Tech Gadget’s Tech Talks : In the Defense of Capitalism in LDC

(Note : ယခု Article သည် 25th, July – 2019 အချိန်က ရေးသားခဲ့သော Article ဖြစ်ပြီး Unicode ပြောင်းလဲပြီး ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်) 

But first, let us defend ourselves.

Tech Gadget အနေနဲ့ Review ရေးဖို့ကြိုးစားပြီး မရေးဖြစ်တာအချိန်တစ်ခုရှိသွားပြီ… ဒါပေမယ့်၊ ဒီ Industry ၊ ဒီလို Abilities တွေကြားထဲမှာ နောက်ထပ်ဆက်ပြီး Review တွေရေးဖို့၊ စာတွေထပ်ရေးဖို့က ရှိနေပြန်တော့ အရင်မလုပ်တာကြာတဲ့ Tech Talks Article တစ်ခုအနေနဲ့ အရင်ကြိုရေးဖြစ်ပါတယ်။ ဒါက Tech Gadget အနေနဲ့ အရင်ထဲကလုပ်လာခဲ့တဲ့အရာတစ်ခု၊ နောက်ပြီး ရှေ့ဆက်ခံယူသွားဖို့ရှိနေတဲ့ အရာတစ်ခုလည်းဖြစ်လာပါလိမ့်မယ်။ Maybe, it could go explicit in some paragraphs, but you have been Warned.

ကဲ… စကြတာပေါ့။

Why Capitalism Takes Part in the world of Tech?

Capitalism (သို့) အရင်းရှင်စနစ်… ဒါက ကျိန်းသေကြားဖူးနေကြ၊ မကောင်းတဲ့အရာတစ်ခုအနေနဲ့ပဲ စိတ်စွဲနေတဲ့အသုံးအနှုန်းတစ်ခုပါ။ ဖုန်းတွေပဲ Review ထိုင်လုပ်နေရလို ကြောင်ကြောင်တောင်တောင် Topic တွေလျှောက်ရေးနေတယ်ဆိုတာထက် ဒီရက်ပိုင်းမြင်ရ၊ တွေ့ရတဲ့ကိစ္စတစ်ချို့နဲ့ တခါတလေရေးချင်စိတ်ပျောက်တာတွေများလာတော့ အရင်ဆုံး Tech Gadget အနေနဲ့ သွားချင်တဲ့ Concept တစ်ခု၊ ဒါမှမဟုတ် ဒီလိုစာတွေရေးနေဖြစ်ပြီးတော့ Poisonous Mindset တစ်ခုကို အတင်းထိုးသွင်းနေတယ်လို့ သတ်မှတ်ချင်လည်း သတ်မှတ်နိုင်တဲ့ စာတစ်ခုဖြစ်လာပါလိမ့်မယ်။ အဲ့တော့ ရှေ့ဆက်ရေးဖြစ်မယ့်စာတွေကို အပြစ်ပြောမယ်လို့ ကြိုစဉ်းစားနေရင် မဖတ်တာက ပိုကောင်းပါလိမ့်မယ်။

Capitalism?

ဘာလို့စမတ်ဖုန်းတွေ (အထူးသဖြင့် Branded ဆိုတဲ့ Brand Name ပါတဲ့ဖုန်းတွေ) အခုဒီလောက်ဈေးကြီးနေကြသလဲ? ဒါမှမဟုတ် ဘာလို့တခြား Branded တစ်ခုမဟုတ်တဲ့ စမတ်ဖုန်းတွေကရော စိတ်တစ်ခုက တွက်ချက်နိုင်တဲ့ ကွာခြားချက်ဆိုတဲ့ရေချိန်တစ်ခုက လိုက်ပြီးတိုင်းတာနိုင်တဲ့ ပမာဏထက်ပိုဈေးသက်သာနေကြလဲ? ဘာကြောင့် ဒီဈေးနှုန်းဆိုတဲ့ အတိုင်းအတာတစ်ခုမှာတင် ရွေးချယ်တဲ့သူတွေလုံးဝတဖက်စီကွဲပြားနေကြလဲ?

