrabook ပါ။

Keyboard

Personally ပြောရရင် ASUS Zenbook တွေအနေနဲ့ Keyboard ပိုကောင်းလာသင့်ပါတယ်။ ရိုက်ရတာ အားနည်းချက်ဖြစ်နေတာမျိုးမရှိပေမယ့် တစ်ခါတလေ Ultrabook ကောင်းကောင်းတစ်လုံးကို ရိုက်နေရသလို မခံစားရပဲ ဘာမှ အရမ်းမထူးခြားသလိုဖြစ်နေပါတယ်။ ဒါပေမယ့် Typing Speed ကတော့ ဘယ်လိုရိုက်ရိုက် At least 90% လောက်ကို အေးဆေးပြန်ရတဲ့အထိ Comfort ဖြစ်နေတုန်းပါ။

ကြိုက်တာကတော့ Trackpad က ပိုကြီးလာတယ်။ ဒါပေမယ့် Trackpad မှာ Display ထည့်တာမျိုးမဟုတ်တော့ပဲ ဒီအတိုင်း Toggle လုပ်လို့ရတဲ့ ASUS NumPad 2.0 ကိုပဲ သုံးထားတယ်။ Trackpad ကြီးတာကတော့ သုံးရတာမိုက်တယ်။

ပြီးတော့ Keyboard ရဲ့ ညာဘက်အပေါ်ထောင့်မှာ Fingerprint Sensor ကို Power Button မှာ ထည့်ထားပေးတယ်။ Speed ရော Accuracy ရော တော်တော်လေးမြန်တယ်။

Others

Speaker က Harman/Kardon ကို သုံးထားတယ်ဆိုပေမယ့် အရမ်းကြီး ကောင်းတယ်တော့ ပြောဖို့ခက်တယ်။ Windows Ultrabook တစ်လုံးအနေနဲ့ လက်ခံလို့ရမယ်။ ပြီးတော့ Dolby Atmos Support ဖြစ်နေသေးတော့ တချို့ ရုပ်ရှင်တွေမှာ အသံက အဆင်ပြေတယ်။

I/O Port ပိုင်းမှာတော့ တော်တော်ကြိုက်တယ်။ ဘယ်ဘက်မှာ USB-A Port တစ်ခု၊ ညာဘက်မှာ Thunderbolt 4 နဲ့ USB Charging Support လုပ်တဲ့ USB-C Port ၂ ခု၊ HDMI ၊ MicroSD Card Reader နဲ့ Headphone Jack တွေပါမယ်။ Port တွေပြောမှ Ergo-lift Hinge Mechanism က တော်တော်လေးကို လှတယ်။

ကျန်တာတော့ တကယ်ကို အများကြီး ပြောစရာမရှိဘူး။ ASUS ကနေ ထည့်ပေးနေတဲ့ My ASUS Software က တော်တော်အဆင်ပြေနေပြီ။ ဒီ Display Option ပြောင်းတာတွေ၊ AI Mic Noise Cancellation Setting ပြောင်းတာတွေ၊ Webcam Enhancement တွေအကုန်လုံးရော တခြား Checkup လုပ်တာတွေပါ တစ်နေရာတည်းမှာ လုပ်လို့ရတယ်။

So…?

ASUS Zenbook 14 OLED က ပြောရရင် Basic အဖြစ်ဆုံး Typical Ultrabook တစ်လုံးပါ။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ Face Unlock လိုမျိုးပါတာတွေ၊ နည်းနည်း Gimmick ဖြစ်တဲ့ Trackpad မှာ Display ထည့်တာမျိုးတွေ၊ တခြား 1TB Gen4 SSD ဖြစ်တာမျိုးတွေကို မျှော်လင့်မိတဲ့ Ultrabook တစ်ခုပါ။

ဒါပေမယ့် ဒီလိုမျိုး မျှော်လင့်တာတွေမပါပေမယ့် All-rounder ကောင်းတဲ့ Ultrabook တစ်လုံးအနေနဲ့ ဒီ Zenbook 14 OLED က သူ့ Performance ၊ Display ၊ Design တွေနဲ့တင် Standard တစ်ခုကို သတ်မှတ်လိုက်ပြီလို့ပဲ ပြောရင်း အဆုံးသတ်ချင်ပါတယ်။ ဒီ Zenbook 14 OLED က သတ်မှတ်လိုက်တဲ့ Standard ထက် ပိုကောင်း (စျေးပိုများ) တဲ့ Ultrabook တွေအကြောင်းလည်း ထပ်ဆက်ပါဦးမယ်။