OPPO A77 : Looks Great | Feels Good | Performs Bad?

OPPO ကနေ ကျွန်တော်တို့ကို ဒီရက်ပိုင်း စမ်းသုံးကြည့်ဖို့ဆိုပြီး OPPO A77 ဖုန်းအသစ်ကို ရက်ပိုင်းပေးထားဖြစ်တယ်။ အမှန်အတိုင်းပြောရရင် ဒီ OPPO A77 ဖုန်းက ကိုယ်တိုင် Daily Drive လုပ်ဖြစ်ခဲ့ (လုပ်နိုင်ခဲ့) တဲ့ ဖုန်းတစ်လုံးမဟုတ်တော့ တချို့ ဖုန်းတစ်လုံးမှာ စမ်းဖြစ်သလောက်ပဲ စမ်းဖြစ်ခဲ့တယ်။ Mid Range ဖုန်းတစ်လုံးအနေနဲ့ ပြောစရာတော့ အများကြီးမရှိနေပေမယ့် တချို့အချက်လေးတွေက အဆင်ပြေတာတွေရှိတယ်၊ တချို့ဆိုရင်လည်း ရေးချင်တာလေးတွေရှိနေတော့ အခု Article ကိုလုပ်ဖြစ်ပါတယ်။

အတိုချုပ်ပြောချင်တာက အခု Article က Review တစ်ခု၊ Impression ပုံစံဆိုတာထက် ဒီအတိုင်း Non-paid ၊ Non-influence ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဒီအတိုင်း ဖုန်းတစ်လုံး (OPPO A77) အပေါ်အမြင်တွေကို ချရေးဖြစ်တဲ့ Article သပ်သပ်ပါ။

Design

OPPO A77 က အမှန်အတိုင်းပြောရင် 699,000MMK နဲ့ ရောင်းနိုင်တဲ့အဓိကအချက်က ဒီ Design ပိုင်းကြောင့်လို့ အဓိကပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တခြား ဒီကောင်နဲ့ Specs ဆင်တူတဲ့ ဖုန်းတွေထဲမှာ ဒီ OPPO A77 သာ ပုံမှန်ပြိုင်ဘက်တွေလို Design နဲ့ဆိုရင် ဒီကောင့်ကို ညွှန်းဖို့ တော်တော်ခက်သွားပါပြီ။ ဒါပေမယ့် Design ပိုင်းမှာ ကိုင်လို့ကောင်းဖို့၊ Design ပိုင်း ပိုအဆင်ပြေတဲ့ဖုန်းဆိုရင်တော့ OPPO A77 က တကယ်အဆင်ပြေတဲ့ဖုန်းတစ်လုံးပါ။

ဒါက ဘာကြောင့်လဲဆိုတော့ OPPO F21 Pro ဖုန်းမှာပါ သုံးထားတဲ့​ဒီလိုမျိုး Fiberglass-Leather Texture ကို OPPO A77 မှာ သုံးထားတယ်။ ဒါကလည်း OPPO F21 Pro လိုမျိုးပဲ လိမ္မော်ရောင်အရောင်မှာပဲ။​ ကျန်တဲ့အရောင်ကတော့ သာမန် Glossy Back ကိုပဲ ရမယ်။ ဒါပေမယ့် ဒီတစ်ခါကြတော့ OPPO F21 Pro လိုမျိုး Minimalist ဖြစ်တဲ့ အနက်ရောင်မျိုးတော့ ဒီ A77 မှာ မရတော့ဘူး။

OPPO A77 က Design ပိုင်းတင် ထူးခြားတာမျိုးမဟုတ်ဘဲ ကိုင်ရတဲ့ Feeling ကလည်း တော်တော်အဆင်ပြေတယ်။ Weight ကတော့ 187g, Fliberglass-Leather Texture ပါတဲ့ လိမ္မော်ရောင်ဆိုရင် 189g ဆိုတော့ ပေါ့တဲ့ဖုန်းတစ်လုံးတော့မဟုတ်ဘူး။ ဒါပေမယ့် အထူက 8mm လောက်ပဲရှိတာက ကိုင်ရတာ ပါးတယ်ဆိုတဲ့ Feeling တစ်ခုကိုတော့ ပြန်ရတယ်။

