Tech Gadget’s Gear Reviews: Wandrd All-New Prvke 21 Backpack

Tech Gadget အနေနဲ့ ကိုယ်တိုင်ဝယ်သုံးဖြစ်တဲ့ Product တွေကို Review ပြန်မလုပ်ဖြစ်တာ တော်တော်ကြာပါပြီ။ အခုတော့ OnePlus Explorer Backpack က နောက်ဆုံးတော့ Laptop Compartment မှာ သုံးထားတဲ့ Zipper ပျက်သွားတော့ လိုက်ရှာဝယ်ဖြစ်တဲ့ Backpack အကြောင်းရေးဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ဆိုတာကလည်း Backpack ဆိုတာ နေ့တိုင်းသုံးနေတဲ့ အရေးအကြီးဆုံးပစ္စည်းတစ်ခုဖြစ်နေပြီးတော့ တကယ်လည်း နှစ်တွေအကြာကြီးသုံးဖြစ်တဲ့ ပစ္စည်းပါ။

အခု ကျွန်တော်တို့ ဝယ်လိုက်တဲ့ Backpack က Wandrd (Wander လို့ အသံထွက်) Brand ကနေ ထုတ်ထားတဲ့ All-New Prvke (Provoke လို့အသံထွက်) 21L Backpack (Photography Bundle) ပါ။ ဒီ Backpack အကြောင်းမပြောခင် အရှေ့မှာ ကျွန်တော်တို့က Backpack မှာ လုံးဝကို OnePlus Fan ပါ။ OnePlus Travel Backpack ကို ၁ နှစ်ခွဲလောက်သုံးခဲ့တယ်။ ပြီးတော့ နောက်ဆုံးနေ့တိုင်းသုံးနေတဲ့ OnePlus Explorer Backpack ဆိုလည်း ထွက်ထွက်ခြင်းဝယ်ခဲ့တာဆိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၀၁၉ ထဲကနေ အခုထိ ၃ နှစ်ခွဲလောက် သုံးခဲ့တာပါ။ YES – Backpack တစ်ခုကို ၃ နှစ်ခွဲလောက်ကို နေ့တိုင်းသုံးတာပါ – We are that into commitment. :3

အဲ့တော့ အခုက OnePlus ကလည်း လွန်ခဲ့တဲ့ ၃ နှစ်ခွဲလောက်တုန်းက OnePlus မဟုတ်တော့ဘူး။ OnePlus Explorer Backpack ဆိုလည်း End of Production ဖြစ်ပြီး Website Link တောင်မရှိတော့၊ Backpack အသစ်လည်း လုံးဝကို မထုတ်တော့ဘူးဆိုတော့ အခုလို Zip ပျက်သွားတဲ့အချိန်မှာ ကျွန်တော်တို့အတွက် ရွေးချယ်စရာက တစ်ခုတည်းကျန်ခဲ့ပါတယ်။ ဒါက Backpack အသစ်ဝယ်တာပါ။

(*လောလောဆယ် Tech Gadget က စကားရှည်ဦးမှာဆိုတော့ Backpack အကြောင်းသိချင်ရင် အောက်က The Backpack ဆိုတဲ့ Section ကို ကျော်ဖတ်ပါ :3)

Our Needs

ထူးခြားတာတစ်ခုက ကျွန်တော်တို့ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၃ နှစ်ခွဲကျော်က လိုအပ်ခဲ့တဲ့အရာတော်တော်များများကို Backpack တစ်လုံးမှာ မလိုအပ်တော့ဘူး။ တချို့သော Basic Needs တွေ၊ Basic Pocket တွေလောက်ပဲ လိုအပ်တာပါ။ နောက်ပြီး Backpack အတွက် အဓိကစဥ်းစားရမယ့် အရာတစ်ခုလည်း တိုးလာပါ။ အဲ့ဒါကတော့ Camera နဲ့ Lens တွေ၊ တခြားလိုတဲ့ Accessories တွေပါ။

အဲ့တော့ လိုတာက Mirrorless Camera တစ်လုံးထည့်ဖို့လိုတယ်၊ ပြီးတော့ Lens က လောလောဆယ်တင် ၃ လုံး နဲ့ နောက်ထပ် Lens ၁ လုံး၊ ၂ လုံးအထိ ထည့်ဖို့လိုမယ်။ ပြီးတော့ Mic System နဲ့ Charger ၊ Battery တွေထည့်ဖို့ လိုဦးမယ်။ နောက်ထပ်လိုတာက ထုံးစံအတိုင်း Laptop ထည့်ထားဖို့ရှိမယ်။ ပြီးတော့ Tablet ကတော့ မြင်မိသလောက်ဝယ်ဖို့ မရှိသေးပေမယ့် Keychron Q2 လိုမျိုး Keyboard ထည့်သွားဖို့ Secondry Tablet or Laptop အိတ်တစ်ခုထပ်လိုဦးမယ်။ ပြီးတော့ ကျန်တာက ဖုန်းတွေ အနည်းဆုံး ၃ လုံးလောက်ထည့်ထားဖို့၊ Charger တွေ၊ Cable တွေ၊ Notebook တွေ၊ ပြီးတော့ Passport အတွက် သီးသန့် အိတ်လိုဦးမယ်။ ထီး ဒါမှမဟုတ် Tripod ကောင်းကောင်းထည့်လို့ရတဲ့ Side Compartment တစ်ခုလည်း လိုပါတယ်။ တစ်ခါတလေ သော့နဲ့ တခြား AirPods လိုမျိုး ပစ်ထည့်ဖို့ နေရာလည်း လိုပါတယ်။