ဒါက ကျွန်တော်တို့ အမြင်တစ်ခုထဲမှာ Capitalism ဆိုတဲ့အသုံးအနှုန်းတစ်ခုက တွေးစရာတစ်ခုဖြစ်လာတယ်၊ ဒါကလည်း ကျွန်တော်တို့ရှင်းပြနိုင်တဲ့အကောင်းဆုံးသော ရေချိန်တစ်ခု၊ Benchmark တစ်ခုဖြစ်လာပါလိမ့်မယ်။ပေး
Capitalism ဆိုတဲ့ အသုံးအနှုန်းတစ်ခုကရှင်းပါတယ်။ အရင်းရှင်စနစ်ပါ – ပြောရရင် လူတော်တော်များများမုန်းကြတဲ့ လူအတန်းအစားခွဲခြားနေကြတဲ့အထဲက အရေအတွက်အနည်းဆုံးနဲ့ Control/Manipulate အလုပ်နိုင်ဆုံး အတန်းအစားတစ်ခုက ဈေးကွက်တစ်ခု ဒါမှမဟုတ် (အဆိုးဆုံး) နိုင်ငံတစ်ခုအထိကို ကြိုးကိုင်နေတာပါ။ အဲ့ဒီကနေ အောက်မှာရှိတဲ့ Middle & Lower Class ၂ ခုဆိုတာကို ကွဲပြားသွားစေတယ်၊ ဒါက ကောင်းတဲ့ဖက်ရော၊ မကောင်းတဲ့ဖက်ရောရှိနိုင်တယ်ဆိုပေမယ့် Profit Matters ဆိုတဲ့ Game တစ်ခုဖြစ်လာတဲ့အချိန်မှာတော့ Middle Class ဖက်ရောက်နေရင်တောင် ကြုံရတဲ့အခက်အခဲတွေကရှိနေတုန်းပါ။

ဒါပေမယ့် ဒါက ဘာလို့ ဒီဖုန်းတွေနဲ့ဆိုင်သလဲ? ဘာလို့ ဒါကနိုင်ငံရေးကိစ္စဘက်ရောက်နေပြီမဟုတ်ဘူးလား? No, this is not about the politics.

Capitalism တစ်ခုက ကောင်းကောင်း Run မယ်ဆိုရင် အဓိက Free Market တစ်ခုလိုအပ်ပါတယ်။ ပြောရရင် ဒီ Economic System တစ်ခုက Government တစ်ခုရဲ့ စွတ်ဖက်မှုတွေမပါတဲ့ Private Companies တွေ၊ Cooperation တွေက အဓိက Run နေပြီးတော့ ဒီ Production Costs တွေ၊ Product Price တွေနဲ့ Economic Growth တွေအပေါ်မှုတည်ပြီးတော့ Majority Consumer တွေကို Choice of Freedom ဆိုတဲ့နာမည်တစ်ခုအောက်မှာ ထည့်ပေးပြီး ဘောင်တစ်ခုခတ်လိုက်တာပါ။ Some might already knows who we’re talking. But let us finish.
ဒီလိုမျိုး R&D Costs တွေကစပြီးတော့ Products တွေကို Choice of Freedom ပေးထားတယ်ဆိုပေမယ့် တကယ်တမ်းဒါက ဒီအဓိက Run နေတဲ့ ကုမ္ပဏီတွေအကုန်လုံးက Competitive မဖြစ်ဖြစ်အောင်ကို အချင်းချင်း ပြိုင်နေရတာပါ။ ဒါက ပြောရရင် ငါ Snapdragon 855 ဖုန်းတစ်ခုကို $900 Price Tag ထားရောင်းနေတုန်း တခြား Company တစ်ခုက $300 နဲ့ရောင်းနိုင်လို့ $250 ချရောင်းတာမျိုးမဟုတ်ပါဘူး။ ဒီ $900 နဲ့ Flagship ဖုန်းတစ်ခုရောင်းနေပေမယ့် တခြား Major Competitor ကုမ္ပဏီတစ်ခုက $1,000 နဲ့ ရောင်းလို့ ရှိတဲ့ $900 ဖုန်းကို $1,000 တင်ရောင်းတာပါ။ But Why?

No, it’s not because of Innovations.

ဒီနေရာမှာ Capitalism ရဲ့ နာမည်ကြီး စကားလုံးတစ်ခုက အရေးပါလာပါတယ်။ “Greed is Good” ပါ။ ဈေးပိုတင်လိုက်တာ Majority Consumer တွေအတွက် စိတ်ပျက်မိမယ့်အရာတစ်ခုပေမယ့် ဒီ Capitalism ကို လိုက်ပြီးပြိုင်နေတဲ့ Brand တွေ၊ Companies တွေအတွက်ကတော့ Major Consumer တွေရဲ့ ဘယ်သူက ဖုန်းတစ်လုံးကို သိန်း ၂၀ ပေးပြီးဝယ်မှာလဲဆိုတဲ့ Bash Talks တွေထက်ပိုအရေးကြီးတဲ့အရာတွေရှိလာပါတယ်။

