Gaming Laptop ဝယ်မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ

ကျွန်တော်တို့ဒီနှစ်အတွင်းမှာ ဆက်တိုက်ကို ဒီ Gaming Laptop တွေ Generation အများကြီးကို သေချာစမ်းဖြစ်လိုက်တယ်။ ဒါပေမယ့် အမြဲတမ်း Product တစ်ခုကိုပဲ စွဲပြီး Review လုပ်၊ Product Information တွေ Share ပေးဖြစ်ပေမယ့် တကယ်တမ်းကြတော့ အခုမှစပြီး Gaming Laptop တစ်လုံးဝယ်ဖို့ စဥ်းစားနေတဲ့သူတွေကို ဘယ် Laptop ဝယ်ရမလဲ၊ ဘယ်လို ရွေးချယ်သင့်လဲဆိုတာကို ပြောဖို့ မေ့နေခဲ့တယ်…။

ဆိုတော့ အခု Article က Laptop တွေအကြောင်း၊ Product တွေအကြောင်းထက် Gaming Laptop တစ်လုံးဝယ်ပြီဆိုတာနဲ့ ဘယ်လိုအချက်တွေကို သိထားသင့်တယ်၊ ကိုယ့်အသုံးပြုမှုအပေါ်မှာ မူတည်ပြီး ဘယ်လိုမျိုး အချက်တွေကို ဦးစားပေးရွေးချယ်သင့်သလဲဆိုတာကို အဓိကထားပြီး ပြောသွားမှာပါ။

အရင်ဆုံးကတော့ Laptop ပဲဖြစ်ဖြစ်၊ တခြားဘယ် Product ပဲဖြစ်ဖြစ် အရေးအကြီးဆုံးလို့ပြောရမယ့် Specifications ပါ။

ဒီနေရာမှာ ပထမဆုံးပြောရမှာက Processor ပိုင်း – ဒီ Processor ပိုင်းမှာ လောလောဆယ် Gaming Laptop တွေမှာ Intel သို့မဟုတ် Ryzen Processor တွေကိုပဲ သုံးကြတယ်။ တခြား Apple M Series Chip တွေ၊ Qualcomm Snapdragon Chip တွေလိုမျိုး ARM-based Processor တွေရှိပေမယ့် Gaming Laptop တွေမှာတော့ Intel နဲ့ AMD ပဲ သုံးကြတုန်းပဲ။

ကိုယ်က Intel ပဲဖြစ်ဖြစ်၊ AMD ပဲဖြစ်ဖြစ် ဘယ် Processor အမျိုးအစားကိုရွေးရွေး ပထမဆုံးကြည့်ရမယ့်အချက်က ကိုယ်ရွေးချယ်တဲ့ Processor က အရမ်း Generation အောက်နေတာမျိုးမဖြစ်ဖို့ပါ။ လောလောဆယ်မှာ AMD ဆိုရင် Ryzen 7000 Series နဲ့ Intel မှာ 13th Generation အထိ ရောက်နေပြီ။ အဲ့ဒါကြောင့် ဒီအချိန်မှာ Gaming Laptop ဝယ်မယ်ဆိုရင် အနည်းဆုံး Generation ၂ ခုလောက်အထိပဲ အလျော့ပေးစဥ်းစားသင့်ပါတယ်။ ဒီနေရာမှာ Intel Processor တွေဆိုရင် 11th Gen နဲ့ 12th Gen – Generation ၂ ခုမှာ 12th Gen Processor တွေက Performance သိသိသာသာပိုကောင်းလာတဲ့အတွက် စျေးသိပ်မကွာရင် 12th Gen Processor တွေက ပိုရွေးချယ်သင့်ပါတယ်။

