ASUS Zenbook S13 OLED Review : Insane Ultrabook in Tiny Body

Thin & Light Ultrabook ဆိုတာက အခုနောက်ပိုင်းထွက်သမျှ 14-inch Laptop အကုန်လုံးက ကြုံရင် ကြုံသလို ယူသုံးနေတဲ့ စကားလုံးတစ်ခုဖြစ်လာပါတယ်။ ဒါက တကယ့် Ultrabook ဆိုတာရောရှိသေးရဲ့လားဆိုပြီး ပြန်မေးရလောက်တဲ့အထိကို သာမန် Laptop တွေက Ultrabook တစ်လုံးနီးပါး ဒီဇိုင်းပိုင်းတွေ၊ စွမ်းဆောင်ရည်ပိုင်းတွေ အနားကပ်လာနိုင်တာပါ။

ဆိုတော့ တကယ်ကို Thin & Light ဖြစ်ပြီး Performance မတရားကောင်းတဲ့ Ultrabook ဆိုတာက ရှိရောရှိသေးရဲ့လားဆိုပြီး မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

ဒီမေးခွန်းအတွက်က အခုအချိန်မှာ အဖြေက ရှင်းရှင်းလင်းလင်းကို ထွက်လာပါပြီ။ လက်ရှိ စျေးကွက်ထဲမှာ ဝယ်နိုင်တဲ့ (Windows) Ultrabook တွေထဲက အကောင်းဆုံးကို ပြောပါဆိုရင် အခု ရေးဖြစ်တဲ့ ASUS Zenbook S13 OLED ပဲရှိပါတယ်။ လောလောဆယ်မှာ ASUS Zenbook S13 OLED က ဒီလောက်အထိ စမ်းဖူးတဲ့ Laptop တွေအများကြီးရှိတဲ့တိုင် Personal အနေနဲ့ ဝယ်ချင်မိတဲ့အထိ စိတ်ဖြစ်လာတဲ့ Ultrabook ပါ။ There’s so much under 1kg Chassis.

Let’s start, shall we?

Design

အရင်ဆုံး Zenbook S13 OLED က Ultrabook တစ်လုံးရဲ့ လိုအပ်ချက်တွေအကုန်ရှိနေပြီးသားပါ။ အထူက 14.9mm ပဲရှိတယ်။ ပြီးတော့ Weight ကလည်း တကယ်ကို Tablet တစ်လုံးလောက်ကို ပေါ့ပါးနေတယ်လို့တောင် ပြောလို့ရတဲ့ 1Kg ပဲရှိတယ်။ ဒီလို ပါးပြီး ပေါ့နေအောင်လည်း လုပ်ထားတဲ့ Chassis က Magnesium-Aluminum ကို သုံးထားတယ်။ ကြည့်လိုက်တာနဲ့ ဒီ Zenbook S13 OLED ရဲ့ Finish က Premium ဆန်ပြီး တကယ့် Class တစ်ခုကို ပြန်ရပါတယ်။

ASUS ကတော့ အခုလိုမျိုး 1Kg Weight ကြောင့် World’s Lightest 13.3” 2.8K OLED Laptop လို့ ပြောထားတယ်။ တကယ်လည်း Zenbook S13 OLED ကို ကိုင်နေ၊ သုံးနေရတာက Laptop တစ်လုံးထက် 12.9” Tablet တစ်လုံးကို Cover တပ်ထားသလို Feeling ရပါတယ်။ ဘယ်လောက် အပြင်သွားသွား လက်ထဲ အေးဆေးကိုင်ထားမယ်ဆိုရင် အကောင်းဆုံး Ultrabook ပါ။

ပြီးတော့ အကောင်းဆုံးတစ်ချက်က ဒီ Zenbook S13 OLED ရဲ့ Display Hinge က 180-Degree ချိုးချလို့ရပါတယ်။ ပြောရရင် လုံးဝ 360-Degree ချိုးချပြီး Convertible လိုမျိုး သုံးလို့မရပေမယ့် 180-Degree ရတာက တကယ်သုံးတဲ့အချိန်မှာ မတရားအသုံးဝင်ပါတယ်။ အထူးသဖြင့် ဒီလိုမျိုး လက်တစ်ဖက်တည်းနဲ့တောင် အေးဆေးကိုင်သုံးလို့ရတဲ့ 1Kg ပဲရှိတဲ့ Laptop တစ်လုံးမှာ ဒီလိုမျိုး Support လုပ်တာက Gaming Laptop မှာ 180-Degree Display ချိုးလို့ရတာထက် အများကြီး ပိုကောင်းပါတယ်။

