Why I’m using iPhone 12 mini (for almost 2 years)

“mini iPhone တွေက ဘယ်တော့မှ ဝယ်လို့မတန်တဲ့ဖုန်းတွေ” – ဒါက တော်တော်များများကြားဖူးနေကြဖြစ်မှာပါ။ ဒါပေမယ့် ကျိန်းသေတာက အဲ့လိုပြောတဲ့သူတွေက iPhone mini ကို ကိုယ်တိုင်ဝယ်မသုံးတဲ့သူတွေပါ။

အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ကိုယ်တိုင်ဝယ်သုံးနေဖြစ်တဲ့ Gadget တွေ၊ Product တွေအကြောင်း မပြောဖြစ်၊ Review မလုပ်ဖြစ်တာ တော်တော်ကြာပါပြီ။ Wandrd Prvke 21 Backpack လောက်ပဲ လုပ်ဖြစ်တာ။

ဘာကြောင့်လဲ?

အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ကိုယ်တိုင်၊ ကိုယ့်အတွက်သုံးနေတဲ့ဖုန်း၊ Product တွေကို အများအတွက် Review မလုပ်ချင်တာကြောင့်ပါ။ ကျွန်တော်တို့ ကိုယ်တိုင်ဝယ်သုံးဖြစ်တာက ကျွန်တော်တို့ရဲ့ Specific Need တွေကြောင့်ပါ။ ဆိုတော့ ဒါက အများအတွက် ဒါကြောင့်ဝယ်ဖြစ်တယ်၊ ဒါလိုက်ဝယ်ဆိုပြီး Influence လုပ်ချင်စိတ်မရှိတော့ပါဘူး။

ဆိုတော့ ဘာကြောင့် ဒီ iPhone 12 mini ကို ၂ နှစ်နီးပါး သုံးပြီးမှ စာရေးဖြစ်သလဲ?

ဒီလွန်ခဲ့တဲ့ ၂ နှစ်တာကာလ၊ ဒီအချိန်တွေဆိုတာက ပြန်ပြီး အသိပေးပြောစရာမလိုလောက်အောင် ကျွန်တော်တို့အတွက်၊ လူတိုင်းအတွက် ခက်ခဲခဲ့တဲ့အချိန်တွေပါ။ ဒီမှာ ငါသုံးနေတာ ဒီဖုန်း၊ ဒီလိုသုံးတယ်ဆိုပြီး ပြောရလောက်တဲ့အချက်မရှိခဲ့ပါဘူး။ ပြောရရင် ကျွန်တော်တို့အတွက် ဒီနှစ်တွေအပြီးမှာ ဖုန်းကို “အရာအားလုံးအတွက်” အားကိုးခဲ့တာ အလွန်နည်းပါးပါတယ်။

ဒါကြောင့်လည်း iPhone 12 mini ဆိုတာက ကျွန်တော်တို့အတွက် ဖုန်းတစ်လုံးဆိုတာထက် “Bare Minimum Tool” တစ်ခုထက် မပိုခဲ့ပါဘူး။ ဒီနေရာမှာ “Gadget” မဟုတ်တဲ့ “Tool” ဆိုတာက Keyword ပါ။ ဒီ iPhone 12 mini ဆိုတဲ့ အရာဝတ္ထုတစ်ခုဟာ ကျွန်တော်တို့အတွက် အနိမ့်ဆုံးအခြေခံလိုအပ်ချက်တွေအတွက် အသုံးပြုဖို့လိုအပ်တဲ့၊ လုံလောက်တဲ့ ကိရိယာတစ်ခုပါ။ ဒါပါပဲ။

ဘာကြောင့်လဲ?

ဒါ Another Why? ဆိုတဲ့ မေးခွန်းထပ်ဖြစ်လာပါတယ်။ လူတိုင်း၊ တကယ်ကို ဒီခေတ်ထဲမှာ ဆယ်ကျော်သက်ကစပြီး ၃၀ ဝန်းကျင် Millennial တွေအထိ လူတိုင်းအတွက် “ဘာဖုန်းကိုင်နေသလဲ” ဆိုတာက အကြီးမားဆုံး Obssesion (စွဲလမ်းမှု) တစ်ခု၊ ဒါမှမဟုတ် တခြားသော စွဲလမ်းမှုတွေအတွက် “Tool” (ကိရိယာ) မဟုတ်တော့တဲ့ “Gateway” (ထွက်ပေါက်) တစ်ခုဖြစ်လာလို့ပါ။ Yes – စမတ်ဖုန်းဆိုတာ လူတွေအတွက် “ထွက်ပေါက်တစ်ခု” သက်သက်အထိဖြစ်လာပါပြီ။

ဘာကြောင့် “ထွက်ပေါက်” လိုအပ်လာသလဲ? | ဘာကြောင့် “ထွက်ပေါက်” က ဒီလောက်ထိ အရေးပါလာသလဲ?