နောက်ထပ်တစ်ချက်က အဆိုပါ Processor တွေရဲ့ Performance Level ပါ – ဒါကို အလွယ် Intel ဆိုရင် i9/i7/i5/i3 နဲ့ Ryzen ဆိုရင်လည်း Ryzen 5/7/9 ဆိုပြီး ခွဲခြားထားပါတယ်။ Gaming Laptop အတော်များများက ဒီနေရာမှာ အနည်းဆုံး Ryzen 5 သို့မဟုတ် Intel i5 ကနေ စတင်ရောင်းချတဲ့အတွက် CPU ပိုင်း Bottleneck ဖြစ်မှာကို အရမ်းစိတ်ပူစရာတော့ လိုအပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချက်က Gaming Laptop တွေရဲ့ Processor တွေဟာ High Performance Processor တွေဖြစ်ဖို့ လိုအပ်ပြီး ဒါကိုတော့ Processor နံပါတ်တွေရဲ့ နောက်ဆုံးမှာ “H” သို့မဟုတ် “HX” ပါသလားဆိုတာကို ကြည့်ပြီး ပါတယ်ဆိုရင် High Performance Processor လို့ သတ်မှတ်နိုင်ပါတယ်။ (ဥပမာ – Intel i5-13500H, Ryzen 5600H)

အခုလို Processor ပိုင်းအပြင် ထပ်ပြီး ကြည့်ရမယ့် Specification တွေက RAM နဲ့ Storage အပိုင်းဖြစ်ပြီး RAM ကတော့ Gaming Laptop တစ်လုံးမှာ အနည်းဆုံး 16GB ရှိသင့်ပါတယ်။ ဒီလိုမျိုး 16GB RAM ကိုမှ အခုနောက်ပိုင်း Generation Laptop တွေက DDR4 အစား DDR5 RAM တွေနဲ့ဖြစ်လာတဲ့အတွက် ပိုမိုမြန်ဆန်မှာဖြစ်ပေမယ့် တကယ်တမ်းဆုံးဖြတ်တဲ့အချိန်မှာ DDR4 နဲ့ DDR5 ယှဥ်ရွေးဖို့ထက် သုံးထားတဲ့ RAM က Single Channel လားအစား Dual Channel ဖြစ်နေဖို့၊ ဒါ့အပြင် နောက်ပိုင်း RAM ကို အလွယ် Upgrade လုပ်နိုင်မလားဆိုတာတွေက ပိုပြီး အရေးကြီးပါတယ်။

ကျန်တဲ့ Storage ပိုင်းမှာတော့ Gaming Laptop တစ်လုံးမှာ အနည်းဆုံး 512GB PCI-E SSD ပါဝင်ဖို့လိုအပ်ပြီး ဒီ Storage Speed မြန်ဆန်လေ သုံးရတာ ပိုသွက်လက်လေဖြစ်နေမှာပါ။ တချို့သော Gaming Laptop တွေမှာ RAM လိုမျိုးပဲ Storage ကိုနောက်ထပ် SSD ထပ်တိုးချဲ့နိုင်တာကြောင့် မဝယ်ခင် ဒီအချက်ကလည်း မေးကြည့်သင့်ပါတယ်။

နောက်ဆုံးအနေနဲ့ Gaming Laptop တစ်လုံးမှာ အရေးအကြီးဆုံးအချက်ကတော့ Graphic Card ပိုင်းပဲဖြစ်ပါတယ်။ ဒီ Graphics Card ပိုင်းမှာ ကိုယ်က ဂိမ်းဆော့ဖို့ပဲဖြစ်ဖြစ်၊ Video/Photo Editing ပိုင်းတွေလုပ်မယ်ဆိုရင် လောလောဆယ်မှာ AMD Radeon Graphics Card တွေထက် Nvidia Graphics Card တွေက ပိုပြီး ရွေးချယ်သင့်ပါတယ်။