ဒီ 180-Degree ချိုးလို့ရတဲ့ Display Hinge က နောက်ထပ် ASUS Laptop တွေမှာ Keyboard ကို မြှင့်ပေးနိုင်တဲ့ ErgoLift ပုံစံပါ လုပ်ထားတယ်။ တော်တော်လေးကို ကြည့်ရတာရော၊ တကယ်သုံးတဲ့အချိန်မှာပါ Study ဖြစ်တဲ့ Feeling ကို ပြန်ရပါတယ်။ ဘယ်လို Angle မှာပဲဖြစ်ဖြစ် စာရိုက်လို့ Display Lid က Wobble ဖြစ်တယ်ဆိုတာ လုံးဝမရှိသလောက်ကို Quality တော်တော်ကောင်းတယ်။

Display

Design တင် ဒီ Zenbook S13 OLED က အမှတ်ပြည့်ရနေတာမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ စမ်းဖူးသမျှ Zenbook တွေ၊ Zephyrus Laptop တွေထဲမှာ အခု Zenbook S13 OLED ရဲ့ Display က On-paper အရရော၊ တကယ်သုံးတဲ့အချိန်မှာရော အရည်အသွေးအကောင်းဆုံး Display ကို ထည့်ပေးထားတာပါ။

ဘာလို့လဲဆိုရင် 13.3” 2.8K 16:10 OLED Display ကိုပဲ သုံးထားပေးတာမှန်တယ်။ ဒါပေမယ့် ကျွန်တော်တို့ စမ်းဖြစ်တဲ့ Model က Maximum 600nits Brightness အထိ Support ပေးထားပြီးတော့ Panel ကလည်း 8-bit မဟုတ်တဲ့ 10-bit Panel ပါ။ ဒါကိုမှ 100% DCI-P3 Color Gamut Support လုပ်ထားတာတွေ၊ Pantone Validated Display ဖြစ်နေတာနဲ့ Touch Screen Support လုပ်တာတွေက မတရားကို ဒီ Zenbook S13 OLED Display ကို အကောင်းဆုံးဖြစ်သွားစေတာပါ။

Fking 10-bit!

နောက်ထပ်ကြိုက်မိတဲ့အချက်တစ်ခုကတော့ ဒီ Zenbook S13 OLED က Screen-to-Body Ratio မှာ 89% အထိရှိတယ်။ Zenbook တွေထဲမှာ အများဆုံးတော့မဟုတ်ပေမယ့် တကယ်သုံးတဲ့အချိန်မှာ Laptop ကလည်း သေးတော့ ဘောင်ပျောက်နေတဲ့ ခံစားမှုကို သေချာခံစားရတယ်။ ပြီးတော့ အခုနောက်ပိုင်း Zenbook တွေမှာ တကယ်ကြိုက်တဲ့ Display Color Profile ကို ကိုယ့်စိတ်ကြိုက် sRGB ၊ DCI-P3 ၊ Native အပြင် DCI-P3 လိုမျိုး ပိုကောင်းတဲ့ Color တွေကို ကြည့်ပျော်တဲ့ Saturation ပြန်တင်ပေးထားတဲ့ Display P3 လိုမျိုး Mode တွေ ပြောင်းလို့ရတာ တော်တော်ကို မိုက်တယ်။

တစ်ခုတည်းသော ဒီ Display ပိုင်းက အားနည်းချက်ဆိုရင် ဒါက Refresh Rate ကို 60Hz ပဲ Support ပေးတာပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့ကတော့ အခုလိုမျိုး Ultrabook အသေးတစ်လုံးမှာ 90Hz ၊ 120Hz ဖြစ်လည်း ဘာမှ သေချာသုံးဖြစ်တာရှိမှာမဟုတ်ဘူးလို့ ယူဆတယ်။ ပြီးတော့ အခု 60Hz ပဲဖြစ်သွားတာက ဆက်ပြောရဦးမယ့် Battery Life ပိုင်းမှာ တော်တော်ပြန်ကယ်သွားနိုင်ပါတယ်။