ဆိုတော့ ဒီ Design နဲ့ Build Quality ပိုင်းမှာတော့ OPPO A77 က မဆိုးဘူးလို့ ပြောလို့ရတဲ့အဆင့်မှာရှိတယ်။ လုံးဝ ထူးခြားပြီး အရမ်းမိုက်နေတာမျိုးတော့ မဟုတ်ပေမယ့် Orange Color မျိုးမှာ Fiberglass-Leather Design မျိုးကို သုံးထားပေးနိုင်တာကတော့ တော်တော်လေး မဆိုးဘူး။ ဒီအချက်က တခြားဒီစျေးဝန်းကျင်ဖုန်းတွေထက် Design ပိုင်းမှာ အားသာချက်တစ်ခုဖြစ်လာလိမ့်မယ်။

Performance

ဒါပေမယ့် ဒီစျေးဝန်းကျင်မှာ လုံးဝကို ဒီ OPPO A77 ကို Recommend ပေးလို့မရတဲ့အချက်က Performance ပိုင်းမှာပါ။ ဒါကလည်း တစ်ချက်တည်းကြောင့်ပါ – MediaTek Helio G35 ကို သုံးထားတဲ့ OPPO A77 က ဘယ်လိုမှကို ဒီ ၇ သိန်းနီးပါးမှာ ညွှန်းဖို့ တော်တော်ခက်ပါတယ်။

OPPO ကတော့ ဒီ A77 က Performance ကို ဦးစားပေးထားတာထက် တခြား Feature တွေ၊ Design ပိုင်း၊ Camera ပိုင်းတွေကို ဦးစားပေးထားလို့ ဒီအပိုင်းမှာ သိပ်ပြီး OPPO Brand ရဲ့ Fan တွေက သိပ်ပြီး Focus မထားတဲ့အပိုင်းလို့ မြင်တယ်၊ Chipset Performance ထက် ဒီ RAM 4GB + 128GB Storage ပါတာကလည်း ဒီစျေးဝန်းကျင်မှာ အားသာချက်တစ်ခုမဟုတ်တော့ပါဘူး။ တစ်ခုတော့ရှိတာပေါ့ – OPPO ရဲ့ RAM Expansion ကို Support လုပ်ထားတော့ ဒီ RAM 4GB ကို နောက်ထပ် 4GB အထိ Virtual အနေနဲ့ ထပ်တိုးလို့ရမယ်။

ဘယ်လိုပဲ OPPO ရဲ့ Target က Price to Performance ပိုင်းမဟုတ်ဘူးဆိုရင်လည်း ဒီ ၇ သိန်းနီးပါးတန် A77 ရဲ့ Chipset က တခြား PI မဟုတ်တဲ့ Official ဝင်ထားတဲ့ ၄ သိန်းဝန်းကျင်ဖုန်းတွေထက်တောင် ပိုနှေးနေတာ၊ ဒါမှမဟုတ် သုံးထားတဲ့ Chipset တူနေတာက တော်တော်လေးကို အဆင်မပြေပါဘူး။ ကျိန်းသေတာက OPPO A77 မှာ သူ့ထက် Series ပိုမြင့်တဲ့ F21 Pro လိုမျိုး Snapdragon 680 သုံးမှာလည်းမဟုတ်တော့ ဒီ Helio G35 ပဲ​ ကြိတ်မှိတ်သုံးရမှာပါ။​