ဒါက Greed is Good ဆိုတဲ့ စကားကိုအကောင်းဆုံးဖော်ပြလို့ကောင်းတဲ့အရာလည်းဖြစ်လာပါတယ်။ ပြောရရင် ကျွန်တေ်ာတို့ အကုန်လုံး Apple ရဲ့ $1,000 iPhone က တကယ်တမ်း အစအဆုံးဆင်ဖို့ Sticker ကပ်ထားတဲ့ဈေးထက် တဝက်တောင်မကုန်ဘူးဆိုတာ သိပါတယ်။ Maybe, အဲ့ဒီပိုတင်ထားတဲ့ဈေးမှာ R&D Costs ၊ Marketing Campaign နဲ့ Company တစ်ခုလုံးရဲ့ ဝန်ထမ်းစရိတ်တွေထည့်ပေါင်းရင်တောင်မှ Overall Sale Numbers တွေပါလာပြီဆိုရင် ဒီဈေးကို Justify လုပ်ဖို့က ခက်ပါတယ်။ ဒါပေမယ့် Apple က လာမယ့် iPhone 11 ကို Samsung Note 10 ထက် ပိုရောင်းရအောင်ဆိုပြီး အမြတ် ၅ ရာခိုင်နှုန်းပဲယူမယ်ဆိုပြီး ကြေညာဖို့မပြောနဲ့ $700, $800 နဲ့တောင်ရောင်းလာပါ့မလား? ($1,100 ဆိုရင်တောင် ဖြစ်နိုင်သေးတယ်)

ဒီလိုမျိုး ဈေးတင်လိုက်တယ်ဆိုတာက အရင်ဆုံး Previous Gen ထက်ပိုကောင်းလာတယ်၊ ပိုပြီး Design လှလာတယ် (Pun Intended) ၊ ကျန်တဲ့အရာတွေအကုန်လုံးမှာ Improve ဖြစ်လာတယ်ဆိုတဲ့ Mindset တစ်ခုကို ပေးဖို့ကိုလိုနေလို့ပါ – နောက်တစ်ခုက ဈေးပိုတင်လိုက်တော့ ပိုအမြတ်ကျန်ပြီး အဲ့ဒီပိုရမယ့်အမြတ်တစ်ခုနဲ့ နောက်တစ်ခါ ဒီ ကုမ္ပဏီကပေးနေတဲ့ Product ဒါမှမဟုတ် Service က ပိုကောင်းလာရမယ်ဆိုတဲ့ Commitment တစ်ခုပြန်ပေးတာပါ။ (*More on that Commitment later)

အဲ့တော့ Tim Cook တစ်ယောက် Keynote တိုင်းမှာ Apple က Consumer တွေရဲ့ Privacy နဲ့ Service ပိုင်းကို အမြဲတမ်း Deeply Committed လုပ်ထားတယ်ဆိုတာက ပြောနေကြစကားတစ်ခုဖြစ်လာပြီးတော့ ဒါကလည်း Apple ကို အသစ်ထွက်သမျှ Product တိုင်းမှာ ဈေးပိုတင်လို့ရတယ်ဆိုတဲ့ Free Pass တစ်ခုနီးနီးဖြစ်လာတာပါ။ Maybe, Apple က Privacy နဲ့ Service ပိုင်းပိုကောင်းလို့ သိန်း ၂၀ ပေးပြီး ဝယ်ထားတာလို့ပြောရင် လှောင်ရယ်မယ့်သူတွေအများကြီးရှိမှာပါ – ဒါပေမယ့် တဖက်မှာ ဒါကြောင့်ပဲ ဝယ်နေတဲ့သူတွေလည်း ရှိနေဦးမှာပါ။

ဒါပေမယ့် ဒီလိုမျိုး စမတ်ဖုန်း Industry တစ်ခုထဲမှာ Capitalism တစ်ခုရှိနေဖို့ အရေးကြီးတဲ့အချက်ရှိနေပါသေးတယ်။ ဒါက Consumption ပါ။ ဒီလိုမျိုး ဈေးပိုတင်ပြီး Greed is Good ဆိုတိုင်းရောင်းနေပေမယ့် လူတွေက Demand မရှိတော့ပဲ ဈေးပိုသက်သာတဲ့ Brand တွေဘက်ကိုရောက်သွားမယ်ဆိုရင် ဒါက ဒီလိုမျိုး Capitalism-based ကုမ္ပဏီတွေအတွက်အထိနာပါတယ်။ ဒါက အခုလည်း Mostly Chinese Market ကြောင့် စပြီးဖြစ်နေပြီလို့ပြောလို့ရနေပြန်တော့…