အဖြေက အစောပိုင်းက ပြောခဲ့သလို လွန်ခဲ့တဲ့ ၂ နှစ်ကျော်တာ ကာလတွေကြောင့်ပါ။ နောက်ထပ်တစ်ခုက ကျွန်တော်တို့ စောက်ပျင်းကြီးပြီး ဘာမှတိုးတက်ချင်စိတ်၊ လုပ်ချင်စိတ်မရှိတော့ဘူးလို့ပါ။ ဘာကြောင့် “ဖုန်းက ဘဝ” ဖြစ်လာသလဲ? ကျွန်တော်တို့ ဒီဖုန်းကလွဲပြီး တခြားဘာတစ်ခုမှ မလုပ်တတ်၊ မကိုင်တတ်၊ လုပ်ချင် ကိုင်ချင်စိတ်မရှိတဲ့အထိကို ပျက်စီးကုန် (ဒါမှမဟုတ်) စကားလှအောင်ပြောရရင် ဖုန်းကပဲ “အကုန်လုပ်နိုင်တယ်” ဆိုတဲ့ အတုအယောင် Illusion တစ်ခုမှာ ယုံကြည်သွားလို့ပါ။

ဖုန်းက ဘာကြောင့်အရေးပါသလဲဆိုတဲ့ မေးခွန်းကို လွန်ခဲ့တဲ့ ၁၀ နှစ်၊ သို့မဟုတ် ၅ နှစ်ကို ပြန်သွားပြီး မေးကြည့်ရအောင်…။

ကျိန်းသေပေါက် ကျွန်တော်တို့အပါဝင်လူအများအပြားဖြေမိမှာက “ဖုန်းမှာ အရေးကြီး Infomation တွေရှိနေတာကြောင့်” | နောက်တစ်ချက်က “ဖုန်းက လူတွေနဲ့ဆက်သွယ်ဖို့ အဓိကကျနေတာကြောင့်” ပါ။

ဒါပေမယ့် အခုအချိန်မှာ ဖုန်းတစ်လုံးဟာ “ဘဝတစ်ခုဖြစ်နေပါပြီ” | ဒီဖုန်းသုံးနေတယ်ဆိုတာက “ဆက်သွယ်ဖို့” “အသုံးချဖို့” မဟုတ်တော့ပဲ ဒီဖုန်းရှိမှ “နေ့စဥ်ဘဝတစ်ခုလည်ပတ်နေတဲ့အထိ” ဖြစ်လာပါတယ်။

Still needs “ဥပမာ”?