ဒီလိုမျိုး Nvidia Graphic Card တွေကို ရွေးချယ်တဲ့နေရာမှာလည်း အနိမ့်ဆုံး RTX30 Series Graphic Card ပါတဲ့ Gaming Laptop တွေကို ရွေးချယ်သင့်ပြီး ကိုယ်က စျေးပိုတက်နိုင်တယ်ဆိုရင် RTX40 Series Graphic Card အထိ တက်ပြီး ရွေးချယ်နိုင်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက RTX40 Series Graphic Card တွေဟာ လောလောဆယ်မှာ Nvidia ရဲ့ Frame Generation နည်းပညာတစ်ခုဖြစ်တဲ့ DLSS 3 လိုမျိုးကို ထောက်ပံ့နိုင်တဲ့ ဂိမ်းတွေနဲ့ ပါဝါစားသုံးမှုပိုနည်းတာကလွဲပြီး တကယ်တမ်း Raw Performance ပိုင်းမှာ RTX30 Series နဲ့ အများကြီး ကွာခြားခြင်းမရှိသေးပါဘူး။ ဒါကြောင့် RTX 3060 ပါတဲ့ Gaming Laptop နဲ့ RTX 4050 ပါတဲ့ Gaming Laptop လိုမျိုး Model တစ်ဆင့်နဲ့အထက် ကွာတဲ့ Laptop ၂ မျိုးကို ရွေးရပြီဆိုရင် ကိုယ်ဆော့ကစားမယ့်ဂိမ်းက DLSS 3 Support မလုပ်ဘူးဆိုရင် Model ပိုမြင့်တဲ့ RTX30 Series ကိုရွေးချယ်နိုင်ပါတယ်။

တစ်ဖက်မှာ ဒီလိုမျိုး Graphic Card တွေကို ယှဥ်ရွေးရပြီဆိုရင် ထပ်ပြီး ကြည့်သင့်တဲ့အချက်က အဆိုပါ Gaming Laptop က Graphic Card အတွက် ပါဝါဘယ်လောက်ပေးနိုင်လဲဆိုတဲ့ Total Graphic Power (TGP) ကိုလည်း သိထားသင့်ပါတယ်။ များသောအားဖြင့် RTX30 Series နဲ့ RTX40 Series Graphic Card တွေဟာ TGP ကို အနိမ့်ဆုံး 100W ဝန်းကျင်ရှိသင့်ပြီး တကယ်လို့ သိသိသာသာနည်းနေတယ်ဆိုရင် Graphic Card ရဲ့ စွမ်းဆောင်ရည်ကို အပြည့်မရတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါက ဆော့ကစားတဲ့ ဂိမ်းနဲ့လည်း သက်ဆိုင်တာကြောင့် မဝယ်ယူခင်မှာ အရင်ဆုံး Graphic Model တစ်ခုတည်းကိုမကြည့်ပဲ ကိုယ်ရွေးချယ်မယ့် Laptop ရဲ့ Review တွေကို လေ့လာထားသင့်ပါတယ်။

နောက်ထပ် ဒီ Gaming Laptop တွေမှာ Specs တွေလိုမျိုး အရေးကြီးတဲ့အချက်တစ်ခုက Display ပဲဖြစ်ပါတယ်။

Display ပိုင်းမှာ Gaming Laptop အတော်များများက IPS LCD Panel Display တွေကိုပဲ အသုံးပြုကြပြီး တချို့ High-end Gaming Laptop တွေမှာတော့ OLED Display သို့မဟုတ် ASUS Zephyrus M16 လိုမျိုး Laptop တွေဆိုရင် Mini-LED Display တွေကို အသုံးပြုကြပါတယ်။ Resolution ပိုင်းမှာလည်း Full HD Resolution က အနိမ့်ဆုံးရှိဖို့လိုအပ်ပြီး တချို့ Display တွေဆိုရင် 2K (QHD) Resolution အထိ ထောက်ပံ့ပေးနိုင်နေပြီဖြစ်ပါတယ်။