လောလောဆယ်မှာ ဒီဈေးအကြီးဆုံးဆိုတဲ့ Capitalism-based ဖုန်းတွေက $1000 ဝန်းကျင်မှာ Threshold တစ်ခုအနေနဲ့ ရပ်နေတယ်။ ဒါပေမယ့် ဒီနေရာမှာ ရပ်နေဖို့ထက် နောက်နှစ်လောက်မှာတင် ပိုဈေးကြီးတဲ့ Threshold တစ်ခုကို ရောက်သွားဦးမှာပါ။ ဒါက ရှောင်လွှဲလို့မရသလို ဒီဖုန်းတွေရည်ရွယ်တဲ့ Market တစ်ခုက No လို့ ငြင်းမှရပ်မယ့်ကိန်းပါ။ အဲ့တော့ Chinese Phones တွေ၊ ဒီ Flagship Killer တွေရှိလာတယ်ဆိုပေမယ့် ဒီဈေးကွက်တစ်ခုကတော့ ဆက်ရှိနေဦးမှာပါ။

ကဲ… နောက်ထပ်တခြားတဖက်ကနေ ပြန်ပြောကြည့်တာပေါ့။

ဘာလို့ ကျွန်တော်တို့ ဒီ Flagship Specs နဲ့ မိုးထိုးနေတဲ့ဈေးပေးပြီး စမတ်ဖုန်းတွေကို ဝယ်နေကြသေးတာလဲ?
အဖြေတစ်ခုထဲက ကျွန်တော်တို့သာ လက်မခံရင်နေမယ်… ဒီ Capitalism စိတ်တစ်ခုက အမြဲတမ်းလိုလိုကို စိတ်ထဲမှာရှိနေပြီးသားပါ။ ပြောရရင် ဒီ Snapdragon 845 ပါတဲ့ဖုန်းတစ်ခုကို ၄၊ ၅ သိန်းပေးပြီး ဝယ်နိုင်နေတဲ့အချိန်မှာ ဒီ Pixel 3 ကို နောက်ထပ် ၁၀ သိန်းလောက်ပိုပေးပြီး ဝယ်ခဲ့တာတွေ၊ ဒါမှမဟုတ် iPhone အသစ်ထွက်လို့ ရှိနေတဲ့ iPhone ကနေ လဲတာတွေ၊ နောက်ဆုံး ဒီဈေးမှာ Performance အကောင်းဆုံးဆိုတဲ့စိတ်တစ်ခုနဲ့ Flagship Killer ဖုန်းတစ်ခုဝယ်ခဲ့တာ.. ဒါတွေအကုန်လုံးက ဒီ Capitalism စိတ်တစ်ခုပါ – ပြောရရင် ကိုယ့်ဆီမှာရှိနေတဲ့ဖုန်းကို အားမရလို့ပိုကောင်းတာဝယ်မယ်ဆိုတဲ့စိတ်နဲ့ပဲ ဝယ်တာများပါတယ်။

ဒါပေမယ့် ဒီနေရာမှာ ဈေးနှုန်းက အဓိကမကျတာပါဘူး။ ပြောရရင် Geek လို့ သတ်မှတ်ထားကြတဲ့ Price-to-Performance သမားတွေအနေနဲ့ကတော့ ဈေးအနည်းဆုံးနဲ့ Performance အကောင်းဆုံးရတဲ့ဖုန်းတွေကို ကိုယ့်ဘာသာကို ရွေးပြီးဝယ်တတ်တယ်၊ အဲ့ဒါကိုလည်း ဂုဏ်ယူနေတတ်ကြပါတယ်။ ဒါက ပြောချင်တဲ့ Topic မဟုတ်တော့ ဈေးဆိုတာကို ခဏထားပါ။

Capitalism စိတ်ဆိုတာက ဈေးကို ဦးစားပေးလိုက်တာထက် Least Compromise ဖြစ်နေပြီးတော့ အကုန်လုံးမှာ စိတ်ထပ်ပြီး မရှုပ်ချင်တဲ့ဖုန်းတစ်ခုကို ရွေးတာမျိုးပါ။ အရှင်းဆုံးပြောရရင် iPhone ပေါ့။ ဒီ iOS Ecosystem တစ်ခုထဲ ပိတ်နေပြီးသား တစ်ယောက်၊ ဒီ Compromise နည်းပြီး Convenient ဖြစ်အောင်ဆိုပြီး Latest iPhone တွေကို ဆက်တိုက်ကိုင်လာတဲ့လူတစ်ယောက်ကို Android Flagship ပေးကိုင်ရင် MacBook နဲ့ ချိတ်ဖို့ကအစ တိုင်ပတ်နေတာကြုံဖူးနေကြဖြစ်မှာပါ။ အဲ့တော့ ဘာကြောင့် Android ဖုန်းတွေက Camera ၊ Specs တွေ ပိုကောင်းနေတာတောင် ဘာလို့ iPhone ကိုင်နေတုန်းလည်းဆိုရင် ဒီ Ecosystem ကြောင့်ဆိုပြီးပြန်ပြောတာက ယုတ္တိအရှိဆုံးအဖြေတစ်ခုဖြစ်လာပါတယ်။