Performance

အမှန်အတိုင်းပြောရရင် ဒီလိုမျိုး မတရား Thin & Light ဖြစ်တဲ့ Ultrabook တွေမှာ Performance ပိုင်းကို Gaming Laptop တွေ၊ ဒါမှမဟုတ် ပိုထူ၊ ပို Powerful ဖြစ်တဲ့ Ultrabook တွေလိုမျိုး မျှော်လင့်လို့တော့ ရမှာမဟုတ်ပါဘူး။

ဒီ Zenbook S13 OLED မှာ သုံးထားတာက Intel 12th Gen အစား AMD Ryzen 6800U Processor ကို သုံးပေးထားတယ်။ တကယ်ကို ဒီနေရာမှာ Power မတရားစားတဲ့ 12th Gen ကို မသုံးလိုက်တာကို တော်တော်သဘောကျမိပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး 6800U ကို သုံးထားတယ်ဆိုလိုက်တည်းက Performance ပိုင်းမှာလည်း သိပ်ကောင်းမှာမဟုတ်လောက်တော့ဘူးဆိုပြီး တွေးထားလိုက်တယ်။

ဒါပေမယ့် ကျွန်တော်တို့ တွေးထားတာနဲ့ တကယ်ပြန်ရတဲ့ Performance က တော်တော်လွဲပါတယ်။ Geekbench 5 မှာ Single-Core ကို 1,400 ကျော်နဲ့ Multi-Core 6,200 ကျော်ဆိုတာက Intel 12th Gen i7 နီးပါးကောင်းတဲ့ Single-Core Performance ကို ရနေတာပါ။ Multi-Core Performance ကလည်း i7-12700H သုံးထားတဲ့ Gaming Laptop တွေထက် နည်းတယ်ဆိုပေမယ့် Thermal Limitation ရှိနေပြီး TDP ပိုင်း ကန့်သတ်ထားတဲ့ Zenbook 14 Pro Duo မှာ သုံးထားတဲ့ Intel 12th Gen i7-12900H နီးပါး Performance ပြန်ရပါတယ်။ ဒါက 14.9mm ပဲအထူရှိပြီး 1Kg Laptop တစ်လုံးအတွက်ကတော့ WTF လို့ ပြောလို့ရတဲ့ Performance Level တစ်ခုပါ။

ကျိန်းသေတာက ဘယ်လိုမျိုး CPU Intensive ဖြစ်တဲ့အလုပ်တွေလုပ်လုပ်၊ Web Browsing တွေ၊ Coding တွေ ဘာပဲဖြစ်ဖြစ် ဒီ Zenbook S13 OLED က ကောင်းကောင်း Handle လုပ်နိုင်ပါတယ်။ သုံးရတာ တော်တော်မြန်တယ်။ ကျွန်တော်တို့ Daily Workflow မှာ ဒီ Zenbook S13 က ထူးထူးခြားခြား သုံးရတာပျော်ပြီး ဘယ်သွားသွား ယူသွားဖြစ်တဲ့ Laptop တစ်လုံးဖြစ်လာပါတယ်။

6400MHz of LPDDR5… Damn!

ဒါကလည်း ASUS ကနေ ဒီ Zenbook S13 OLED မှာ မတရားမြန်လွန်းတဲ့ 16GB LPDDR5 6400MHz RAM ကို ထည့်ထားလို့ ဖြစ်နိုင်ပါတယ်။ DDR5 ကိုမှ 6400MHz ပါ။ ဒါက ဒီနှစ်စမ်းဖူးသမျှ Laptop တွေထဲမှာ အမြန်ဆုံး DDR5 RAM ဖြစ်လာပြီး သာမန် 4800MHz DDR5 RAM တွေထက် Application ဖွင့်တာတွေ၊ Loading တွေ သိသိသာသာကို ပိုမြန်ပါတယ်။

ပြီးတော့ Storage အတွက်ကတော့ ASUS ကနေ 1TB PCI-E Gen4 SSD ကို ထည့်ထားပေးတယ်လို့ ပြောထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ စမ်းဖြစ်တုန်းကတော့ ဒီကောင်က Gen4 Speed အစား Gen3 Speed ပဲရနေတယ်။ Maybe, Review Unit ဖြစ်နေတာကြောင့်လားတော့မသိ။