ဒါတွေအကုန်လုံးကို Backpack တစ်လုံးထဲမှာ လိုချင်တာက အမှန်အတိုင်းပြောရရင် တော်တော်များပါတယ်။ ပြီးတော့ တော်တော်လည်း အလေးခံနိုင်ဖို့ လိုမှာပါ – Keychron Q2 Keyboard တစ်လုံးတင် 1.8kg လောက်ဖြစ်နေပြီဆိုတော့ :3

ပြီးတော့ လိုအပ်တာတော့မဟုတ်ပေမယ့် လိုချင်တာတစ်ခုက Design က နောက် ၃ နှစ်ကနေ ၅ နှစ်လောက်အထိ နေ့တိုင်းသုံးနေမှာဆိုတော့ OnePlus Explorer Backpack လိုမျိုး ကြည့်လိုက်တာနဲ့ Stylish ဖြစ်နေတာမျိုးကိုပဲ Prefer ဖြစ်နေတာပါ။ ဒါကတော့ အလှကြိုက်တယ်ပြောလည်းခံရမှာပါ။

The Options

အလွယ်ဆုံးနည်းလမ်းက ကျွန်တော်တို့ Camera ထည့်ဖို့ အဓိကလိုအပ်နေတာဆိုတော့ Lowepro လိုမျိုး ကင်မရာ Backpack ပဲ သွားဝယ်ဖို့ပါ။ လုံးဝကို ကျွန်တော်တို့ ဝယ်ဖို့ကို စိတ်မကူးတဲ့နည်းလမ်းပါ။

ဘာကြောင့်လဲဆိုတော့ ကင်မရာထည့်ဖို့ပဲ ရည်ရွယ်ထားတဲ့အိတ်တွေက လုံးဝကို Tech သမားတစ်ယောက်အတွက် အဆင်မပြေပါဘူး။ Laptop ထည့်ဖို့ရော၊ တခြား Gadget တွေ၊ Accessories တွေကို ထည့်ဖို့က Camera Backpack တစ်လုံးဖြစ်ဖို့တင်မဟုတ်ပဲ Tech Backpack လည်းဖြစ်မှ – ပြောရရင် Hybrid Backpack ပုံစံမျိုးမှ အဆင်ပြေတာပါ။

ဆိုတော့ ကျွန်တော်တို့ Wandrd Prvke 21 ကို မဆုံးဖြတ်ခင် ဘာတွေရွေးထားဖြစ်သလဲဆိုတာကို ပြောတာပေါ့။

Bellroy – ဒီ Brand က ကျွန်တော်တို့ Backpack အသစ်ဝယ်မယ်ဆိုထဲက စကြည့်ဖြစ်တဲ့ Brand ပါ။ Minimalist ဖြစ်ပြီး Premium Design ပုံစံတွေများတော့ ဒီထဲကပဲ ဝယ်လိုက်မယ်ဆိုတဲ့စိတ်များပါတယ်။

Bellroy Apex Backpack – $449 တန် Bellroy ရဲ့ လုံးဝ Flagship Backpack ကြီးပါ။ ဒါမယ့် Camera အတွက် သီးသန့် Compartment မပါတာတစ်ခုက အရင်ဆုံး Downgrade ဖြစ်ပြီးတော့ Main Compartment မှာပဲ Camera ထားပြီး Lens တွေကို ဘေးဘက်အိတ်တွေမှာပဲ ထည့်ရမယ့်ကိန်းပါ။ လှပေမယ့် ထီးအစိုတွေကို အပြင်မှာသပ်သပ်ထားလို့မရတာကလည်း တကယ်တမ်း အဆင်မပြေနိုင်၊ နောက်တစ်ချက်က 26L Size က မှန်းထားတာထက် ပိုကြီးနေပါတယ်။ ပြီးတော့ စျေးကလည်း SGD က မှာရင်တောင် ၉ သိန်းကျော်လောက်ထိ သွားမယ်ဆိုတော့ List ထဲက ခဏထုတ်ထားလိုက်တယ်။

Bellroy Melbourne Backpack 12L – ဒါကတော့ လုံးဝ Camera ထည့်ဖို့ထက် 13” Laptop တစ်လုံးထည့်၊ ပေါ့ပေါ့ပါးပါး လွယ်သွားဖို့ဆိုပြီး တွေးမိတာပါ။ ဒါပေမယ့် အဲ့လိုတွေးမိလေလေ Camera နဲ့ Lens တွေအတွက် သီးသန့် လွယ်အိတ်တစ်လုံးက ထပ်သယ်ရမှာရော၊ ထည့်ချင်သလောက်ထည့်လို့မရတာတွေ၊ Review လုပ်ဖို့ရှိလာမယ့် Laptop တွေတောင် ထည့်မရတာတွေပါ ပါလာတော့ Reject ရုံကလွဲမရှိ။