  1. Facebook မှာ ကိုယ်ကြိုက်တဲ့၊ သဘောကျတဲ့ Content Creator တစ်ယောက်က ဖုန်းနဲ့ ပုံရိုက်၊ ပုံတင်၊ စာရေးနေတတ်တယ်၊ ဒါကို အားမရလို့ Video လုပ်ပါလားဆိုရင် ကျိန်းသေပေါက် ဖုန်းက အဆင့်တစ်ခုရှိတဲ့ Video ရိုက်နိုင်၊ အသံဖမ်းနိုင်တဲ့အဆင့်မရှိရင်၊ Creator ကိုယ်တိုင်က Lighting ၊ Editing Process တွေ ဘယ်လိုလုပ်ရတယ်ဆိုတာကို နားမလည်ရင် ဒါမှမဟုတ် အဲ့ဒီ “ဖုန်းထက်ပိုတဲ့” Equipment Tool တွေကို မသုံးတတ်ရင် လုပ်နိုင်မှာမဟုတ်ပါဘူး။
  2. ဘယ်လောက်ပဲ ဖုန်းနဲ့ ဓါတ်ပုံကောင်းကောင်းရိုက်တတ်ပါစေ၊ ဘယ်လောက်ပဲ ဖုန်းတွေရဲ့ Camera Sensor တွေအကြောင်း၊ နည်းပညာတွေအကြောင်း စာဖတ်တတ်၊ ပြန်ပြောတတ်တယ်ဆိုရင်တောင် အဲ့လူတစ်ယောက်ကို Professional Camera တစ်လုံးသွားပေးပြီး အကုန် Manual Mode နဲ့ ရိုက်ခိုင်းရင် တိုင်ပတ်မှာ သေချာပါတယ်။ ဒါတောင် ဓါတ်ပုံတစ်ပုံရိုက်ဖို့အတွက်ပါ၊ တခြား Camera သုံးရင် သိရတဲ့ Back Button Focus ၊ Bracketing နဲ့ တခြား Term တွေက ထားပါ။
  3. ဖုန်းမှာ ဘယ်လောက်ပဲ ဂိမ်းဆော့လို့ကောင်းကောင်း၊ ဒါတွေဟာ တကယ့် PC Gaming သို့ Console Gaming တွေရဲ့ Horse Power နဲ့ ယှဥ်လိုက်ရင် ခုထိ နည်းနေတုန်းပါ။ ဒါပေမယ့် ဖုန်းမှာပဲ ဂိမ်းဆော့တဲ့သူတွေအခုထိ အများကြီးပါ။

ဘာကြောင့်လဲ? ဘာကြောင့် ဖုန်းက ဒီလောက်အထိ အရေးပါတဲ့အခြေအနေတစ်ခုကို ရောက်နေတာလဲ?

This could trigger a lot of people – ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ယူဆချက်တစ်ခုက ဖုန်းကို မှီခိုတာအရမ်းများလာတာက မှီခိုလေလေ၊ အဲ့ဒီလူ (Individual) ဟာ Professional တစ်ယောက်လို့ သတ်မှတ်နိုင်တဲ့ Standard ကနေ ဝေးကွာသွားလေပါ။

ဘာကိုဆိုလိုသလဲဆိုတာကို နည်းနည်းပြန်ရှင်းပါမယ်။ Maybe, ဒီစာကို ဖတ်နေတဲ့သူအတော်များများကတော့ Relate လုပ်နိုင်၊ ကြုံဖူးချင်မှ ကြုံဖူးမှာဖြစ်ပေမယ့် ဒါကို အကောင်းဆုံးရှင်းပြလို့ရတဲ့ Field ၂ ခုရှိပါတယ်။ Creative Field ထဲက ၂ ခုဖြစ်တဲ့ Design နဲ့ Production ပါ။

Facebook Group တွေထဲကြည့်လိုက်ရင် Logo တစ်ခုကို ၅၀၀၀ လောက်နဲ့ ဖုန်းက Canva (သို့) တခြား Application တစ်ခုခုနဲ့ လုပ်ပေးနေတဲ့သူတွေအများကြီးပါ။ ဒါပေမယ့် တကယ့် လုပ်ငန်းကြီးတွေအတွက် ငွေကို သိန်းဆယ်ဂဏန်းနဲ့အထက်၊ ဒေါ်လာထောင်ဂဏန်းအထိ ယူပြီး Logo လုပ်နေတဲ့ Design Professional တွေကိုပဲ အပ်ကြပါတယ်။ ဒီ ၂ ခုအကြားမှာ ကွာဟချက်က အဆထောင်၊ သောင်းမက များပါတယ်။

နောက်ထပ် Production – Video Project တစ်ခုခုကြောင့် Production တစ်ခုကို တာဝန်ယူခိုင်းမယ်ဆိုရင် အဲ့ Production က ဘာအလုပ်မှမလုပ်ခင် ကျနိုင်တဲ့ Budget ကို အရင်တောင်းပါတယ်။ ဒါက At least ကို သိန်း ဆယ်ဂဏန်းကနေ ရာ၊ ထောင်ဂဏန်းအထိရှိနိုင်ပါတယ်။ ဒီလို တောင်းတဲ့အတွက် Production ဘက်က ဘာလုပ်ပေးရသလဲဆိုရင် ဒီ Project မှာ သုံးမယ့် Gear List ကို ချပြရပါတယ်။ ဒါဟာ သုံးမယ့် ကင်မရာ၊ Lighting ၊ Mic ၊ Equipment တွေရဲ့ အမျိုးအစား၊ စျေးနှုန်း၊ ပြီးတော့မှ အဲ့မှာ ရိုက်ကူးတာတွေ၊ Edit တာတွေလုပ်မယ့် Professional တွေရဲ့Fee ပါပါတယ်။ (Maybe အနည်းငယ်ကွဲလွဲနိုင်ပါတယ်)