ဆိုတော့ကာ Performance ပိုင်းကို ပြောရမယ်ဆိုရင် Zenbook S13 OLED က Ultrabook တစ်လုံးအနေနဲ့ အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီ Zenbook S13 OLED က လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်တွေနဲ့ပါ။ Graphic Power က AMD Integrated ပဲပါတယ်ဆိုတော့ တကယ် Video Editing တွေလိုမျိုး Powerful ဖြစ်တာအတွက်ဆိုရင် ဒီ Zenbook S13 OLED အစား Zenbook 14 Pro Duo လိုမျိုးကိုပဲ ပိုရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် ကိုယ်သုံးမှာကို သိတယ်၊ Ultrabook အစစ်ကိုပဲ သုံးချင်တယ်ဆိုရင်တော့ Zenbook S13 OLED က တော်တော်မိုက်ပါတယ်။

Keyboard/Trackpad

ထင်မထားမိတာတစ်ခုက Trackpad က 13.3” Ultrabook တစ်လုံးဖြစ်နေပေမယ့် တော်တော်ကို Size ကြီးပြီး သုံးလို့ မတရားကောင်းတယ်။ ပြီးတော့ ASUS ရဲ့ Digital NumPad 2.0 Feature လည်းပါသေးတယ်။ တော်တော်ကို Laptop သေးလို့ Trackpad သေးမယ်လို့ ထင်ထားမိပေမယ့် တကယ် Size က ကြီးပြီး သုံးရတာအရမ်းမိုက်တယ်။

နောက်ထပ် မထင်ထားမိတဲ့အချက်တစ်ခုက Zenbook S13 OLED ရဲ့ Keyboard က Ultrabook တစ်လုံးဖြစ်နေပေမယ့် ထင်သလောက် အားမရသလို ရိုက်တဲ့အချိန်မှာလည်း စစခြင်း ၂ ရက်၊ ၃ ရက်လောက်အထိ အသားမကျပဲ တစ်မျိုးဖြစ်နေတာပါ။ ASUS ကတော့ 1.4mm Key Travel ရှိတယ်ဆိုပေမယ့် ရိုက်လိုက်တိုင်း Key တစ်ခုချင်းစီက ပြန်ကန်လာတဲ့ Feedback က အရမ်းအားနည်းပြီး လက်က တဗျက်ဗျက်နဲ့ ရိုက်နေရသလိုပဲဖြစ်နေတယ်။ Typing Speed ကလည်း သိသိသာသာကျသွားတာမျိုးမဟုတ်ပေမယ့် ဒီ စာရိုက်ရတဲ့ခံစားချက်အပိုင်းမှာတော့ Zenbook S13 OLED က နည်းနည်းအားနည်းတယ်။ Backlight ကလည်း ပါတယ်ဆိုပေမယ့် ညဘက်မှပဲ လင်းတာက သိသာတယ်။

ပြီးတော့ ဒီ ညာဘက် Print Screen နဲ့ Delete Key ကြားမှာ Fingerprint Sensor ပါတဲ့ Power Button ကိုထည့်ထားပေးတယ်။ နေရာက နည်းနည်း Weird ဖြစ်ပေမယ့် Login ဝင်ရတာတော့ တော်တော်မြန်ပြီး အဆင်ပြေတယ်။

Audio

အခုလိုမျိုး Size မတရားသေးတဲ့ Laptop တစ်လုံးမှာ ထင်ထားတာထက် ပိုကောင်းတဲ့ Performance ရှိတယ်ဆိုပေမယ့် ဒီ Audio တဖြစ်လဲ Speaker Performance ပိုင်းမှာကတော့ Size သေးတာက ဘယ်လိုမှ Trick မရှိတော့ပါဘူး။ အသံထွက်က Clean ဖြစ်ပြီး ကျယ်သင့်သလောက် ကျယ်တယ်ဆိုပေမယ့် အကောင်းဆုံး Laptop Speaker တစ်ခုလို့တော့ လုံးဝပြောလို့ရမှာမဟုတ်ဘူး။ ရုပ်ရှင်တွေကြည့်တဲ့အချိန်မှာလည်း Display က မတရားကောင်းသလောက် Bass ပိုင်းက လိုနေသလိုဖြစ်နေတော့ Headphone တပ်မှပဲ ပို Immersive ဖြစ်တဲ့ Experience ကို ရမှာပါ။