တခြား Bellroy ထဲမှာ Transit ကြတော့လည်း ပုံမကြိုက်၊ Venture ကြတော့လည်း ကြိုက်ပေမယ့် Apex ရှိနေတော့ $100 လောက်နဲ့မဝယ်ချင်တော့… အဲ့မှာ ကြောင်ထပ်ပျောက်။ :3

ဒီနေရာမှာ တော်တော်လေး Obvious ဖြစ်နေတဲ့ အဖြေတစ်ခုရှိပေမယ့် ဘာလို့ ကျွန်တော်တို့ မရွေးဖြစ်လဲဆိုတာရှိပါသေးတယ်။ ဒါက Peak Design ပါ။

Peak Design ကနေ ထုတ်ထားတဲ့ Everyday Backpack ဆိုတာက ကျွန်တော်တို့လိုချင်တဲ့ 20L လည်းရှိတယ်၊ ပြီးတော့ Design လည်းမိုက်တယ်။ Tech/Photography ၂ ခုလုံးအတွက် အဆင်ပြေတဲ့ Hybrid Design လည်းဖြစ်တယ်။ ပြီးတော့ MKBHD လိုမျိုး Tech သမားတွေကိုယ်တိုင် သုံးနေတာ။

ဒါပေမယ့် ဘာကြောင့်မှန်းမသိ Peak Design ကို ပုံမှန်ထက် Overhyped ဖြစ်နေတယ်လို့ ခံစားရတယ်။ ပြီးတော့ Laptop Compartment ကို အပေါ်မှာထားတာကို သဘောကျတယ်ဆိုပေမယ့် ဒီ ဘေးနှစ်ဖက်ကဖွင့်ရတဲ့ Camera Compartment အတွက် Zipper နှစ်ခုက အကြီးကြီးဖြစ်နေတာရော၊ သူ့ရဲ့ ဖြုတ်၊ တပ်ရတဲ့ Divider တွေကို သိပ်မကြိုက်ဘူး။ အဲ့ဒါနဲ့ မဝယ်ချင် – Ash Color ကိုတော့ မတရားကြိုက်ပေမယ့်ပေါ့။

နောက်ဆုံးရွေးချယ်ဖြစ်သွားတာက Wandrd ရဲ့ All-New Prvke Backpack ပါ။ ဘာကြောင့်လဲဆိုတော့ 21L ရှိတယ်။ ပြီးတော့ Design ကိုလည်း တော်တော်လေး တွေ့ထဲက သဘောကျသွားတယ်။ Instagram Explore Section မှာ တွေ့နေတတ်တဲ့ အိတ်ဆိုတော့။

ဒါပေမယ့် Wandrd က နည်းနည်း Trick လုပ်ထားတာရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ ပုံမှန်အတိုင်းဝယ်ရင် $219 ဆိုပေမယ့် Main Compartment မှာ Camera ထည့်ဖို့အတွက် Camera Cube ပါပြီးသား Photography Bundle ကို ဝယ်မယ်ဆိုရင် စျေးက $80 တိုးပြီး $299 ဖြစ်သွားတယ်။ Peak Design ရဲ့ 20L Everyday Backpack ရဲ့ $279 စျေးထက်တောင် ပိုများသေးတယ်။

တခြား Wandrd မှာ 11L Version Camera Tube ပါပြီးသား Prvke Lite ရှိသေးတယ်၊ အဲ့ဒါကြ $239 ကျတယ်။ ပြီးတော့ အစွန်းတွေပါတဲ့ All-New Prvke 21L Gobi-Tan Edition ကို $241 ကျတယ် – အဲ့ဒါက Camera Tube ပါပြီးသား Photography Bundle ပဲ။ ဒါပေမယ့် 11L Prvke Lite ကြတော့ သေးတယ်လို့ ခံစားရတယ်၊ Gobi-Tan Edition ကြတော့ ကြိုက်ပေမယ့် $240 လောက်ပေးပြီးမှ အစွန်းတွေပါတာကို မသုံးချင်တာနဲ့ နောက်ဆုံး $299 တန် All-New Prvke 21 Photography Version ကိုပဲ Yuma Tan အရောင်နဲ့မှာဖြစ်လိုက်တယ်။

The Process

Wandrd All-New Prvke 21 ကိုပဲ ဝယ်မယ်ဆုံးဖြတ်ပြီးတော့ အဆင့်တွေကလည်း ၂ မျိုးရှိတယ်။ အဲ့ဒါက US based Website နဲ့ Asia-pacific Website ၂ မျိုးဖြစ်နေတာ – စျေးတော့ အတူတူပေမယ့် Asia-pacific Website ကနေ ဝယ်ဖို့ကြတော့ US မှာရှိတဲ့ Agent ကိုပို့လို့မရပဲ SG ကိုပဲ ပို့ရမယ်။ ပြီးမှ SG ကနေ ဒီကိုထပ်ပို့။