ဘာကြောင့်လဲ? Professional အလုပ်တစ်ခုလို့ သတ်မှတ်လိုက်တာနဲ့ ကျိန်းသေ ထိုက်သင့်တဲ့ Professional Fee တစ်ခုက ကပ်ပြီးပါလာပါတယ်။

ဒါကြောင့်လည်း ဒီလို Professional Tool တွေ သုံးနေကြ Professional တွေက ဖုန်းနဲ့ Video Project တွေရိုက်ပြ၊ Short Film တွေရိုက်တာက အထူးအဆန်းသတင်းတစ်ခုဖြစ်နေပြီး သာမန်ဖုန်းပဲ သုံးနေတဲ့သူတွေက အဲ့အဆင့်အထိ တက်ရိုက်တာမျိုး မရှိသလောက်ရှားတာပါ။ ဒါက Pain in the Ass Reality တစ်ခုဖြစ်ပေမယ့် This is Life ပါ။

What is all this has to do with iPhone 12 mini?

Nothing ပါ – ဘာကြောင့်လဲဆိုတော့ iPhone 12 mini မှာ ကျွန်တော်တို့ အရေးပါတယ်လို့ လုံလောက်တဲ့အရာတစ်ခုမှ မလုပ်တာကြောင့်ပါ။ ဒါကြောင့်လည်း ရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ ဖုန်းဆိုတာ Foodpanda မှာလို့ရ၊ Grab သုံးလို့ရရင် ရပြီလေ ဆိုတဲ့အထိတောင် ဖြစ်နေတာပါ။

ကျွန်တော်တို့ iPhone 12 mini ကို ဘာကြောင့်သုံးနိုင်သလဲ?

အရင်ဆုံး ကျွန်တော်တို့ရောက်နေတဲ့ Society တစ်ခုအရ iPhone သုံးဖို့ဆိုတာ လိုအပ်ချက်တစ်ခု၊ Necessarity တစ်ခုဖြစ်လာပါတယ်။ ဒါက ပတ်ဝန်းကျင်မှာ Commnicate လုပ်ဖို့ လိုအပ်တဲ့ iMessage ၊ AirDrop ၊ App Compatibity တွေ၊ ကိုယ်တိုင် M2 MacBook Air ကို On The Go သုံးနေတာတွေကြောင့်ပါ။ Android ဖုန်းတစ်လုံးထပ်ကိုင်တာ အရေးမကြီးပေမယ့် Android ဖုန်းတစ်လုံးကို Main အနေနဲ့ သုံးလို့မရတော့တဲ့အထိ Locked In ဖြစ်သွားပါပြီ။

iPhone 12 mini မှာ ဘာတွေသုံးလဲဆိုတာကို မပြောခင် ဘာတွေမသုံးဘူးလဲဆိုတာကို အရင်ပြောတာပိုကောင်းပါတယ်။

No Video – လူတိုင်းအတွက် ဖုန်းက ရုပ်ရှင်ကြည့်၊ Video ကြည့်တဲ့ Device ဖြစ်နေတဲ့အချိန်မှာ iPhone 12 mini ကို သုံးဖြစ်တဲ့ ၂ နှစ်နီးပါးကာလမှ လုံးဝနီးပါး Video တစ်ခုမှမကြည့်ဖြစ်ပါဘူး။ ကျွန်တော်တို့အတွက် ရုပ်ရှင်၊ YouTube Video တွေ၊ Netflix တွေကြည့်ချင်ရင် ဒါဟာ ပထမဆုံး Screen အကြီးဆုံးဖြစ်တဲ့ အိမ်က Desktop PC Monitor မှာပါ၊ တကယ်လို့ On The Go ဖြစ်နေရင် ဒါဟာ MacBook Air ပေါ်မှာပါ။ အဲ့ ၂ ခုမရှိနေဘူးဆိုရင် IU သီချင်းအသစ်ထွက်လို့ ချက်ချင်းကြည့်ချင်တာလောက်ကလွဲရင် ဖုန်းမှာ မကြည့်ပါဘူး။