တကယ့် Performance ကရော အဲ့လောက်ဆိုးလို့လားဆိုတော့ ပုံမှန် Facebook သုံး၊ Social Media သုံးရုံ၊ သီချင်းနားထောင်ရုံ၊ ရုပ်ရှင်ကြည့်ရုံလောက်ပဲဆိုရင်ကတော့ ကျိန်းသေပေါက် သုံးလို့ရတဲ့အဆင့်မှာရှိပါတယ်။ ဒါပေမယ့် ၇ သိန်းတန်ဖုန်းတစ်လုံးကို ဝယ်ပြီဆိုထဲက ၃ သိန်း၊ ၄ သိန်းတန်ဖုန်းထက် ပိုကြာကြာ ပိုကောင်းကောင်း သုံးလို့ရသင့်ပါတယ်။ ဒီနေရာမှာတော့ OPPO A77 က Fail တယ်လို့ပဲ ပြောရမှာပါ။

Display

နောက်ထပ် ဒီ Performance လိုမျိုးပဲ အားမရဖို့ကောင်းတဲ့အချက်တစ်ခုက Display ပါ။ ပြောရရင် ဒီ A77 က Performance မကောင်းဘူး၊ ဒါပေမယ့် Display ပိုင်းကောင်းနေခဲ့တယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီဖုန်းက Multimedia ပိုင်းဦးစားပေးထားလို့ဆိုပြီး ပြောလို့ကောင်းတယ်။ What if ပါ…။​

တကယ်တမ်းမှာတော့ OPPO A77 ဖုန်းက HD+ Resolution ပဲရှိတဲ့ 6.56” IPS LCD Display ကိုပဲ သုံးထားပေးတယ်။ ဒါကိုမှ Waterdrop Notch ပုံစံ Selfie Camera နဲ့၊ ပြီးတော့ Refresh Rate ကလည်း 60Hz ပဲရှိတယ်။ Screen-to-Body Ratio ကလည်း 90% မကျော်တော့ ဘေးဘောင်တွေက Budget ဖုန်းလိုမျိုးပဲ ထူနေတုန်း။

Quality ပိုင်းကို ကြည့်ရင်တော့ ဒီ A77 ရဲ့ Display က Brightness မဆိုးဘူး။ တော်တော်လေးကို လင်းတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေအကုန်လုံးက ဒီနေရာမှာပဲ ရပ်ပါတယ်။ ကျန်တဲ့ Display နဲ့ ပတ်သက်တဲ့အချက်တွေအကုန်လုံးက ညွှန်းစရာမရှိ၊ ပြောစရာမရှိပါဘူး။

Camera

Camera ပိုင်းမှာကတော့ OPPO A77 မှာ ပြောစရာနည်းနည်းပြန်ရှိလာပါတယ်။ အဓိကအနေနဲ့ Main Camera အနေနဲ့ သုံးထားတဲ့ 50MP Camera Sensor က တော်တော်လေးကို အဆင်ပြေတဲ့ဓါတ်ပုံတွေကို ရိုက်ပေးနိုင်တယ်။ OPPO ရဲ့ ကိုယ်ပိုင် AI Portrait လိုမျိုး နည်းပညာတွေလည်း ဒီမှာ သုံးလို့ရတယ်။ Daytime မှာ ဒါမှမဟုတ် အလင်းရောင်ကောင်းကောင်းရတဲ့အချိန်တွေမှာ ထွက်လာတဲ့ဓါတ်ပုံ Quality က ဒီ စျေးဝန်းကျင်မှာ လက်ခံလို့ရတယ်။

ကျန်တာကတော့ 2MP Depth Sensor တစ်ခုပါမယ်၊ Maybe ဒါကြောင့်လည်း OPPO ရဲ့ AI Portrait ပုံတွေက အရမ်းကြည့်ရမဆိုးတာဖြစ်မယ်။ တခြား Ultrawide Sensor တွေ၊ Telephoto Sensor တွေတော့ ပါမှာမဟုတ်ဘူး။

Selfie Camera အနေနဲ့ကတော့ 8MP Sensor ပါမယ်။ နေ့လည်ဘက်၊ ဒါမှမဟုတ် အလင်းရောင်ကောင်းကောင်း အခြေအနေတွေမှာ Effect တွေထည့်ရိုက်ရင်တေ့ာ မသိပေမယ့် သာမန်အတိုင်းကတော့ ဒီ Selfie Camera က ၇ သိန်းဝန်းကျင်တန်ဖုန်းတစ်လုံးကနေ ထွက်လာတဲ့ Quality ဆိုတာကတော့ လက်ခံဖို့ခက်မယ်။

Battery

Finally – A Good Point!