အဲ့မှာ ဘာဖြစ်လဲဆိုတော့ Wandrd Asia-pacific Website ကနေ SG ကို ပို့ရင် DHL ပဲရွေးစရာရှိပြီး Shipping က နောက်ထပ် $39.95 ထပ်ကျမယ်။ Wandrd US ကနေ US ထဲက Agent Address ကိုပို့ရင်ကြ $10 ထပ်ပေးရတယ်။ ဒါပေမယ့် US ကနေ ဒီကို ပို့တဲ့စရိတ်ကတော့ ပိုများနိုင်တယ်။

ကျွန်တော်တို့က ပိုစိတ်ချရအောင်ဆိုပြီး US Website ကနေပဲ မှာလိုက်တယ်။ US warehouse address ကို ရောက်ဖို့က ၂ ရက်လောက်ပဲကြာတယ်။ ဒါပေမယ့် သုံးဖြစ်လိုက်တဲ့ Minthila Agent က Weight လည်းများ၊ Backpack ဆိုတော့ အရွယ်အစားလည်းကြီးတော့ Shipping + Service ခပဲ ၁ သိန်း ၃ သောင်းလောက်ကျသွားတယ်။ မှန်းတာထက် ပိုများသွားတယ် :3

ဆိုတော့ ကျွန်တော်တို့ ဝယ်ဖြစ်တဲ့ Wandrd All-New Prvke 21L Photography Backpack က စျေးအနေနဲ့ $310 x 2250 = ၇ သိန်း နဲ့ ပို့ခ ၁ သိန်း ၃ သောင်းဆိုတော့ 830,000 MMK လောက်ကို ကျသွားပါတယ်။ Backpack တစ်လုံးအနေနဲ့ စျေးတော်တော်များပါတယ် :3

The Backpack

ဘာပဲဖြစ်ဖြစ် ရပြီဆိုတော့ အခုက စပြီး Backpack အကြောင်းစပြောတာပေါ့။ ဒီလို ၈ သိန်းကျော်လောက်ကျသွားပေမယ့် ကျွန်တော်တို့ နောင်တရသလားဆိုရင် လုံးဝ No ပါ။ ဒီလို စျေးကြီးပေးလိုက်ရပေမယ့် Custom Keyboard ဆင်သုံးလိုက်ရသလိုမျိုးပဲ တကယ်ကို Premium Feeling တစ်ခုကို ပြန်ရပါတယ်။

အရင်ဆုံး Design က တော်တော်ကို လှပါတယ်။ ဝယ်ပြီးလို့ပြောတာထက် တော်တော်ကို Unique ဖြစ်တဲ့ Backpack Design တစ်ခုပါ။ အထူးသဖြင့် ဒီအပြင်ဘက်ဆုံးက Zipper အိတ်အကြီးအတွက် Zip Line က တော်တော်လေးလှတယ်။ အပေါ်က Roll Top ကလည်း တမျိုးဆန်းတယ်။ နောက် ၃ နှစ်လောက်အထိ ဒီဒီဇိုင်းက Relevant ဖြစ်နေပါ့မလားတော့ မသိပေမယ့် လောလောဆယ်တော့ အပြင်မှာ မြင်ရတာကို ပိုသဘောကျတယ်။ 21L က OnePlus Explorer Backpack ထက်တော့ နည်းနည်းမသိမသာကြီးနေသေးတယ်။

စပြောရင် Photography Bundle ဝယ်ထားတာဆိုတော့ Prvke 21L ရဲ့ Main Compartment ၂ ခုထဲက အောက်ဖက်က Compartment မှာ Camera Tube ကို ထည့်ထားပြီးသား။ ပြီးတော့ အပေါ်ဘက်မှာ Roll Top နဲ့ နောက်ထပ် 4L ထပ်ချဲ့လို့ရတဲ့ Top Compartment ရှိမယ်။ အဲ့ဒီ Top Compartment ကိုထည့်ဖို့ကလည်း အပေါ်က Roll Top ဖွင့်စရာမလိုပဲ အထဲကနေပြီး Zip နဲ့ ဖွင့်လို့ရတယ်။ Zip နဲ့မဖွင့်ချင်ရင် လက် ၂ ချောင်းထဲဖွင့် ဆွဲဖွင့်လိုက်ရုံပဲ။ တော်တော်အဆင်ပြေတယ်။ ဒီ Top Compartment တစ်ခုထဲတင် ဘောင်းဘီရှည်တစ်ထည်၊ တီရှပ် ၃ ထည်၊ ၄ ထည်လောက်မကျထည့်လို့ရတယ်။ ပြီးတော့ Roll Top နဲ့ ထပ်ချဲ့လိုက်ရင် ၂ ညအိပ်၊ ၃ ညအိပ်လောက်အတွက် ပေါ့ပေါ့ပါးပါး သယ်လို့တောင် ရလောက်တယ်။

ပြီးတော့ ဒီ Main Compartment ကို ဖွင့်ချရတဲ့ နောက်ကျောဘက်ခြမ်းမှာကြတော့ MacBook Pro 16-inch အထိ ထည့်လို့ရတဲ့ Laptop Sleeve ၊ Tablet Sleeve နဲ့ Power Bank ထည့်ထားတဲ့ Zipper အိတ်ရှည်တစ်ခု၊ ကြိုးတွေ၊ တိုလီမုတ်စထည့်ဖို့ Zipper အိတ်အသေး ၂ ခုပါတယ်။ အတွင်းပိုင်းမှာ ထည့်ထားတာကတော့ ဒီအိတ်တွေပဲ တော်တော်လေးကို စုံတယ်။