ဒါက iPhone 12 mini Display သေးလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး – ကျွန်တော်တို့ စမ်းဖြစ်တဲ့ Review Unit ဖုန်းတွေမှာတောင် စမ်းနေဖြစ်တဲ့အချိန်ကလွဲပြီး ကိုယ့် Personal အတွက် မကြည့်ဖြစ်တာများပါတယ်။

No Music on Speaker – ဒါက ဖုန်းရပြီးတည်းက၊ ဒါမှမဟုတ် iPhone 12 mini မတိုင်ခင်တည်းကပါ။ ကျွန်တော်တို့ ဖုန်း Speaker နဲ့နားထောင်ရမယ့်ကိစ္စဆိုလို့ တချို့ AirPods မပါတဲ့အခြေအနေမှာ Voice Message တွေကလွဲပြီး မရှိပါဘူး။ ဖုန်းမှာ Speaker တွေ ဘယ်လောက်ကောင်းကောင်း၊ AirPods သို့ နားကြပ်က အသံပိုကောင်းပြီး ပို Personal ဖြစ်တယ်၊ ဒါမှမဟုတ် Desktop PC နဲ့ MacBook Speaker တွေက နှိုင်းယှဥ်မရလောက်အောင် ပိုကောင်းပြီး Streaming Service တွေပဲ သုံးတဲ့အတွက် ဖုန်းမှာပဲ ဖွင့်လို့ရတဲ့အကြောင်းပြချက်မရှိနေဘူး။ နောက်ဆုံး Bluetooth Speaker တွေရှိမယ်။

(Almost) No Photo – ကျွန်တော်တို့ iPhone 12 mini နဲ့ ဓါတ်ပုံရိုက်ပါသေးတယ်။ ဒါပေမယ့် Tech Gadget Page အတွက် Pixel 2/3 တုန်းကလိုမျိုး အလုပ်အတွက် လုံလောက်တဲ့ ဓါတ်ပုံ Quality ကို မရဘူးလို့ ခံစားရတာရယ် (အထူးသဖြင့် Portrait ပိုင်းတွေမှာ) ၊ ကျွန်တော်တို့ ဓါတ်ပုံတွေအတွက် Mirrorless Camera တစ်ခုကို Zoom Lens အပြင် Prime Lens ၃ လုံးလောက်ဖြစ်သွားတဲ့အချိန်၊ Backpack ကို Wandrd Prvke 21 ပြောင်းပြီး အမြဲလိုလို Camera က Ready ဖြစ်နေတဲ့အချိန်မှာ iPhone 12 mini နဲ့ ဓါတ်ပုံရိုက်ဖြစ်တယ်ဆိုတာ မရှိသလောက်ကို နည်းသွားပါတယ်။ ဘာလို့ Quality ပိုင်းမှာ အများကြီးကွာတဲ့ ဖုန်းကို သုံးပြီး ရိုက်နေရဦးမလဲဆိုတာမျိုးအထိ ဖြစ်လာတယ်။

No Game – ဒါက တော်တော်လေးထူးဆန်းနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တကယ်ကို iPhone 12 mini မှာ အင်တာနက်မရတဲ့အချိန်တုန်းကနဲ့ တခါတလေလောက်ပဲ Candy Crush Level ဂိမ်းတွေဆော့ဖြစ်တာကလွဲပြီး လုံးဝ Mobile Game မဆော့ဖြစ်ပါဘူး။ ဂိမ်းမဆော့တတ်တဲ့သူဖြစ်လို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ PC မှာ Valorant ကို တော်တော်လေး Addicted ဖြစ်လိုက်တယ်၊ ဘယ်လောက်ထိလဲဆိုရင် Mouse ကို ၄ သိန်းကျော်လောက်တန်နေတဲ့ Logitech G Pro X Superlight ၊ ဒါကို Mouse Feet တင် ၃ သောင်းကျော်လောက်ထပ်အကုန်ခံပြီး Tiger ICE Feet ၊ MousePad ကို ၁ သိန်းကျော်ပေးပြီး Xraypad Aqua Control Plus ၊ ၄ သိန်းနီးပါးထပ်သုံးပြီး Headset ကို Logitech G Pro X ၊ နောက်ဆုံး အကုန်လျှောက်မှာပြီး $500 ကျော်လောက်အထိ ဖြုန်းထားတဲ့ Keychron Q2 Custom Keyboard ၊ အဲ့အပြင် 240Hz Gaming Monitor တွေအထိကို သုံးခဲ့တာပါ။ ဒါတွေက ကျိန်းသေ Flagship iPhone 14 Pro Max ကို အေးဆေးကောက်ဝယ်နိုင်တဲ့ပမာဏတစ်ခုဖြစ်နေပြီ။

