စမတ်ဖုန်းတစ်လုံးရဲ့ ကြံ့ခိုင်မှုနဲ့ ရေရှည်အသုံးခံနိုင်မှုအပိုင်းမှာ R&D က ဘယ်လောက်အရေးပါသလဲ

စမတ်ဖုန်းတစ်လုံးကို ဝယ်ဖို့စဥ်းစားနေပြီဆိုတာနဲ့ လက်ရှိအချိန်မှာ ကိုယ်တတ်နိုင်တဲ့စျေးနဲ့ အကောင်းဆုံးဖြစ်မယ့်ဖုန်းကိုပဲ ရွေးချယ်ချင်ကြမှာက လူတိုင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတွေဆိုတာက အချိန်ကာလနှစ်နဲ့ချီအသုံးပြုကြတာဖြစ်တဲ့အတွက် တစ်ဖက်မှာလည်း ကိုယ်ရွေးချယ်လိုက်တဲ့ဖုန်းက ရေရှည်အသုံးပြုနိုင်ဖို့ လိုအပ်ပါသေးတယ်။

ဒီလိုမျိုး ရေရှည်အသုံးပြုနိုင်ဖို့အတွက် ဖုန်းမှာပါဝင်တဲ့ Specification တွေလိုမျိုးပဲ ဖုန်းတစ်လုံးကို တည်ဆောက်ထားတဲ့အရည်အသွေး၊ ပါဝင်တဲ့ Hardware ပိုင်း၊ Software ပိုင်းတို့က လိုက်ဖက်ညီစွာ အလုပ်လုပ်ဖို့ကလည်း လိုအပ်ပါတယ်။ အခုလိုမျိုး ရေရှည်အသုံးပြုလည်း ဖုန်းက နှေးကွေးသွားခြင်းမရှိ၊ ပြဿနာမရှိဘဲ ကောင်းမွန်စွာ အသုံးပြုနိုင်အောင် စမတ်ဖုန်းကုမ္ပဏီတွေရဲ့ Research & Development (R&D) ပိုင်းနဲ့ ဖုန်းတစ်လုံးကို မိတ်မဆက်ခင်မှာ ကုမ္ပဏီတွင်း ဘယ်လောက်ထိ အကြမ်းခံနိုင်မှုအပိုင်းကို စမ်းသပ်ထားသလဲဆိုတာတွေက အရေးပါလာပါတယ်။

အခု OPPO ကနေ မြန်မာနိုင်ငံစျေးကွက်အတွက် နောက်ဆုံးမိတ်ဆက်ထားတဲ့ OPPO A78 ဖုန်းဟာဆိုရင်လည်း OPPO ကုမ္ပဏီဘက်ကနေ (၄၈) လကြာ အသုံးပြုပြီးတဲ့အချိန်အထိ အသုံးပြုမှုပိုင်းမှာ နှေးကွေးသွားခြင်းမရှိအောင်၊ စမတ်ဖုန်းတစ်လုံးမှာ အရေးအကြီးဆုံးဖြစ်တဲ့ Battery Health ကျဆင်းမှုကို အနည်းဆုံးဖြစ်အောင်၊ နောက်ဆုံး အသုံးပြုနေချိန်မှာ မတော်တဆမှုတွေကြောင့် ပျက်စီးထိခိုက်မှု အနည်းဆုံးဖြစ်အောင် R&D ပိုင်းနဲ့ Laboratory Testing ပိုင်းတွေ အများအပြားပြုလုပ်ပြီးမှ မိတ်ဆက်ခဲ့တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိစျေးကွက်ထဲမှာ အချိန်အကြာကြီး အသုံးပြုဖို့ ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင် OPPO A78 ဖုန်းက ရွေးချယ်စရာတစ်ခုလို့တောင် ပြောနိုင်ပါတယ်။

ဘာကြောင့် အခုလိုပြောရသလဲဆိုရင် အရင်ဆုံး ပြင်ပအကြမ်းခံနိုင်မှုပိုင်းအတွက် OPPO A78 ဖုန်းမှာ IP54 Dustproof & Water Resistant Rating ပါဝင်တာကြောင့်ဖြစ်ပါတယ်။ IP54 Rating ပါဝင်တဲ့အတွက်ကြောင့် ဖုန်မှုန့်တွေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး မိုးရေနှင့် တခြားအဘက်ဘက်မှ ရေပတ်ဖြန်းမှုတွေကို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ ဒါက အခုလိုမျိုး မိုးရာသီမှာ ဖုန်းအတွင်း ရေဝင်ရောက်ပြီး ပျက်စီးမယ့်ဒါဏ်ကို အနည်းနဲ့အများကာကွယ်ပေးနိုင်မှာပါ။