OPPO A77 မှာ ဒီစျေးတန်း တခြားဖုန်းတွေလိုမျိုးပဲ 5000mAh Battery ကို ထည့်ထားပေးတယ်။ ဒါပေမယ့် အားသာချက်က USB-C ကို သုံးထားတာရယ်၊​ OPPO ​ရဲ့ 33W SuperVOOC Fast Charging ကို Support ပြုလုပ်ထားတာပါ။

ဒီလိုမျိုး 33W SuperVOOC ကို Support လုပ်ထားတာက ဖုန်းအားသွင်းဖို့ကို ၁ နာရီလောက်ပဲ အချိန်ပေးရတော့မယ်။ ဘာပဲဖြစ်ဖြစ် တခြား 18W ကိုပဲ Support လုပ်တာတွေထက်တော့ အများကြီးပိုမြန်တယ်။

Others

တခြားအချက်တွေကလည်း အမှန်အတိုင်းပြောရရင် အားရဖို့ကောင်းတဲ့အချက်တွေများတယ်။ ဒီ Android 12 ကို အခြေခံထားတဲ့ ColorOS 12.1 က တကယ်ကို သုံးလို့ကောင်းတယ်။ Stock Android လိုမျိုးပဲ သုံးရတာ Clean ဖြစ်တယ်၊ သွက်တယ်။ ပြီးတော့ Applican တွေကို Background မှာ Run မရအောင် လုပ်ထားတာမျိုးတွေမရှိဘူး၊ Notification ပိုင်းမှာလည်း ကောင်းကောင်းသုံးလို့ရတယ်။ ပြီးတော့ တခြားပါတဲ့ Feature လေးတွေကလည်း စိတ်ဝင်စားဖို့ကောင်းပြီး အသုံးဝင်တယ်။

နောက်ပြီး ဒီ​ OPPO A77 က ခုနောက်ပိုင်း ဒီစျေးဝန်းကျင်မှာ သိပ်မတွေ့ရတော့တဲ့ Ultra-Linear Stereo Speaker ကိုထည့်ထားပေးတယ်။ လုံးဝ အပေါ်နဲ့အောက်က အသံထွက် တူတူထွက်တာမျိုးတော့မဟုတ်ပေမယ့် အသံထွက်ကတော့ တော်တော်ကျယ်တယ်။

So…?

OPPO A77 က ဘယ်လိုပဲဖြေရှင်းချက်ပေးပေး၊ ​အခုအတိုင်းဆိုရင် 699,000MMK နဲ့ မတန်တဲ့ဖုန်းတစ်လုံးပါ။ တခြား Option တွေအများကြီးရှိနေတဲ့အချိန်မှာ ကိုယ်က OPPO Fan ဖြစ်နေတာမျိုး၊ ဒါမှမဟုတ် Fiberglass-Leather Back Design ကို F21 Pro လောက် စျေးမပေးပဲ ကိုင်ချင်တာမျိုးမှပဲ ဒါကို ရွေးပါလို့ ညွှန်းရမှာပါ။ ဒါတောင် အခု A77 အသစ်စျေးထက် F21 Pro ကို Second Hand စျေးအတူတူနဲ့ ဝယ်ကိုင်တောင် ပိုကောင်းတဲ့ Processor ၊ ပိုကောင်းတဲ့ Camera ၊​ တခြားဖုန်းတွေမှာမရှိတဲ့ Microscope Camera ၊​ တော်တော်လေး Unique ဖြစ်တဲ့ Halo-Ring Light ၊​ ပိုကောင်းပြီး High Refresh Rate ရတဲ့ Display တွေပါ ရဦးမှာပါ။​

This ain’t it, chief!

#TechGadgetMM