ဒီနေရာမှာတစ်ခုရှိတာက Gaming Laptop တစ်လုံးမှာ ကိုယ်က အရမ်း Performance မြင့်တဲ့ Gaming Laptop ကို ဝယ်ထားတာမျိုးမဟုတ်ရင် Full HD Resolution က ပိုရွေးချယ်သင့်ပြီး QHD Display လိုမျိုးဖြစ်သွားပြီး ကိုယ့် Graphic Card က နိမ့်နေရင် ဂိမ်းတွေမှာ Frame Rate ကျတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီ Frame Rate အနေနဲ့ကတော့ အခုနောက်ပိုင်း Gaming Laptop တွေဟာ 144Hz အနည်းဆုံးပါလာပြီး အခုဆို ASUS Gaming Laptop တွေဟာ 165Hz ၊ 240Hz Refresh Rate တွေအထိ ထောက်ပံ့ပေးနေကြပါပြီ။ ဒီ Refresh Rate က များလေ ပိုကောင်းလေလို့ ဆိုနိုင်ပေမယ့် ကိုယ်က Fast-paced FPS ဂိမ်းတွေမဆော့ဖြစ်ဘူးဆိုရင် သာမန် 165Hz လောက်က လုံလောက်ပါပြီ။ Refresh Rate အပြင် Screen Response Time ဟာလည်း 3ms နဲ့အောက်မှာ ရှိဖို့လိုအပ်ပြီး ဒီလိုမျိုး အမြန်ဆုံး Screen Response Time ကို ရရှိဖို့အတွက် ASUS လိုမျိုး Laptop တွေမှာ Armory Crate Software ထဲဝင်ပြီး Enable လုပ်ပေးဖို့ လိုအပ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့တစ်ချက်က Gaming Laptop တွေမှာ ဂိမ်းဆော့နေတုန်းတော့ သိပ်အရေးမကြီးပေမယ့် တခြားပုံမှန်အသုံးပြုမှုတွေမှာ အရေးကြီးတဲ့ Color Accuracy ပိုင်းကလည်း ထည့်ပြီး စဥ်းစားဖို့လိုအပ်ပါတယ်။ အခုအချိန်မှာ Gaming Laptop တစ်လုံးရဲ့ Display ဟာ 100% sRGB ကို အနည်းဆုံးထောက်ပံ့ပေးနိုင်ဖို့ လိုအပ်ပြီး အခုဆို ASUS က ထုတ်ထားတဲ့ Gaming Laptop တွေဆိုရင် QHD Resolution ကိုမှ 100% sRGB ထက် ပိုပြီး Color Accurate ပိုဖြစ်တဲ့ 100% DCI-P3 Wide Color Gamut ကိုပါ ထောက်ပံ့ပေးနိုင်ပြီဖြစ်ပါတယ်။

ကျန်တဲ့ Display နဲ့ဆက်နွယ်တဲ့အချက်တစ်ခုက Brightness ပိုင်းဖြစ်ပြီး အနည်းဆုံး Gaming Laptop တစ်လုံးမှာ အနည်းဆုံး 300nits ကတော့ ရှိသင့်ပါတယ်။ တချို့ ASUS ကနေ စျေးကွက်ထဲမှာရောင်းချနေတဲ့ Zephyrus M16 နဲ့ Zephyrus Duo 16 လိုမျိုး Gaming Laptop တွေဆိုရင် Mini-LED Display ကို အသုံးပြုထားတဲ့အတွက် HDR Content တွေမှာ အမြင့်ဆုံး 1,100nits Brightness အထိ ရရှိနိုင်တာကြောင့် လက်ရှိ စျေးကွက်ထဲမှာ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။

ဒါကတော့ Gaming Laptop တစ်လုံးကို ဝယ်တော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်တဲ့ အခြေခံအချက်တွေပဲဖြစ်ပါတယ်။

ဒီထက်ပိုပြီး သိထားသင့်တဲ့အချက်တွေကတော့ Cooling ပိုင်း၊ Battery ၊ Keyboard နဲ့ Connectivity ပိုင်းတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကို အနည်းငယ်ထပ်ပြီး ရှင်းပြရမယ်ဆိုရင် –