ကျွန်တော်တို့ လောလောဆယ်ထည့်ထားတာဆိုရင် Zoom Lens နဲ့ Camera တစ်လုံး၊ ပြီးတော့ Lens ၂ လုံး၊ Mic System တစ်စုံ၊ ပြီးတော့ AA Battery Charger ၊ Camera Charger တွေကို Camera Tube ထဲထည့်ထားတယ်။ ဒါတောင် တစ်ခုလွတ်နေသေးတော့ နောက် Lens တစ်ခုထပ်ထည့်လို့ရတယ်။

ပြီးတော့ အပေါ်ဘက် Top Compartment မှာတော့ ဘာမှမထည့်ထားသေးဘူး။ တစ်ခါတလေ ဖုန်းဘူးခွံတွေပဲရှိမယ်။ ပြီးတော့ Laptop Sleeve မှာက MacBook Pro 13-inch နဲ့ Tablet Sleeve မှာ Keychron Q2 ကို ယူသွားတတ်တယ်။ Zipper အိတ်ရှည်မှာက Power Bank နဲ့ USB-C to Lightning ကြိုး ၊ ပြီးတော့ Zipper အိတ်အသေးလေး ၂ ခုမှာက တစ်ခုကို USB-C Cable နဲ့ နောက်တစ်ခုမှာ ဆေးကဒ်နည်းနည်းထည့်ထားတယ်။

ဒါတင်ပဲလားဆိုတော့မဟုတ်ဘူး။ Camera Tube မှာ ထည့်ထားတဲ့ Camera ကို Main Compartment ဖွင့်စရာမလိုပဲ ဘေးကနေ ကင်မရာအတွက်ပဲ သီးသန့်အပေါက်ဖောက်ပေးထားတဲ့ Zipper အိတ်က ဘေးဘက်မှာရှိတယ်။ အဲ့တော့ ကိုယ်ရိုက်ချင်တဲ့အချိန် Backpack ကို အရှေ့ယူပြီး ကင်မရာထုတ်၊ ရိုက်ပြီး ပြန်ထည့်လိုက်ရုံပဲ။ ဒါကြောင့်လည်း Wandrd Prvke 21L ကို ရွေးဖြစ်တာ။ တကယ်ကို ကင်မရာကို အသွင်းအထုတ်လုပ်ဖို့က မတရားကို လွယ်သွားတယ်။ ပြီးတော့ ကင်မရာအကြီးတွေဆိုတော့ နည်းနည်း ကျပ်လောက်ပေမယ့် အခုက Fuji Mirrorless ဆိုတော့ လုံးဝအေးဆေးပဲ။

ပြီးတေ့ာ ပိုသဘောကျဖို့ကောင်းတာက ဒီ Quickdraw Side Access ကို ဖွင့်လိုက်ရင် အဲ့ဒီဖွင့်လိုက်ရတဲ့ Flip မှာ Zipper အိတ်တစ်ခုပါသေးတယ်။ ပြီးတော့ အဲ့ Zipper အိတ်ကိုဖွင့်လိုက်ရင် Battery တွေ၊ SD Card ထည့်ဖို့ အိတ်အသေး ၃ ခုတောင် ထပ်ပါသေးတယ်။ ပြောရရင် ကျွန်တော်တို့ ကင်မရာအတွက် Extra Battery ၂ လုံးနဲ့ SD Card အပိုတွေကို အိတ်အသေးမှာထည့်၊ Zipper အိတ်မှာ Peak Design Cuff လက်ပတ်ကိုထည့်ထားလိုက်တယ်။ ဆိုတော့ ကင်မရာထုတ်ရိုက်တာနဲ့ Peak Design လက်ပတ်ကိုပါ တစ်နေရာတည်းထုတ်လို့ရပြီ။ ပြီးတော့ Battery တွေ၊ SD Card တွေလဲချင်ရင်လည်း မတရားလွယ်သွားတယ်။ တကယ်ကို Photographer in Mind အနေနဲ့ ထုတ်ထားတဲ့ Backpack ကြီးဖြစ်နေတာ :3

This is insane!

ပြောရရင် Camera အိတ်အနေနဲ့တင် တစ်ခုတည်းအဆင့်သတ်မှတ်ရရင်တောင် ဒီ Prvke 21L က 4.5 out of 5 Stars လောက်ကို ဖြစ်နေပြီ။ ဆိုတော့ Tech Backpack အနေနဲ့ ကျန်တဲ့အပိုင်းတွေ ထပ်ပြောတာပေါ့။