ဆိုတော့ ဖုန်းကို ဘာတွေသုံးနေသလဲ…?

တကယ်တမ်းက ကျွန်တော်တို့ iPhone 12 mini ကို ဖုန်းလို့ပဲ သဘောထားပြီး ဖုန်းလိုပဲ သုံးနေတာပါ။ ဒါက Communication လုပ်ဖို့အတွက် သုံးတယ်၊ ဒီနေရာမှာ ဖုန်းပြောဖို့၊ လိုတိုရှင်း Message ရိုက်ဖို့၊ Twitter နဲ့ Social Media နည်းနည်း Checkup လုပ်ဖို့ပါပဲ။ ပြီးရင် သွားလာဖို့၊ အစာရှာဖို့ Grab နဲ့ Foodpanda။ ဒီနေရာမှာ ဂိတ်ဆုံးပါပြီ။ အစမှာ ပြောခဲ့သလိုပဲ iPhone 12 mini ဟာ ကျွန်တော်တို့အတွက် ဒီအတိုင်း “Tool” တစ်ခုသပ်သပ်ပဲဖြစ်နေတုန်းပါ။

ဘာကြောင့် iPhone 12 mini ဖြစ်ရမလဲဆိုတဲ့ အကြောင်းပြချက်မရှိပေမယ့် အရှေ့ကပြောသလို Tool ချင်းအတူတူ iPhone 12 mini က “Bare Minimum” အဆင့်ဖြစ်နေပါတယ်။ ဆိုလိုချင်တာက Latest iPhone တွေအတိုင်း Face ID ပါမယ်၊ ပြီးတော့ Face Mask တပ်ထားတုန်း Unlock လည်းလုပ်လို့ရဦးမယ်၊ Performance ကလည်း လက်ရှိအသုံးပြုတဲ့ပုံစံအတိုင်းဆိုရင် အဆင်ပြေတယ်၊ eSIM ကို Support လုပ်နေသေးတဲ့အတွက် တခုခုအလုပ်ကိစ္စကြောင့် ခရီးသွားဖြစ်တဲ့နိုင်ငံမှာ Physical SIM ကိုထုတ်လိုက်၊ သွင်းလိုက်လုပ်မယ့်အစား eSIM Register လုပ်ပြီး သုံးရုံပဲ။ ယုတ်စွ 64GB Storage က ပုံမှန်ဆိုရင် ဘယ်လိုမှမလောက်ပေမယ့် Apple One ဝယ်သုံးနေတော့ ဓါတ်ပုံတွေကလည်း iCloud ကို ပြောင်းပေးတော့ အခုထိ တဝက်လောက်က လွတ်နေသေးတယ်။

ပြီးတော့ အရင် Pixel 2/3 သုံးခဲ့တဲ့သူတစ်ယောက်အတွက် iPhone 12 mini က မတရား Compact ဖြစ်ပြီး ဘယ်လိုမျိုးဝတ်ထားဝတ်ထား၊ ထည့်မရတဲ့အိတ်ကပ်မရှိတော့ပါဘူး။ နောက်ပြီး Review လုပ်ရ၊ စမ်းနေရတဲ့ Device တွေ၊ ဖုန်းတွေက ကြီးလာတဲ့အချိန်မှာ Personal Device က Compact ဖြစ်နေတာက ပိုပြီး အဆင်ပြေသွားတယ်။