နောက်တစ်ခုက ပြန်ရလာတဲ့ Service နဲ့တခြားပိုင်းမှာ Compromise မရှိတာပါ။ ပြောရရင် ဒါက Android တွေဘက်ပိုရောက်ပါတယ်။ ဒီမှာ Official သွင်းနေတဲ့ Latest Flagship ဖုန်းတွေဝယ်ထားတယ် – ဒီ Performance ကို တခြားဈေးအများကြီးပိုသက်သာတဲ့ Brand တွေမှာ ရတယ်ဆိုပေမယ့် Display ၊ Build Quality လိုမျိုးတွေမှာပါ Compromise မရှိတာမျိုး၊ ပြီးတော့ After Sale Service တွေ… ဒါတွေကိုပါ အကုန်စဉ်းစားတာမျိုးက အရင်တုန်းက Prefer ဖြစ်တဲ့အရာတစ်ခုတော့မဟုတ်ပေမယ့် ဒါက In the defense of Capitalism ဆိုတော့ ထည့်ပြောရမယ့်အရာဖြစ်လာတာပါ။

နောက်တစ်ခုက After Sale Service တွေ.. ဒီ Flagship Brand တော်တော်များများမှာ လောလောဆယ် Locally Offline Service တွေတော်တော်များနေပါပြီ။ နောက်ပြီး Home Service တွေနဲ့ ကိုယ်က Service သမားကို ဖုန်းဆက်ပြီး ပြင်ထားတာရပြီလား ဖုန်းဆက်နေရတာမျိုးမဟုတ်ပဲ ချက်ချင်းပြန်ပြင်ပေးတာမျိုးတွေအထိဖြစ်လာတယ်… တစ်ချို့က Screen Replacement လိုမျိုးကို Free/Discount ပေးတာမျိုးအထိ လုပ်လာကြတယ်။ နောက်ဆုံး တလောက Google Feed ပြဿနာတက်တုန်းက သုံးနေတဲ့ Pixel 3 ကနေ 24/7 Chat ကတဆင့် ကိုယ့်ဖုန်း Screen ကို Screen Share နဲ့ Google Technician တစ်ယောက်က ကိုယ့်ဖုန်းကို Override ပေးလုပ်ပြီး ပြင်ပေးတာမျိုးအထိဆိုတော့ Maybe, this is why these phones are expensive ဆိုတာမျိုးဖြစ်လာတယ်။

ဒါပေမယ့် ဒါတွေက တကယ်လိုအပ်လို့လား?

အမှန်အတိုင်းပြောရရင် လောလောဆယ်အထိ Tech Gadget က Review လုပ်ဖြစ်သမျှထဲမှာ Aftersale Service တွေ၊ ဒါမှမဟုတ် ဖုန်းနဲ့မသတ်ဆိုင်တဲ့သီးခြား Complimentary တွေကို မပြောခဲ့ပါဘူး။ ပြောဖို့လည်း မရှိပါဘူး။ အခုအချိန်အထိလည်း လိုအပ်တယ်တော့ မထင်… Samsung မှာလည်း အချိန်အကန့်အသတ်တစ်ခုနဲ့ မေးလို့ရတဲ့ On-Device Chat Support ရှိပေမယ့် တစ်ချိန်လုံး Service Center လာခိုင်းနေတာမျိုးဆိုရင်လည်း သိပ်မဟုတ်ဆိုတော့။ ဒါပေမယ့် Google လုပ်သလို 24/7 Technician Support နဲ့ ဆိုင်သွားပြနေတာထက် ကိုယ့်ဖုန်းကို Screen Cast နဲ့ Override လုပ်တာကတော့ တော်တော်လေးကို Impressed ဖြစ်မိတာမျိုးတော့ရှိ… မကောင်းတာကြတော့ အဲ့လိုလုပ်ပြီးထဲက ပြန်အဆင်ပြေတယ်ဆိုပေမယ့် ကိုယ့်ဖုန်းကို ကိုယ်ပိုင်တယ်ဆိုတဲ့ Feeling ကို မရတော့ :3