အရင်ဆုံးအနေနဲ့ အပြင်ဘက်ဆုံးက Zipper အိတ်အကြီးက Notebook တို့၊ စာရွက်စာတမ်း၊ File တွေလိုမျိုး နည်းနည်းပါးတာတွေပဲ ထည့်ဖို့ ပိုအဆင်ပြေတယ်။ ကျွန်တော်တို့ကတော့ Notebook ပဲလောလောဆယ်ထည့်ထားတယ်။ ပြီးတော့ Tripod/ရေဘူး/ထီးထည့်တဲ့ ဘေးအပြင်ကအိတ်ကလည်း Zipper ကို အပြည့်ထပ်ချဲ့လို့ရတယ်၊ အဲ့တော့ Tripod အကြီးတွေ၊ ရေဘူးအကြီးတွေလည်း အေးဆေးထည့်လို့ရတယ်။ ဒီ ထီးတွေ၊ Tripod တွေကို ပြုတ်မကျအောင်လည်း ကြိုးနဲ့ Clip တစ်ခုပါတယ်။ အဲ့ Clip က Camera ထုတ်တဲ့ဘက်မှာတောင်ရှိတာဆိုတော့ အဲ့ဘက်မှာလည်း ကြိုက်တာထပ်ချိတ်လို့ရသေးတယ်။

ပြီးတော့ တခြားအကြိုက်ဆုံးအိတ်တွေရှိသေးတယ်။ ဒါက Camera ထုတ်တဲ့ Quickdraw Side Access အပေါ်မှာ Zipper အိတ်အသေးတစ်ခုရှိနေတာ။ ပြီးတော့ အဲ့အိတ်မှာ Keychain Hook လည်းပါတယ်။ အဲ့တော့ သော့ကို အဲ့မှာချိတ်လို့ရတယ်။ ပြီးတော့ ကျွန်တော်တို့ အမြဲယူသွားနေကြ 65W GaN Charger ကိုလည်း အဲ့မှာပဲ ထည့်ထားလိုက်တယ်။ ပြီးတော့ နောက်အကြိုက်ဆုံး အိတ်တစ်ခုက ဒီနောက်ကျောဘက်မှာ Luggage Passthrough နဲ့ ကွယ်ထားတာ – ဒါက OnePlus Explorer မှာ Passport နဲ့ Secondary ဖုန်းထည့်ထားဖြစ်တဲ့ Hidden Pocket အတိုင်းပဲ။ အဲ့မှာ Passport က အမြဲတမ်းထည့်ထားပြီးသား။

နောက်ထပ် ဒီလိုမျိုး Hidden လုပ်ထားတဲ့အိတ်တွေထပ်ရှိသေးတယ်။ အဲ့ဒါက Backpack ရဲ့ အောက်ခြေ Base မှာ Wandrd က ထုတ်တဲ့ Rainfly မိုးကာထည့်ဖို့ Zipper အိတ်ပါတယ်။ Rainfly တော့မပါပေမယ့် အဲ့အိတ်က တော်ရုံမသိနိုင်တဲ့အပြင် ပိုက်ဆံတစ်အုပ်လောက်အထိ မသိသာပဲ ထည့်ထားလို့ရသေးတယ်။ ပြီးတော့ အပေါ်ဆုံးမှာလည်း Roll Top အနောက်၊ Main Compartment အတွက် Zipper ကြားထဲမှာ အထဲက အသားက ကတ္တတီပါအသားလိုမျိုးနဲ့ ဖုန်းတွေ၊ မျက်မှန်တွေလိုမျိုး ပွန်းလွယ်၊ စင်းလွယ်တာတွေ ထည့်ဖို့နေရာပါတယ်။ အဲ့မှာတော့ Secondary ဒါမှမဟုတ် စမ်းနေဖြစ်တဲ့ဖုန်းထည့်ထားဖြစ်တယ်။ တကယ် တကယ်ကို Wandrd Prvke 21 က အိတ်တွေ လိုတာထက်ကို ပိုစုံနေတာ။ :3

နောက်ဆုံးက အဓိကအကျဆုံး ဒီ Main Top Compartment အတွက် G-Hook နဲ့ အလိပ်ကို ဖြေလိုက်ရုံပဲ။ ဒီမှာတော့ Zipper မပါတော့ပေမယ့် Velcro ကပ်ခွာ ၂ နေရာပါမယ်။ တော်တော်လေးလည်း Strong ဖြစ်တယ်။ ပြီးတော့ Roll Top ကို ပြန်လိပ်ရတာလည်း လွယ်တယ်။ ပြီးတော့ Toteback လိုမျိုး ဆွဲသွားတဲ့ လက်ကိုင်မှာလည်း အတွင်းဘက်မှာ “Wander more, Worry less” ဆိုပြီး ရေးထားတယ်။ ပြီးတော့ လက်ကိုင်မှာက သံလိုက်ပါပြီး ကပ်နေတာဆိုတော့ လွယ်နေတဲ့အချိန်လည်း ဟနေမှာကို စိတ်ပူဖို့မလိုဘူး။ ပြီးတော့ လက်က ကိုင်သွားရတာလည်း ပိုအဆင်ပြေသွားတယ်။

ဆိုတော့ Tech Backpack အနေနဲ့လည်း Wandrd က လုံလောက်တာထက် ပိုနေတယ်။ ကျိန်းသေ 4 out of 5 Stars က ပေးသင့်တယ်။ ဘာကြောင့် 4 ဖြစ်လဲဆိုတော့ တချို့ Tech သမားတွေက USB Passthrough ဘာညာကို လိုချင်တာရှိနေလို့။ ကျွန်တော်တို့သာ Backpack တစ်ခုမှာ USB Passthrough ပါစရာမလိုဘူးတွေးနေတာ :3