ဒါတင်မဟုတ်သေးဘဲ သေချာဂရုတစိုက်ဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး စမ်းသပ်မှုပုံစံတွေကိုလည်း OPPO YouTube Channel မှတစ်ဆင့် Video တွေကို ကြည့်ရှုလေ့လာနိုင်ဦးမှာပါ။ အခုလိုမျိုး စမ်းသပ်မှုတွေဟာ Flagship Series ဖုန်းတွေကိုပဲ ပြုလုပ်ထားတာမျိုးမဟုတ်ဘဲ A Series စမတ်ဖုန်းတွေမှာပါ တမ်းတူစမ်းသပ်ထားတာကြောင့် OPPO ရဲ့ ဘယ်ဖုန်းအမျိုးအစားမဆို တူညီတဲ့စမ်းသပ်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် OPPO A78 ဖုန်းမှာ ပါဝင်တဲ့ထူးခြားချက်တစ်ခုက (၄၈) လအသုံးပြုပြီးတဲ့အချိန်အထိ နှေးကွေးသွားခြင်းမရှိအောင် ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။ ဒါကို OPPO ဘက်ကနေ “48-Month Fluency Protection” ဆိုပြီး ခေါ်ဆိုထားပြီး ဖုန်းတိုင်းမှာ ပါဝင်တာမျိုးမဟုတ်ဘဲ OPPO Laboratory ပိုင်း စစ်ဆေးစမ်းသပ်မှုတွေကို အောင်မြင်ပြီးတဲ့ဖုန်းတွေမှာပဲ ပါဝင်တာမျိုးဖြစ်ပါတယ်။ အခုလို (၄၈) လအသုံးပြုပြီးတဲ့အချိန်အထိ ဖုန်းက နှေးကွေးသွားခြင်းမရှိအောင် OPPO ဘက်ကနေ Hardware ပိုင်း၊ Software ပိုင်း လုပ်ဆောင်နိုင်စွမ်းတွေအပြင် ကိုယ်ပိုင် Optimization တွေ၊ သီးသန့်နည်းပညာတွေဖြင့် ထိန်းသိမ်းပေးထားတယ်လို့ သိရပါတယ်။ အခုလိုမျိုး OPPO Labs က ကိုယ်တိုင် Verified ပြုလုပ်ထားတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ စိတ်ချလက်ချရေရှည်အသုံးပြုနိုင်မှာ သေချာပါတယ်။

တခြား OPPO A78 ဖုန်းမှာ သဘောကျဖို့ကောင်းတဲ့အချက်တစ်ခုက Battery ပိုင်းပဲဖြစ်ပါတယ်။ Battery ပိုင်းအတွက် OPPO A78 ဖုန်းမှာ 5000mAh Battery ကိုထည့်သွင်းထားပြီး 67W SUPERVOOC Fast Charging နည်းပညာပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ 67W SUPERVOOC Fast Charging နည်းပညာဟာ 0-100% ကို အားသွင်းဖို့အတွက် အချိန် ၄၅ မိနစ်ပဲ ကြာမြင့်မှာဖြစ်ပြီး အလားတူစျေးတန်းဝန်းကျင် ဖုန်းစျေးကွက်ထဲမှာ အားသွင်းအမြန်ဆုံးဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်မှာပါ။

ဒါပေမယ့် ဒီ Fast Charging ပိုင်းထက် ပိုစိတ်ဝင်စားဖို့ကောင်းနေတာက OPPO A78 ဖုန်းဟာ အားသွင်းမြန်တဲ့ဖုန်းတွေမှာ တွေ့ရများတဲ့ Battery Health ကျဆင်းမှုမြန်ဆန်တာကို အကောင်းဆုံးကာကွယ်ထားနိုင်တာပဲဖြစ်ပါတယ်။ အခုလိုမျိုး ကာကွယ်ဖို့အတွက် OPPO ရဲ့ ကိုယ်ပိုင် Feature တစ်ခုဖြစ်တဲ့ Battery Health Engine (BHE) ပါဝင်တာက အဓိကအကျဆုံးဖြစ်ပါတယ်။ Battery Health Engine ပါဝင်လာတဲ့အတွက်ကြောင့် ၄နှစ်အတွင်း Battery Cycle ၁,၆၀၀ အထိ အသုံးပြုပြီးရင်တောင် Battery Health က 80% အထိ ကျန်ရှိနေမှာဖြစ်ပြီး တခြားသာမန်ဖုန်းတွေထက် ၂ ဆ ပိုမို သက်တမ်းကြာရှည်ခံစေမှာပါ။