အဲ့တော့ လိုအပ်တယ်ဆိုတာက ပြောခဲ့သလို ဖုန်းဝယ်တဲ့အချိန်မှာ Compromise နဲ့ Convenient ကိုပိုကြည့်တတ်တဲ့သူတွေအတွက်တော့ လိုအပ်ကောင်းလိုအပ်လိမ့်မယ်။ ဒါပေမယ့် အနည်းဆုံး ဖုန်းတစ်ခုအပေါ်မှာပဲ Deciding Factor ချတတ်တဲ့သူတွေအတွက်ကတော့ Value ထက် Vanity တစ်ခုဖြစ်နေဦးမှာပါ။
အဲ့ဒါဆို လူတိုင်း ဒီ Price-to-Performance ကိုပဲ ကြည့်ပြီးဖုန်းတွေဝယ်နေကြရင်ရော?
တကယ်လို့သာ လူတိုင်း Performance ကိုပဲ ကြည့်ပြီးတော့ ဒီ Specs ပါတဲ့ဈေးအနည်းဆုံးဖုန်းတွေကိုပဲ ဝယ်နေကြမယ်ဆိုရင် ဒီ Capitalism က ရှိတော့မှာကို မဟုတ်ပါဘူး။ ပြောရရင် Socialism လမ်းစဉ်လိုက်နေသလို အသုံးလိုသလောက်ပဲ သုံးပြီး ပစ္စည်းဈေးတွေကိုလည်း Overall ဝင်ငွေကို ပြန်ကြည့်ပြီး လူတိုင်းတတ်နိုင်တဲ့ဈေးတစ်ခုမှာပဲ ရှိနေအောင် Regulate လုပ်ထားတာမျိုးပါ။

But the thing is… တကယ်လို့သာ ဒီလိုမျိုး ဈေးနှုန်းကို အဓိထားလိုက်မယ်ဆိုရင် ဒီဈေးဝန်းကျင်ပဲ ဝယ်မယ့်သူတွေအတွက်ကတော့ ကိုယ့်စိတ်ထဲမှာ တခြားပိုကောင်းပြီး ပိုဈေးကြီးတဲ့ဖုန်းတွေရှိနေပြီးတော့ ဒီဖုန်းတွေနဲ့ မယှဉ်နိုင်သေးဘူးဆိုတဲ့ သိမ်ငယ်စိတ်ပဲဖြစ်ဖြစ်၊ ငါ့ဖုန်းက ဈေးအများကြီးသက်သာပြီးတော့ ဈေး ၂ ဆလောက်ပိုကြီးတဲ့ဖုန်းတွေထက် Performance ပိုကောင်းတယ်၊ ငါရွေးတာက ဉာဏ်ပညာရှိတယ်ဆိုတဲ့စိတ်ပဲဖြစ်ဖြစ်၊ မတတ်နိုင်ပေမယ့် ပိုကောင်းတဲ့ဖုန်းကိုပဲ ထပ်ပိုက်ဆံစုပြီး ဝယ်လိုက်ရမှာဆိုတဲ့စိတ်ပဲဖြစ်ဖြစ်…နောက်ဆုံး မဖြစ်မနေ ဈေးအကြီးဆုံးဖုန်းကို အရစ်ကျလိုမျိုး Plan တစ်ခုခုနဲ့ ဝယ်လိုက်ပြီး Obsessed ဖြစ်နေတာမျိုးတွေတော့ လုံးဝပျောက်သွားမယ်။ ပြောရရင် ဒီ Socialism စနစ်လိုမျိုးသုံးပြီး အခုဖြစ်နေတဲ့ မြင်နေရတဲ့အတိုင်း Performance အရတော့တူတဲ့ သိန်း ၂၀ တန် Flagship နဲ့ ၅ သိန်းတန် Flagship Killer ဖုန်းတွေယှဉ်နေတာ ပျောက်သွားတယ်။ လုံးဝ Peaceful ဖြစ်သွားနိုင်တယ်ပေါ့။

ဒါပေမယ့် တဖက်မှာ ဒီ Capitalism စိတ်ရှိနေပြီးတော့ ဈေးထက် အပေါ်မှာပြောသွားတဲ့ Service တွေ၊ Feature တွေ… ပြီးတော့ ဒီ Compromise နည်းပြီး Convenient ဖြစ်ဖို့ကို ပိုလိုတဲ့သူတွေအတွက်က ဒုက္ခအကြီးအကျယ်ကိုရောက်မှာပါ။
ဘာကိုပြောချင်တာလဲ?