Extra Extra Extra

ပြီးတော့ Wandrd All-New Prvke 21L က တကယ်ကို အပိုတွေအများကြီးပါပါတယ်။ ဒါကို အဓိကသိနိုင်တာက Zipper တွေမှာပါ။ အပြင်ဘက်က Zipper တွေဆိုရင် ဒီအဆုံးမှာ ရေမဝင်အောင်နဲ့ လုံးဝ Zip ခေါင်းကို မမြင်ရအောင် Rubber ပုံစံ အကာအကွယ်လုပ်ထားတယ်။ အထဲက Zipper တွေကိုလည်း Zip ခေါင်းဖျောက်ထားလို့ရအောင် ရိုးရိုးအသားနဲ့ အကာကွယ်လုပ်ထားသေးတယ်။ ပြီးတော့ သုံးထားတဲ့ Zipper တွေကလည်း အပြင်ဘက်မှာ အကုန်လုံးက Waterproof Zipper အမျိုးအစားတွေ၊ ပြီးတော့ တကယ့်နာမည်ကြီး YKK Zipper တွေကြီးပဲ။ လုံးဝကို Premium Material တွေသုံးထားတာ။

အနောက်ဖက်က ကျောဖက်နေရာက Padding တွေကလည်း တကယ်ကို နည်းတာတွေမဟုတ်ဘူး။ OnePlus Explorer Backpack လိုမျိုး တော်တော်ကို Comfort ဖြစ်တဲ့ Backpack ကနေ လာတာတောင် အရမ်းပိုလွယ်ထားရတာ အဆင်ပြေပြီး သက်သာသွားတယ်။ ပြီးတော့ Backpack ရဲ့ ဒီလွယ်ကြိုးကို ချိန်ပြီးလို့ ပိုတဲ့ ကြိုးတွေကို တွဲလောင်းမဖြစ်နေအောင် ထည့်ထားလို့ရတဲ့ Hook လေးတွေလည်းပါတယ်။ ဆိုတော့ လုံးဝ ဒီ Backpack ကနေ ကြိုးတွေကျနေမှာကိုလည်း မြင်ရမှာမဟုတ်ဘူး။

ပြီးတော့ ဒီ Wandrd Prvke Backpack မှာ အရှေ့ဘက်က Chest Strap ကို Sternum Strap လုပ်ထားပေးတယ်။ အဓိပ္ပါယ်က ကိုယ့်ဘာသာစိတ်ကြိုက် အဖြုတ်အတပ်၊ အလျော့အတင်း ကြိုက်သလိုလုပ်လို့ရမယ်။ ပြီးတော့ ကြိုက်တဲ့နေရာကို ထားလို့ရတယ်။ ဘယ်ညာမရှိတော့ တကယ်လို့ မတပ်ချင်ဘူး၊ တွဲလောင်းလည်း မဖြစ်ချင်ဘူးဆိုရင် တစ်ဖက်တည်းမှာပဲ ချိတ်ထားလိုက်ရုံပဲ။ တကယ်ကို မိုက်တယ်။ ပြီးတော့ ဒီ Strap တွေမှာ Carabiner ချိတ်တွေလည်း ချိတ်လို့ရတဲ့ Hook လေးတွေ အများကြီးပါတယ်။

နောက်တစ်ခုက ဝယ်လိုက်တာက Photography Bundle ဆိုတော့ သီးသန့်ဝယ်ရင် $29 နဲ့ $24 ဆီပေးရတဲ့ Accessory Strap နဲ့ Waist Strap တွေပါတယ်။ Waist Strap ကတော့ မသုံးဖြစ်ပေမယ့် Accessory Strap တွေကတော့ တော်တော်လေးအသုံးဝင်လောက်တယ်။ ဘာလို့လည်းဆိုတော့ Backpack အောက်မှာရော၊ အရှေ့ဘက်မှာရော ဒီ Strap တွေချိတ်ဖို့ Hook တွေပါတယ်။ အတွင်းဘက်မှာလည်း Backpack ကို သေတ္တာတစ်လုံးလို 90-Degree ပဲဖွင့်ဖို့ ချိတ်ထားလို့ရသေးတယ်။ လုံးဝကို စိတ်ကြိုက်ထားရုံပဲ။ ဒီအတိုင်း Backpack အရှေ့မှာ ချိတ်ထားရင်တောင် ပုံစံက တမျိုးဆန်းသွားသေးတယ်။ :3

ပြီးတော့ ဒီ Waterproof Zipper တွေသုံးထားတယ်ဆိုထဲက ဒီ Backpack က Rainfly မလိုပဲ လုံးဝကို ရေစိုခံနိုင်တယ်။ ဒါကလည်း တကယ်ကိုင်လိုက်တာနဲ့ သုံးထားတဲ့ Material Quality တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါပေမယ့် အပြင်ဘက်က အသားကတော့ ခြစ်ရာ၊ ပွန်းရာထင်နိုင်တယ်လို့တော့ တွေ့တယ်။ ဒါပေမယ့် ဖုန်းတောင် Naked ကိုင်နေသေးတော့ အဲ့ဒါကတော့ ရှိနိုင်မှာပဲဆိုပြီး စိတ်မပူတော့ဘူး :3

နောက်ဆုံးကြိုက်တာတစ်ခုက Camera Tube ပါနေတာရော၊ သူ့တည်ဆောက်ပုံရောကြောင့် ဒီ Wandrd Prvke Backpack က ဘာမှမှီထားဖို့မလိုပဲ ထောင်ထားလို့ရတယ်။ ဒါက OnePlus Explorer Backpack မှာ မကြိုက်ဆုံးအချက်က အခုဖြေရှင်းပြီးဖြစ်သွားတာပါ။

Why Wandrd All-New Prvke 21L?