Tool တစ်ခုအနေနဲ့ သဘောထားလိုက်တာက ဘယ်နေရာမှာ ပိုပြီး စိတ်ကိုအဆင်ပြေသွားသလဲဆိုတော့ ဂရုစိုက်နေစရာမလိုတော့တာပါ။ ကျွန်တော်တို့ စဝယ်တည်းက အခုထိ No Screen Guard ၊ No Case သုံးနေတာ အခုထိပဲ။ ခဏခဏပြုတ်ကျတယ်၊ ခုထိ Minor Damage ကလွဲပြီး ဘာမှမဖြစ်သေးဘူး။ နောက်ဆုံး Tool တစ်ခုဖြစ်နေတဲ့အတွက်၊ အကုန်လုံးနီးပါးက Cloud Based ဖြစ်နေတဲ့အတွက် တစ်ခုခုဖြစ်ခဲ့ရင်တောင် ဒီ Tool ကို Repair လုပ်ရင်လုပ်၊ မလုပ်ရင် Replace လိုက်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ဖြစ်သွားပါတယ်။

The Elephant in the room?

အခုဆိုရင် iPhone 12 mini က Battery Health 82% အထိဖြစ်သွားပြီ၊ ဒါက 100% နဲ့ 95% ဝန်းကျင်ထက် ပိုပြီး Battery Drain ဖြစ်တာပိုများလာတယ်။ ဒါက ဖုန်းကို ဖုန်းထက်ပိုပြီး အကုန်လုံးသုံးမယ့်သူတွေအတွက် Deal Breaker ဖြစ်ပေမယ့် ကျွန်တော်တို့အတွက်ကြတော့ Manageable ဖြစ်နေတယ်။ ဖုန်းက အိမ်မှာအမြဲတမ်း MagSafe Charger ပေါ်မှာရှိနေတော့ အမြဲတမ်း အားက 80% က အနည်းဆုံးရှိနေတယ်၊ တနေရာရာသွားလို့ ကောက်ယူသွားလည်း အဲ့ဒီ 80% ကနေ 20% လောက်ကုန်ဖို့က Minimum ၄ နာရီလောက် OST သုံးရမယ်။ ဆိုတော့ Half day လောက်အပြင်ခဏထွက်လည်း အရမ်းစိုးရိမ်ဖို့မလိုဘူး။ အဲ့ထက်ပိုပြီး အပြင်ထွက်ဖြစ်လည်း ကျွန်တော်တို့အတွက်က Backpack or Carry-on အိတ်တစ်ခုပါတော့ Power Bank ဆောင်သွားရုံပဲ။

ပြီးတော့ ဒီ Battery က အခုထက်ဆိုးလာပြီး 80% အောက်ရောက်သွားရင် ပိုတောင်ကောင်းသေးတယ်။ Apple Store တစ်ခုခုကို လမ်းကြုံ၊ မကြုံကြုံအောင် သွားပြီး မနက် Walk-in ဝင်ပြ၊ Battery Replacement လုပ်လိုက်ရုံနဲ့ အချိန် ၂ နာရီလောက်ပေးပြီး 100% Battery Health ပြန်ရမယ်။ Cost ကလည်း အခုစျေးတက်သွားတောင် ၂ သိန်းခွဲဝန်းကျင်ပဲ။

Maybe, ကျွန်တော်တို့ တော်တော်လေးကို iPhone 15 Series ကို ကြိုက်မိမှ အသစ်လဲဖြစ်တော့မယ်၊ အဲ့ဒီအစား တခြားပိုပြီး ကျွန်တော်တို့ အလုပ်အတွက် ပိုလိုအပ်တာကို ဦးစားပေးပြီး iPhone 12 mini ကိုပဲ ဆက်ပြီး Battery လဲသုံးဖို့ ဖြစ်နိုင်ခြေက ပိုများနေတယ်။

Do We Want (a) Flagship Phone?

Flagship ဖုန်းဆိုတာက ကျွန်တော်တို့အတွက် ကိုင်သင့်တယ်လို့ ယူဆတဲ့အခြေအနေတစ်ခုပဲရှိပါတယ်။ ဒါက Social Status တစ်ခု၊ Impression တစ်ခုကို လိုချင်တဲ့အချိန်ပါ။

စျေးတန်လို့၊ ဒီစျေးနဲ့ Flagship Specs ရလို့ Flagship ဖုန်းကိုင်တယ်ဆိုတာက အမှန်အတိုင်းပြောရင် ဖုန်းသာ Latest & Greatest Flagship ဖြစ်နေတယ်၊ တကယ်ကိုင်တဲ့လူက အစောပိုင်းက ပြောသလို Professional အဆင့်အထိ အလုပ်လုပ်နေရတဲ့သူတွေဖြစ်ဖို့ တော်တော်ခက်ပါတယ်။