Battery Life

AMD Ryzen 6800U နဲ့ 60Hz Display ကို သုံးလိုက်တာက တကယ်ကိုမှန်ပါတယ်။ ASUS Zenbook S13 OLED Laptop ရဲ့ 67Wh Battery Life က ဒီနှစ်စမ်းဖူးသမျှ Laptop တွေထဲမှာ Battery အခံဆုံး Laptop ဖြစ်သွားပါပြီ။

ပုံမှန် Web Browsing ပိုင်း၊ Office ပိုင်းလောက်ပဲ 40% Brightness လောက်နဲ့ သုံးမယ်ဆိုရင် ASUS Zenbook S13 OLED က အေးဆေး ၇ နာရီကျော် ၈ နာရီလောက်အသုံးခံပါတယ်။ ပြီးတော့ Charger ကလည်း USB-C PD 65W နဲ့ပဲဆိုတော့ 100W PD Charger အကြီးတွေမဟုတ်ပဲ ဒီအတိုင်း GaN Charger အသေးနဲ့တင် ပြန်အားသွင်းလို့ရသေးတယ်။

ကျွန်တော်တို့ စမ်းဖြစ်တုန်းက ဒီ Zenbook S13 OLED က တကယ်ကို 9-5 Office Hour တစ်ခုလုံးကို အားသွင်းကြိုးတပ်စရာမလိုပဲ သုံးလို့ရပါတယ်။ လုံးဝ Impressive ဖြစ်ဖို့ ကောင်းလွန်းပါတယ်။

Others

ကျန်တဲ့အချက်တွေကတော့ များများစားစားပြောစရာမရှိဘူး။ Port တွေကလည်း Power Delivery နဲ့ Display ကို Support လုပ်တဲ့ USB-C Port ၃ ခု နဲ့ 3.5mm Audio Jack ပဲ။ ဘာ MicroSD Card Reader လောက်တောင် မပါဘူး။ AMD ဖြစ်နေတော့ Thunderbolt 4 လည်း Support မလုပ်ထားဘူး။

ဒါပေမယ့် နောက်ဆုံးပေါ် Wi-Fi 6E တို့ Bluetooth 5 တို့တော့ အကုန် Support လုပ်ထားတယ်။ ASUS Pen 2.0 Support လုပ်ထားတယ်။ USB-A Port မပါပေမယ့် USB-C to USB-A Adapter တစ်ခုပါမယ်။

So…?

အဲ့တော့ မတရားပေါ့ပြီး ပါးတဲ့ Chassis ၊ အရမ်းကောင်းလွန်းတဲ့ Display ၊ 9-5 Office Hour ကို အားသွင်းစရာမလိုတဲ့ Battery ၊ တော်တော်လေးကို ကိုင်လို့ကောင်းသလို ကြည့်လို့လှတဲ့ Design တွေနဲ့ ASUS Zenbook S13 က Ultrabook တွေထဲမှာ အားရဖို့ တကယ်ကောင်းပါတယ်။

ပြီးတော့ စျေးအရလည်း $1,299 ဆိုတာက ပြန်ရတဲ့ အားသာချက်တွေနဲ့ယှဥ်ရင် တော်တော်လေးကို တန်ပြီး ကျွန်တော်တို့ဆိုရင်လည်း Zenbook 14 OLED ထက်တောင် ပိုရွေးချယ်မိမှာပါ။ အမှန်အတိုင်းပြောရရင် ဒီ Zenbook S13 OLED ဆိုတာက Apple M2 MacBook Air ကလွဲပြီး ကျန်တဲ့ စျေးကွက်ထဲက ASUS အပါအဝင် Windows Ultrabook တွေ ယှဥ်နိုင်ဖို့ မတရားခက်တဲ့အထိ Recommend ကောင်းကောင်းပေးနိုင်တဲ့ Ultrabook တစ်လုံးလို့ပဲ ပြောချင်ပါတယ်။

#TechGadgetMM