iPhone ကို ဒီထက်အများကြီးဈေးပိုသက်သာပြီးတော့ ၅ သိန်း၊ ၆ သိန်းလောက်နဲ့ သုံးနိုင်မယ်ပဲထား.. ဒါပေမယ့် ဒီဈေးသက်သာသွားတဲ့အတွက် Apple Devices တွေအချင်းချင်းချိတ်ဖို့ AirDrop သုံးလို့မရတော့တာမျိုး၊ iMessage ကို သုံးချင်ရင် တစ်လကို ၁၀ ဒေါ်လာပေးနေရတာမျိုး၊ App Store က အခုလိုမျိုး အကောင်းစားစီစစ်နေတာတွေမရှိတော့ပဲ Google Play Store လိုမျိုး ပေါက်ကရ App တွေပါ ရောက်လာတာမျိုး၊ နောက်ဆုံး iCloud နဲ့ Device Sync ကိုသုံးချင်ရင် လစဉ်ကြေးပေးပြီး ထပ်ဝယ်နေရတာမျိုးအထိဖြစ်လာနိုင်ပါတယ်။ ဒါက Capitalism Driven Company တွေကို အခုပြောနေကြသလို Overprice ဖြစ်နေတာကနေ လက်ရှိ ဈေးအပေါဆုံး Flagship ဖုန်းရဲ့ ဈေးအတိုင်း Quality မလျော့ပဲဈေးချခိုင်းရင်ပါ – Maybe, Apple လည်း iPhone ကို အမြတ် ၅ ရာခိုင်နှုန်းပဲယူပြီး Set-up Screen မှာ User တွေကို Ads Recommendation On ပေးပြီး အဆင်ပြေရင် Setting မှာကြော်ငြာထည့်မယ် ဆိုတဲ့ စာတန်းတစ်ခုတိုးလာနိုင်တာပေါ့။

နောက်ပြီး ကျန်တဲ့ Android ဖုန်းတွေ… သေချာတာကတော့ Pixel ဖုန်းတွေလည်း ဈေးက Flagship Killer ဖုန်းတွေထက်တောင် Specs ပိုနိမ့်တော့ Flagship Killer ထက် ဈေးပိုနည်းပြီးရောင်းမယ်ဆိုတာနဲ့ ကျိန်းသေတာက Google က ထုတ်တယ်ဆိုပေမယ့် Day One Android Update ရတော့မှာမဟုတ်၊ Google Photos ကို Original Quality Backup လည်းရမှာမဟုတ်၊ 24/7 Chat & Phone Support မပြောနဲ့ Pixel Launcher အစား Android One ဖုန်းတစ်ခုအတိုင်း အခွံသတ်သတ် UI တစ်ခုပဲဖြစ်၊ Now Listening နဲ့ On Device Assistant လို Exclusive Feature တွေလည်းပျောက်.. နောက်ဆုံး Camera ပိုင်း Software Processing ကလည်း သာမန် Android ဖုန်းမှာ GCam ထည့်ထားသလိုပဲဖြစ်သွားလောက်မှာပါ။ အဲ့တော့ Pixel ဖုန်းကို ဝယ်ရမယ့်အကြောင်းပြချက်လည်း ပျောက် :3
တဖက်မှာလည်း S10 လို၊ P30 Pro လိုဖုန်းတွေကို Flagship Killer ဈေးနဲ့ရမယ်ဆိုတာက ဒီ S10 နဲ့ Display ကို ဘယ်လိုမှမရနိုင်တော့တာမျိုး၊ OneUI အစား TouchWiz နဲ့ပဲ သုံးရမယ်ဆိုတာမျိုး… Huawei ဆိုလည်း ၅ သိန်းလောက်နဲ့ဆိုရင် P30 Pro ရဲ့ Camera အစား 50x Digital Zoom နဲ့ SuperSpectrum RYYB Sensor တွေအစား Sony 48MP Sensor သုံးထားတယ်ဆိုပြီး ပြောင်းကြော်ငြာနေရလောက်မှာပါ။

နည်းနည်းပြောတာများသွားပေမယ့် တကယ်လို့သာ ဈေးနဲ့ Justify လုပ်ရမယ်၊ Price-to-Performance ပဲအဓိကဖြစ်နေပြီးတော့ ဖုန်းတစ်ခုက ဒီဈေးမှာပဲဖြစ်သင့်တယ်ဆိုတဲ့ စိတ်တစ်ခုက တဖက်မှာ ဒီလိုမျိုး Capitalism ဘက်ကို ဦးစားပေးတဲ့သူတွေအတွက် တကယ့် အိမ်မက်ဆိုးတစ်ခုဖြစ်လာမှာပါ။ တကယ် Flagship ဖုန်းအသစ်တစ်ခုထွက်လာပြီးတော့ အသစ်ပါလာတဲ့ Feature ကတစ်ခုထဲဖြစ်နေရင်တောင် တခြားဖုန်းတွေမှာ မရနိုင်လို့ ဈေးကို ၂ ဆ ၃ ဆပိုပေးဝယ်တယ်ဆိုတာမျိုးလည်းမရှိတော့သလို Innovation For Everyone ဆိုပြီး ဖုန်းတိုင်း Numbers အရ ပိုများတဲ့ 48MP Camera တွေပဲဖြစ်နေတော့မှာပါ။ အဲ့ဒါဆိုရင်ရော အဆင်ပြေနိုင်ဦးပါ့မလား?