ဘာကြောင့်လဲဆိုတာကတော့ အခုပြောသွားတာတွေကြည့်ပြီး သိနိုင်လောက်ပါပြီ။ ဒါပေမယ့် တကယ်အဓိကကျတာကိုပဲ ပြောတာပေါ့။

အခု Wandrd Prvke က ၈ သိန်းကျော်ကျသွားတဲ့ Backpack တစ်ခုပါ။ ကျိန်းသေပေါက် ဒီအချိန်မှာ တော်ရုံဘယ်သူမှ Backpack တစ်လုံးအတွက် ဒီစျေးပေးချင်မှာမဟုတ်ပါဘူး။ ဘာလို့ ကျွန်တော်တို့ ပေးပြီး ဝယ်ခဲ့သလဲ?

အဓိကအဖြေက စစခြင်းပြောခဲ့တာမှာပဲ ပါပြီးသားပါ။ ကျွန်တော်တို့က $99 တန် OnePlus Explorer Backpack တစ်လုံးကိုတောင် ၃ နှစ်ခွဲလောက် နေ့တိုင်းသုံးနေဖြစ်တဲ့သူတွေပါ။ အဲ့တော့ Backpack အသစ်တစ်ခုဝယ်ပြီဆိုတာနဲ့ ဒီ နှစ်နဲ့ချီပြီး သုံးနိုင်ဖို့ အကြမ်းခံပြီး Functional ဖြစ်ဖို့က အရေးအကြီးဆုံးအချက်ပါ။ ပြောရရင် ဒေါ်လာ ၁,၀၀၀ ဝန်းကျင်တန်ဖုန်းတွေကိုတောင် ၁ နှစ် ၂ နှစ် နေ့တိုင်းသုံးဖို့ဝယ်သေးတာပဲ။ ဒီ $300 တန် Backpack ကို ဝယ်ပြီး ၃ နှစ်ကျော်လောက် သုံးရရင် ဖုန်းထက်တောင် အများကြီး ပိုတန်ပါတယ်။

နောက်ထပ်တစ်ချက်က ကျွန်တော်တို့ဖြစ်နေလို့ပါ – အဓိပ္ပါယ်က Tech Reviewer တစ်ယောက်အနေနဲ့ Backpack ထဲမှာ စာအုပ်နဲ့ တိုလီမုတ်စတွေ၊ Laptop အစုတ်တစ်လုံးလောက်ပဲ ထည့်သွားနေလို့မရပါဘူး။ အမြဲတမ်း Backpack ထဲမှာ ကိုယ်မပိုင်ပေမယ့် စမ်းသပ်နေရတဲ့ ဖုန်း၊ Laptop တွေကရှိနေပြီးတော့ ဒီပစ္စည်းတွေအတွက် တာဝန်ယူမှုတစ်ခုကလည်း လိုအပ်ပါတယ်။ ဒါကိုမှ ကိုယ်ပိုင် ဖုန်း၊ ကင်မရာ၊ Laptop နဲ့ တခြား Accessories ကိုပါထပ်ပေါင်းပြီး ထည့်ထားဖြစ်တာပါ။ ဆိုလိုချင်တဲ့အဓိပ္ပါယ်က ဒီ Wandrd Prvke 21L Backpack ကို ၈ သိန်းက များပါတယ်။ ဒါပေမယ့် Backpack ထဲထည့်ပြီး သယ်သွားနေရတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက အခု Backpack ထက် ၁၀ ဆ ကနေ ၁၅ ဆ၊ အဆ ၂၀ နီးပါး တန်နေတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ဒီလောက်တော့ Backpack တစ်လုံးအတွက် တကယ်လည်း Functional ဖြစ်တော့ သုံးဖို့လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

So…?

ကျိန်းသေတာကတော့ ဒီ Wandrd All-New Prvke 21L က ကျွန်တော်တို့သာ ဝယ်ပြီး ကြိုက်နေတာ၊ ဝယ်ဖို့ဆိုပြီး ညွှန်းမှာတော့မဟုတ်ပါဘူး။ လောလောဆယ်အထိ ဒီ Wandrd Prvke Backpack လွယ်ထားတဲ့သူ တစ်ယောက်မှ အပြင်မှာမတွေ့ဖူးသေးတော့ တကယ်လို့ ဒီ Backpack ကို အပြင်သွားတွေ့ခဲ့ရင် လှမ်းခေါ်ကြည့်ပေါ့။ A lot of chances that could be us. xD

#TechGadgetMM