တစ်ချို့ တစ်ချို့သော အများကြီးဝင်ငွေရှာနိုင်ပြီး ကိုယ်တိုင် ဖုန်းနဲ့ပဲ အလုပ်လုပ်နေတဲ့သူတွေမရှိဘူးလားဆိုတော့ မဟုတ်ပါဘူး၊ ရှိပါတယ်။ ကျွန်တော်တို့လေးစားရတဲ့သူတွေထဲမှာတောင် ဖုန်းနဲ့အလုပ်လုပ်တဲ့သူတွေရှိပေမယ့် များသောအားဖြင့် သူတို့က Oversee ကြည့်တာမျိုးတွေလောက်၊ ဒါမှမဟုတ် Command ပေးနေရတာမျိုး၊ နောက်ဆုံး ဖုန်းနဲ့ အလုပ်လုပ်လို့ရတဲ့ Online Shopping လိုမျိုးတွေလောက်ပဲ များပါတယ်။ အရှေ့မှာပြောခဲ့သလို ဖုန်းနဲ့ အလုပ်လုပ်ပြီး Professional အဆင့်အထိရောက်တဲ့ Designer ၊ Videographer တွေ မတွေ့မိသလောက်ကို နည်းပါတယ်။

ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဖုန်းကို ကျွန်တော်တို့ သုံးသလောက်ပဲ သုံးတဲ့သူတွေ၊ တမင်ကို သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေမှာ iPhone 14 Pro Max ကိုင်ဖို့လိုတဲ့ Social Impression တစ်ခုကြောင့်ပဲ ကိုင်နေတဲ့သူတွေရှိနေတာပါ။ လောလောဆယ်မှာ ကျွန်တော်တို့အတွက် အဲ့လို Social Impression တစ်ခုမလိုအပ်ဘူးလို့ မြင်တုန်းပဲ၊ ဒါကြောင့် နောက်ထပ်ဖုန်းလဲဖြစ်ရင်တောင် ဒါက Bare Minimum iPhone တစ်လုံးဖြစ်လာဦးမှာပါ။

And that’s all.

ဒါကြောင့် ကျွန်တော်တို့ ကိုယ်ပိုင်အမြင်ကို မရေးဖြစ်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အခုကိစ္စတွေအများကြီးဖြစ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့အတွက် သုံးဖြစ်တဲ့ပစ္စည်းတွေဟာ ကျွန်တော်တို့အတွက် ပိုပြီး ရေရှည်အကျိုးပြုတဲ့၊ အနည်းဆုံး ကိုယ့် Productivity ကို Push နိုင်တဲ့ ပစ္စည်းတွေဖြစ်နေပြီး အဲ့ထဲမှာ ဖုန်းက မပါနေတော့ပါဘူး။

ဒါကြောင့်လည်း ကျွန်တော်တို့အမြင်ကို “အများအမြင်အတွက်” ဆိုပြီး အတင်း Influence လုပ်ချင်စိတ်လည်းမရှိတော့တာပါ။ အခုထိ ငါက ဒီဖုန်းအမြင့်ကို ကိုင်မှရမယ်၊ အဲ့ဒီအစား ကိုယ့်အတွက် အလုပ်ပိုလုပ်နိုင်၊ ဝင်ငွေပိုရှာနိုင်မယ့် နည်းလမ်းတွေ၊ ပစ္စည်းတွေကို Invest လုပ်ဖို့ကို မမြင်သေးဘူးဆိုရင်လည်း စျေးအတန်ဆုံး Flagship ဖုန်းကို ကိုင်ပါ။ မကိုင်နိုင်သေးဘူးဆိုရင်လည်း လူတိုင်းကြုံနေရတဲ့ Inflation ကြောင့် မတန်တဆတက်သွားတဲ့စျေးတွေကြားမှာ ကိုယ်မမှီတော့တဲ့ Flagship ဖုန်းတွေကို မတန်ဘူးဆိုပြီး ဆက်ပြောနေပါ။

At the end, this ends our article and you goes on with your life.

#TechGadgetMM