Laptop ဝယ်ရင် OLED Display နဲ့ Laptop ပဲ ဝယ်သင့်တဲ့အချိန်ရောက်နေပြီလား…?

ဒီနှစ်ပိုင်းမှာ ကျွန်တော်တို့ Laptop တွေတော်တော်များများ စမ်းဖြစ်လိုက်တယ်။ ဒီနေရာမှာ စမတ်ဖုန်းတွေလိုမျိုးပဲ Laptop တွေမှာပါ တကယ်ဝယ်ယူသူတွေ၊ Consumer တွေအတွက် ဝမ်းသာဖို့ကောင်းတဲ့ ပြောင်းလဲမှုတစ်ခု၊ Upgrade တစ်ခုကို ကိုယ်တိုင်မြင်လိုက်ရတယ်။

ဒါက ဘာလဲဆိုရင် Display ပိုင်းမှာ Laptop တွေပါ အရင်တုန်းက LCD Display တွေကနေ OLED Display ကို ပြောင်းလဲလာကြတာပါ။ အကောင်းဆုံးအချက်က ဒီလိုမျိုး OLED Display ကို ပြောင်းသုံးလိုက်လို့ ဒီနှစ်ထွက်ထားတဲ့ Laptop တချို့ဆိုရင် စျေးပိုကြီးသွားတာမျိုး၊ စျေးပိုပေးရတာမျိုးလည်း မရှိတော့ဘူး။

ဘယ်လိုပြောရမလဲဆိုရင် ဒီအချိန်မှာ ဒေါ်လာ ၅၀၀ အထက် သုံးပြီး ရုံးသုံးဖို့ပဲဖြစ်ဖြစ်၊ ကျောင်းသုံးဖို့၊ တခြား Multimedia ပိုင်း၊ အလုပ်အတွက် Laptop ဝယ်ဖို့စဥ်းစားနေပြီဆိုတာနဲ့ OLED Display ပါတဲ့ Laptop က ကျိန်းသေဝယ်သင့်နေပါပြီ။

Your eyes will thank you later.

ဆိုတော့ ဒီ OLED Display ဖြစ်သွားတာက Laptop တွေမှာ Display Panel အမျိုးအစား ပြောင်းသွားရုံပဲလား၊ တကယ် လက်တွေ့မှာ ဘာတွေပိုကောင်းလာမလဲ၊ ဘယ်လို အားသာချက်တွေရှိမလဲဆိုတာကို ဆက်ပြောပါမယ်။ ဒီအကြောင်းက ကျွန်တော်တို့ Video လည်း အရှေ့မှာ လုပ်ထားဖူးတော့ တကယ်လို့ စာဖတ်ရမှာပျင်းတယ်ဆိုရင်လည်း Video သွားကြည့်လို့ရပါတယ်။

Better Color Reproduction | အရောင်တွေက ပိုစိုပြီး ပိုတောက်တယ်

OLED Display တွေကို ပြောင်းသုံးလိုက်တာနဲ့ အဓိကသိမှာက ဒီ OLED Display တွေက အရောင်တွေ ပိုစိုတယ်၊ အရောင်ပိုတောက်တယ်ဆိုတာပါ။ ဒါက Saturation တွေတင်ထားလို့၊ ဒါမှမဟုတ် Vibrant ဖြစ်အောင် လုပ်ထားလို့မဟုတ်ပါဘူး။ အဲ့ဒီအစား ဒီ OLED Display တွေက ပုံမှန်အားဖြင့် LCD Display တွေထက် Color Reproduction ပိုကောင်းပါတယ်။ အတိအကျပြောရရင် ပုံမှန် LCD သုံးထားမယ်ဆိုရင် ဒီကောင်က 16.7 Millions အထိပဲ အရောင်တွေကို ထုတ်ပေးနိုင်တယ်။ ဒါပေမယ့် ဒီ ASUS က သုံးထားတဲ့ Lumia OLED Display တွေဆိုရင် အရောင်ကို Millions တောင်မဟုတ်ပဲ 1.07 Billion အထိကို အရောင်တွေထုတ်ပေးနိုင်တယ်။

ဆိုတော့ OLED Display ဖြစ်သွားလို့ အရောင်ပိုတောက်သွားတာမဟုတ်ပဲ OLED Display တွေက သာမန် LCD Display တွေထက် Color Reproduction ပိုကောင်းပြီး အရောင်တွေ ပိုထုတ်ပေးနိုင်တာကြောင့်ပါ။ အရောင်ပဲ ပိုတောက်နေတာမျိုးမဟုတ်ပဲ အရောင်ထုတ်ပေးနိုင်စွမ်းက ပိုကောင်းတာကြောင့် OLED Display တွေက ပိုသာနေတာပါ။