ဒါ့အပြင် ဖုန်းအားသွင်းတဲ့အချိန်မှာ All Day Optimized Charging လိုမျိုး Feature တွေ၊ Battery Management Feature တွေပါ အများအပြားထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် OPPO A78 ဖုန်းကို ညဘက်အိပ်ချိန်မှာ အားသွင်းထားမယ်ဆိုရင်လည်း ဖုန်းက အလိုအလျောက် အားသွင်းမှုကို ချိန်ညှိပေးနိုင်ပြီး အဆင့်၅ဆင့်နဲ့ကာကွယ်ပေးထားတဲ့ 5-Layer Protection ပါဝင်တဲ့အတွက် ဖုန်း Battery ကို ထိခိုက်မှာ စိတ်ပူဖို့ မလိုအပ်တော့ပါဘူး။

OPPO A78 ဖုန်းက ဖုန်းကို ရေရှည်အသုံးပြုနိုင်ဖို့အတွက် အပေါ်မှာပြောခဲ့တဲ့ Feature တွေပါဝင်လာတဲ့အပြင် အသုံးပြုနေတဲ့အချိန်မှာလည်း User တွေရဲ့ Privacy ပိုင်းကို ကာကွယ်နိုင်မယ့် Feature တွေလည်း အများအပြားထည့်သွင်းပေးထားပါတယ်။ အထူးသဖြင့် အခုလိုအချိန်ဟာ Privacy ပိုင်းဆိုတာက ဖုန်းသုံးတဲ့သူတွေအတွက် အရေးကြီးတဲ့အပိုင်း ဖြစ်လာတာကြောင့် Privacy ကို အလေးထားတယ်ဆိုရင်လည်း OPPO A78 ဖုန်းက အဆင်ပြေစေမှာပါ။

OPPO A78 ဖုန်းထဲက Settings App အတွင်းမှာ Privacy ဆိုပြီး သီးသန့် Section တစ်ခုခွဲထားတဲ့အပြင် ဝင်လိုက်တာနဲ့ Application တွေက ရယူထားတဲ့ Permission တွေကို ပြင်ဆင်နိုင်သလို Privacy Protection ဆိုတဲ့ ခေါင်းစဥ်အောက်မှာ App Lock ၊ Hide Apps ၊ Privacy Safe လိုမျိုး တခြားသူမမြင်စေချင်တဲ့ App တွေကို Hide ပြုလုပ်နိုင်၊ Lock ပြုလုပ်နိုင်မယ့်အပြင် တခြား ကိုယ်ရေးကိုယ်တာ File တွေ၊ ဓါတ်ပုံ၊ ဗီဒီယိုတွေကိုပါ Privacy Safe အတွင်းမှာ သိမ်းထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Privacy Dashboard အောက်မှာလည်း ဘယ် Application က နောက်ဆုံး ဘယ် Permission တွေကို ရယူအသုံးပြုနေသလဲဆိုတာကို စစ်ဆေးနိုင်ဦးမှာပါ။

အခုလိုမျိုး စမတ်ဖုန်းတစ်လုံးမှာ အရေးအကြီးဆုံးဖြစ်တဲ့ R&D ပိုင်းကို သေချာအာရုံစိုက်ထားသလို ရေရှည်အသုံးပြုနိုင်မှုပိုင်း၊ Privacy ပိုင်းတွေမှာပါ အားသာချက်အများအပြားရှိနေတဲ့ OPPO A78 ဖုန်းကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် နီးစပ်ရာစမတ်ဖုန်းအရောင်းဆိုင်ကြီးတွေမှာ ငွေကျပ် ၈၄၉,၉၀၀ ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပြီး လောလောဆယ်မှာ 20000mAh Power Bank ကိုပါ လက်ဆောင်ရရှိဦးမှာဖြစ်ပါတယ်။