So, Why Still Hate the Capitalism?

Socialism နဲ့ Capitalism မှာ လူတိုင်းတန်းတူညီမျှဖြစ်နေပြီးတော့ Middle Class ကိုပဲဦးစားပေးတဲ့ Socialism ထက် ပိုက်ဆံကို မဖြစ်ဖြစ်အောင် ပိုသုံးဖို့၊ ဈေးကို ပိုကြီးဖို့… ပြန်ရတဲ့အမြတ်က ပိုများဖို့ဆိုတဲ့ Greed is Good ဆိုတဲ့ Capitalism က ပိုပြီး မြန်မြန်ဆန်ဆန်နဲ့အောင်မြင်နိုင်နေပါသေးတယ်။ အနည်းဆုံး အခုအချိန်အထိတော့ ဖုန်းတွေက လက်လှမ်းမမှီတဲ့ဈေးကို ထပ်ခုန်တက်နေဦးမှာပါ။

လူတန်းစားခွဲခြားတယ်ဆိုတာထက် ဖုန်းနဲ့မဆိုင်တဲ့တဖက်က ထပ်စဉ်းစားရင် Netflix ကနေ တစ်လကို ၁၂ ဒေါ်လာလောက်ပေးပြီး 4K Movie/Series တွေကို ကိုယ်ကြိုက်တဲ့ Device မှာ App သွင်းလိုက်တာနဲ့ ကြည့်လို့ရနေတာနဲ့ Quality ခပ်စုတ်စုတ် 720p HDRip Movie ကို Channel Myanmar မှာ ကြော်ငြာတွေလိုက်ကျော်ပြီး တစ်ခုချင်းလိုက် Down နေတာမျိုးပါ။ ဒါမှမဟုတ် Spotify or Apple Music ကို တစ်လ ၁၀ ဒေါ်လာပေးပြီးနားထောင်တာထက် YouTube Music Video တွေကို VidMate (if that’s still right app) နဲ့ နားထောင်တာက Convenient ဖြစ်တာ ကွာသလိုမျိုးပါ။ ဒါပေမယ့် ဒီလိုမျိုး တစ်လကို Service ဖိုးတွေပဲ ၃ သောင်းလောက်ပေးပြီး သက်သက်သာသာနေမလား.. ဒီပိုက်ဆံကို အပိုဖြုန်းတာလို့ သတ်မှတ်နေပြီး တစ်ခုချင်းစီ အချိန်ပိုပေးပြီး အလုပ်ရှုပ်ခံဦးမလားဆိုတာက လူပေါ်ပဲမှုတည်နေဦးမှာပါ။
အဲ့တော့ In the Defense of Capitalism ဆိုပြီးလည်း ခေါင်းစဉ်တပ်ထားတော့ ဒီနေရာမှာ ပြောသင့်တာက ပြောလည်းအပိုပဲဖြစ်မယ့် Flagship ဖုန်းတွေ၊ ဒါမှမဟုတ် ကိုယ်မလိုတဲ့ Feature တစ်ခုပါပေမယ့် တခြားသူတွေအတွက် ဈေးပိုပေးရလောက်အောင် အသုံးဝင်တဲ့ Feature ဖြစ်နေလို့ သုံးနေကြတဲ့ ဒေါ်လာ ၁၀၀၀ တန်ဖုန်းတွေက လူတိုင်း အနည်းဆုံးဈေးတစ်ခုနဲ့ Flagship Performance ရအောင်ထုတ်ထားတဲ့ဖုန်းတွေတော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။ တဖက်မှာလည်း ဒီဖုန်း ၂ မျိုးကိုင်ထားတဲ့သူအချင်းချင်း Peace ဖြစ်မှာလည်းမဟုတ်သလိုပေါ့။

ဘာပဲဖြစ်ဖြစ် အခု In the Defense of Capitalism ဆိုတော့ နောက်ပိုင်းမှာ ပြောင်းပြန်မဟုတ်တောင် အရင်တုန်းကရေးဖူးတဲ့ How to Compromise ဆိုတဲ့ Article ပုံစံမျိုးတော့ ပြန်ရေးဖြစ်ဖို့ရှိပါတယ်။

Anyway, Thanks for Reading.
#TechGadgetMM #TG_TechTalks