Deeper Black / Better Contrast Ratio | အနက်ရောင်အစစ်ရမယ်၊ Contrast Ratio ပိုကောင်းမယ်

ဒါကတော့ ပြောစရာတောင်သိပ်မလိုပါဘူး။ OLED Display ဖြစ်သွားတဲ့အတွက် ဒီအနက်ရောင်တွေဆိုရင် လုံးဝ True Black ကို ဒီ OLED Display တွေကပဲ ထုတ်ပေးနိုင်တယ်။ ဒါကလည်း ဒီ Pixel တွေက အနက်ရောင်မှာဆို Backlight မထုတ်တော့ပဲ လုံးဝ ပိတ်ချလိုက်သလိုဖြစ်သွားတာကြောင့်လို့ ပြောလို့ရတယ်။

ဆိုတော့ Number ယှဥ်မယ်ဆိုရင်လည်း ဒီ Contrast Ratio မှာ သာမန် LCDလောက်ပဲ သုံးထားတဲ့ Laptop တွေက 1,000:1 လောက်ပဲရှိတဲ့အချိန်မှာ ဒီ ASUS Lumia OLED သုံးထားတဲ့ Display တွေကတော့ Contrast Ration ကို 1,000,000:1 အထိရနိုင်တယ်။ ဒါတင်မဟုတ်သေးပဲ အခုနောက်ပိုင်းစမ်းဖြစ်တဲ့ Lumia OLED Display ပါတဲ့ ASUS Laptop တွေဆိုရင် ဒီ True Black ကို VESA TrueBlack 500/600 Certified ပါ ရထားသေးတယ်။

Faster Response Time | Response Time ပိုမြန်မယ်

ပြီးတော့ ဒါကတော့ OLED Display တွေကို ဖုန်းတွေမှာ အဓိကပြောင်းသုံးနေကြတဲ့အကြောင်းပြချက်လို့တောင် ပြောလို့ရတယ်… OLED Display တွေက LCD Display တွေထက် Response Time ပိုမြန်တယ်။ ဒါက ဂိမ်းဆော့တဲ့အချိန်မှာ ပိုသိသာပြီးတော့ ပုံမှန်သုံးမယ်ဆိုရင်တောင် Response Time မြန်တဲ့ Display က ပိုသွက်သလိုခံစားရမှာသေချာတယ်။

ဘယ်လောက်ကွာသလဲဆိုရင် ပုံမှန် LCD Display သုံးထားတဲ့ Laptop ရဲ့ Display Response Time က 10ms ရှိမယ်။ ဒါပေမယ့် OLED Display သုံးလိုက်ပြီဆိုရင် လုံးဝ Instant လို့တောင်ပြောနိုင်တဲ့ 0.2ms အထိကို ပိုမြန်သွားတယ်။ ပြောရရင် တချို့ Gaming Laptop တွေမှာ သုံးထားတဲ့ LCD Display တွေက Response Time ကို 3ms လောက်အထိတော့ရလာပြီ – ဒါပေမယ့် ဒါက OLED Display ရဲ့ Response Time ကိုတော့ လုံးဝလိုက်မမှီသေးဘူး။

Higher Brightness | Brightness ပိုကောင်းမယ်

ဒီအချက်ကလည်း တကယ် Daily သုံးတဲ့အချိန်မှာ အရမ်းသိသာတယ်။ ပုံမှန် LCD Display တွေရဲ့ Brightness က 250nits ဝန်းကျင်ပဲရှိတဲ့အချိန်မှာ ဒီ OLED Display တွေက Maximum Peak Brightness ကို 500nits တွေ၊ 600nits တွေနဲ့ ၂ ဆကျော်လောက်ပိုကောင်းနေတယ်။ ဒါက စျေးကြီးတဲ့ OLED Laptop မှ Brightness ပိုကောင်းတာမျိုးလည်း မဟုတ်ဘူး – ဒီ ဒေါ်လာ ၅၀၀ ဝန်းကျင် Vivobook Go 15 OLED ဆိုရင် Peak Brightness ကို 600nits အထိရနေတာဆိုတော့ ဒီ Brightness ပိုကောင်းတာတစ်ခုတည်းနဲ့တင် OLED Display တွေကို ရွေးသင့်တယ်လို့ တောင် ပြောလို့ရနေပြီ။