Cooling – Gaming Laptop တွေဟာ သာမန် Laptop တွေထက် Performance ပိုမြင့်မားတဲ့ Laptop တွေဖြစ်တာကြောင့် အပူထွက်ရှိမှုကလည်း ပိုများပါတယ်။ ဒါကြောင့် ဒီ Cooling ပိုင်းက Gaming Laptop တွေမှာ အခုနောက်ပိုင်းအရေးကြီးတဲ့နေရာက ပါဝင်လာပါတယ်။ Gaming Laptop တစ်လုံးမှာ အနည်းဆုံး Cooling Fan ကို ၂ ခုရှိသင့်ပြီး ဒါမှ CPU နဲ့ GPU ကို မျှမျှတတ အအေးပေးနိုင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်း ASUS Gaming Laptop တချို့မှာ RAM နဲ့ VRAM တွေကို ပိုပြီး အအေးပေးနိုင်ဖို့အတွက် တတိယမြောက် Fan ကိုပါ ထပ်ထည့်ပြီး Triple-Fan Cooling တွေကို အဆင့်မြှင့်တင်လာကြပြီဖြစ်ပါတယ်။

နောက်ထပ် Cooling ပိုင်းမှာ ကြည့်ဖို့လိုအပ်တဲ့အချက်က ပါဝင်တဲ့ Heat Pipe ၊ Heat Sink ပမာဏတွေ၊ Cooling အတွက် Laptop အောက်ခြေမှာ Intake Vent ထည့်သွင်းထားတာ လုံလောက်မှုရှိမရှိ၊ Exhaust နေရာကို စစ်ဆေးသင့်ပါတယ်။ အခုနောက်ပိုင်းမှာ ASUS Gaming Laptop လိုမျိုး တချို့ Gaming Laptop တွေက CPU Cooling ပိုင်းအတွက် ပုံမှန် Thermal Paste အစား Liquid Metal Thermal Paste ကို အသုံးပြုလာကြပြီး CPU အပူချိန်ကို သိသိသာသာလျော့ချပေးနိုင်နေပြီဖြစ်ပါတယ်။

Battery – Gaming Laptop တွေမှာ အရွယ်အစားနဲ့ Brand ပေါ်မှုတည်ပြီး ပါဝင်တဲ့ Battery Capacity က အမျိုးမျိုး ကွဲပြားပါတယ်။ အမြင့်ဆုံး လေယာဥ်ပေါ်ယူဆောင်သွားနိုင်တဲ့ပမာဏဖြစ်တဲ့ 99Wh အထိ Battery Capacity ကို ထည့်သွင်းထားကြပေမယ့် Battery Capacity များတိုင်း Battery ပိုခံမယ်ဆိုပြီး မှတ်ယူထားဖို့ကတော့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုရင် အသုံးပြုတဲ့ Processor ၊ Graphic Card နဲ့ Laptop ရဲ့ Optimization ပေါ်မှုတည်ပြီး အသုံးပြုနိုင်မယ့် Battery Life က ကွဲပြားမှာဖြစ်သလို Battery နဲ့ ဂိမ်းဆော့မယ်ဆိုရင်လည်း Power Limitation ကြောင့် Performance အပြည့်မရတာ၊ အချိန်တိုလေးပဲ ဆော့နိုင်တာမျိုးတွေကြုံရမှာပါ။ ဒါကြောင့် Gaming Laptop တွေမှာ Battery Capacity ဘယ်လောက်ပဲဖြစ်ဖြစ် သာမန် Web Browsing လုပ်မယ်ဆိုရင် Battery Life ၅ နာရီနဲ့ ၆ နာရီလောက်ကတော့ အသာလေးရနိုင်မှာပါ။