တစ်ခုရှိတာက ဒီ OLED Display တိုင်း LCD Display တွေထက် Brightness ပိုသာနေတာမျိုးတော့မဟုတ်ဘူး။ တစ်ချို့ IPS LCD Display တွေမှာလည်း Maximum Brightness ကို 500nits လောက်ထိ ထုတ်ပေးနိုင်တယ်။ ဒါပေမယ့် Overall အနေနဲ့ ကြည့်မယ်ဆိုရင် OLED Display ဖြစ်သွားတာနဲ့ Brightness က ကောင်းပြီးသားဆိုတာမျိုး ချက်ချင်းကောက်ချက်ချလို့ရသွားတယ်။

Color Accuracy | ကာလာပိုမှန်တယ်

ဒါက အကောင်းဆုံးအားသာချက်ကို နောက်ဆုံးမှ ပြောတာဖြစ်နေပြီ။ ဒီ OLED Display တွေကို သုံးနေပြီဆိုရင် Color မမှန်မှာ စိတ်ပူစရာလုံးဝမလိုတော့ဘူးလို့တောင် ပြောလို့ရတဲ့အဆင့်တစ်ခုကို အခုရောက်နေပြီ။

ဘာကြောင့်လဲဆိုရင် ပုံမှန် LCD Laptop တွေရဲ့ Display တွေကို လိုက်ကြည့်ရင် ဒီ 45% NTSC ဆိုတာကို အတွေ့များတယ် – ဒါက sRGB အနေနဲ့ပြန်တွက်ရင် 65% လောက်ပဲရှိတာ။ တော်တော်ကို Color Accuracy ပိုင်းအားနည်းတယ်။ ဒါပေမယ့် OLED Display ဖြစ်သွားရင် 100% DCI-P3 ကို တန်းပြီး ခုန်တက်သွားတာ – ဒါကို sRGB ပြန်ပြောင်းမယ်ဆိုရင် 133% sRGB အထိရှိတယ်။

အရင် Laptop တွေမှာ အမြဲပြောသလိုမျိုးပဲ ကိုယ်က ဒီ Color Accurate ဖြစ်ဖို့လိုတဲ့ ဒီဇိုင်းပိုင်းတွေ၊ Photo ၊ Video Editing ပိုင်းတွေလုပ်နေရပြီဆိုရင် ကျိန်းသေပေါက် OLED Display ပါတဲ့ Laptop က ရွေးချယ်သင့်တယ်။ ပြီးတော့ ASUS OLED Laptop တွေဆိုရင် ကိုယ်သုံးမယ့်ပုံပေါ်မှုတည်ပြီး sRGB လား၊ DCI-P3 လား ဒီ ၂ ခုကြားက Display P3 လား ကြိုက်တာကို MyASUS Software ထဲမှာ ရွေးလို့ရမယ်။

ဆိုတော့ ဒါက OLED Display က ဘာကြောင့် IPS LCD Display တွေထက် အားသာသလဲဆိုတာတွေ၊ အမှန်အတိုင်းပြောရရင် အခုခေတ် Mid Range ဖုန်းတွေမှာတောင် OLED Display တွေဖြစ်လာတဲ့အချိန်မှာ Laptop တွေကလည်း OLED Display ဖြစ်လာတာက User တွေအတွက် ကောင်းတဲ့အချက်ပါ။

အဲ့တော့ကာ ဒီပိုကောင်းတဲ့ OLED Display နဲ့ Laptop တွေကို ကိုယ်က High Refresh Rate လိုတဲ့ Gaming Laptop လိုမျိုးမဟုတ်ဘူး။ သာမန် ရုံးသုံး၊ အလုပ်အတွက် Color မှန်ဖို့လိုအပ်တယ်ဆိုရင် IPS LCD Display နဲ့ Laptop တွေထက် OLED Display နဲ့ Laptop တွေက ကျိန်းသေရွေးချယ်သင့်နေပါပြီ။ အထူးသဖြင့် ASUS Vivobook Go 15 OLED လိုမျိုးဆိုရင် ဒေါ်လာ ၅၀၀ ဝန်းကျင်လောက်နဲ့ ရမှာဆိုတော့ OLED ဖြစ်လို့ စျေးပိုကြီးနေတာမျိုးလည်း မဟုတ်တော့ဘူးလေ…။

#TechGadgetMM