Connectivity – ဒီအပိုင်းကတော့ ပါနေကြ USB Port တွေထက် Gaming Laptop တစ်လုံးမှာ Network Lag မရှိပဲ Ethernet ကြိုးထိုးပြီး ဂိမ်းဆော့နိုင်အောင် LAN Port ပါဖို့လိုသလို Wi-Fi Connectivity ပိုင်းမှာလည်း Wi-Fi 6 နဲ့အထက်ကို ထောက်ပံ့ပေးနိုင်ရင် အဆင်ပိုပြေမှာပါ။ တစ်ခုရှိတာက Wi-Fi 6 ကို Gaming Laptop က ထောက်ပံ့ပေးရင်တောင် ကိုယ်သုံးနေတဲ့ Wi-Fi Router ကလည်း ISP ကပေးထားတာမဟုတ်ဘဲ Wi-Fi 6 Router ကို သုံးမှ Network Latency အနည်းဆုံးနဲ့ ဂိမ်းဆော့ကစားနိုင်မှာပါ။ အခုနောက်ပိုင်း ASUS အပါအဝင် တချို့ Gaming Laptop တွေမှာ USB-C ကနေ USB-PD ဖြင့်ပြန်အားသွင်းနိုင်တဲ့အတွက် ဒီလိုမျိုး အလွယ်ပြန်အားသွင်းနိုင်တာကလည်း အပြင်ကို Laptop ယူသွားရတဲ့အခြေအနေမျိုးမှာ အသုံးဝင်မှာဖြစ်ပါတယ်။

Keyboard – ဒီအပိုင်းကတော့ အများကြီး ပြောစရာမရှိဘဲ Gaming Laptop အတော်များများမှာ RGB Keyboard ပါဝင်ပေမယ့် တချို့ အမြင့်ပိုင်း Laptop တွေပဲ Key တစ်ခုချင်းစီ ပြင်ဆင်နိုင်တဲ့ Per-key RGB ပါဝင်မှာဖြစ်ပါတယ်။ Numpad ပါဝင်တဲ့ Gaming Laptop တွေက တချို့ ဂိမ်းတွေမှာ Control ပြုလုပ်ဖို့ ပိုမိုလွယ်ကူပြီး မပါဝင်တဲ့ Gaming Laptop တွေကလည်း စာရိုက်ရတာများတဲ့သူတွေအတွက် လက်ကို Center အလယ်မှာရှိနေစေတဲ့အတွက် ပိုပြီး သက်သောင့်သက်သာရှိစေမှာပါ။

နောက်ဆုံးအနေနဲ့ ကိုယ်ရွေးချယ်တဲ့ Gaming Laptop တွေမှာ Brand အလိုက် Control Center Software ထဲကို ဝင်ရောက်ပြီး ကိုယ့်စိတ်ကြိုက် Tuning ပြုလုပ်တာက ကိုယ့်အတွက် အဆင်အပြေဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပါ။ ဥပမာ – ASUS Gaming Laptop တွေဆိုရင် Armory Crate လိုမျိုး Software ကနေတစ်ဆင့် Performance Profile တွေ၊ Fan Profile တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်သလို Manual Overclock ပြုလုပ်တာမျိုးတွေ၊ Macro Command တွေအကုန်လုံးကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Gaming Laptop မှာ ပါလာတဲ့ Control Center Software ကို စစ်ပြီး ကိုယ့်စိတ်ကြိုက်ပြင်ဆင်ဖို့ကလည်း အရေးကြီးပါတယ်။

ဒီလောက်ဆိုရင် Gaming Laptop တစ်လုံးကို ဘယ်လိုမျိုး ရွေးချယ်ရမလဲဆိုတာကို အထိုက်အလျောက် ပိုသိသွားပြီလို့ပဲ မျှော်လင့်ပါတယ်။ အခုပြောသွားတဲ့အချက်တစ်ခုချင်းစီကိုလည်း Tech Gadget Page မှာ Video Series အနေနဲ့ တင်ထားပေးလို့ ဝင်ကြည့်နိုင်ပါတယ်…။

#TechGadgetMM