ASUS Zephyrus M16 (2022) Review : Our Personal Favorite Gaming Laptop of the Year

အမှန်အတိုင်းပြောရရင် ဒီနှစ်တစ်နှစ်ထဲမှာတင် ကျွန်တော်တို့ Gaming Laptop တွေတော်တော်လေးကို စမ်းဖြစ်တာပါ။ ASUS Republic of Gamers (ROG) ကထုတ်တာတွေပဲဆိုပေမယ့် Zephyrus Flow Z13 လိုမျိုး Gaming Tablet တွေ၊ Strix G733 လိုမျိုး All-Out 17” Gaming Laptop တွေ၊ ပြီးတော့ Innovative အဖြစ်ဆုံးလို့ ပြောလို့ရတဲ့ Zephyrus Duo 16 တွေ ဒါတွေအကုန်လုံးပါပါတယ်။ ကျန်တဲ့ Strix G15, Zephyrus G15, TUF တွေ မပါသေးပါဘူး။

ဒါပေမယ့်လည်း ကျွန်တော်တို့အတွက် အကြိုက်ဆုံးလို့ ပြောလို့ရမယ့် Personal Favorite Gaming Laptop ဆိုရင် အခုပြောသွားတဲ့ Laptop တွေတစ်ခုမှမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အခု ပြောသွားမယ့် Zephyrus M16 က ဒီနှစ်မှာ ကျွန်တော်တို့အတွက် အကြိုက်ဆုံး သဘောအကျဆုံး Gaming Laptop ဖြစ်သွားလို့ပါ။

Design

So Minimalist!

Zephyrus M16 ကို အထဲမှာ ဘာ Specs တွေ သုံးထားတယ်၊ ဘယ်လိုမျိုး Config လုပ်ထားတယ်ဆိုတာကို မသိသေးခင် အရင်ဆုံး Laptop ကို ဘူးထဲ စဖွင့်လိုက်တာနဲ့ တော်တော်ကို သဘောကျသွားတာပါ။ ဒါက အဓိကအနေနဲ့ ဒီ Understated ဖြစ်တယ်ပဲပြောမလား၊ Minimal ဖြစ်တယ်ပဲ ပြောရမလားဆိုတဲ့ ဒီ Design ကြောင့်ပါ။

လုံးဝကို Stealth Black ဖြစ်နေတယ်၊ ဒါပေမယ့် Zephyrus G15 လိုမျိုးပဲ နောက်ဖက် Lid က Pattern တွေမှာက တချို့ Lighting Angle မှာ Gradient Design လုပ်ထားသေးတယ်။ ဒါတင်မဟုတ်သေးဘဲ Keyboard Deck က Texture ကလည်း Matte ဖြစ်ပြီး လက်တင်ပြီး စာရိုက်တဲ့အချိန်မှာ တကယ်ကို Experience က မိုက်တယ်။ ပြီးတော့ Display ကလည်း 180-Degree Flip လို့ရသေးတယ်။ ပြီးတော့ တော်တော်သဘောကျတာက ဒီ Display ကို Flip တဲ့ Angle ပေါ်မှုတည်ပြီး အောက်က ထောက်ထားတဲ့ ပုံစံက ပြောင်းသွားသေးတယ်။ တော်တော်ကို မိုက်တယ်။

အမှန်အတိုင်းပြောရရင် Zephyrus M16 ကို စစခြင်း ဘူးဖောက်ပြီး ကြည့်လိုက်ထဲက Impression က ဘာနဲ့သွားတူသလဲဆိုရင် Razer Laptop တစ်လုံးကို ကိုင်သုံးရတာနဲ့ တော်တော်ကို တူတယ်။ ဒါက ဘယ်ကောင်က ပိုကောင်းတယ်ဆိုပြီး ပြောချင်တာထက် စစခြင်း ကိုင်ကြည့်လိုက်တာနဲ့ ဒါက Premium Laptop တစ်လုံးပဲဆိုပြီး တန်းသိနိုင်တာမျိုးကို ပိုပြီး ဆိုလိုချင်တာပါ။ $2,000 လောက်ထိ တက်တဲ့ Zephyrus M16 က စျေးကြီးပါတယ် – ဒါပေမယ့် Specs တင်မဟုတ်ဘဲ Quality မှာတင် တခြား Gaming Laptop တွေထက် အများကြီး ပိုကောင်းတာကလည်း သိသာပါတယ်။

တစ်ခုတော့ရှိတယ် – အဲ့ဒါဘာလဲဆိုတော့ ဒီ Zephyrus M16 က တော်တော်လေးကို Gaming Laptop မဆန်ပါဘူး။ Keyboard ကလည်း RGB တောင်မပါတဲ့ White Backlit Only ပါ။ Maybe ဒါကြောင့်လည်း ကျွန်တော်တို့အတွက် Zephyrus M16 က အကြိုက်ဆုံး Gaming Laptop ဖြစ်နေတာလို့ ပြောလို့ရပေမယ့် ကိုယ်က Gaming Laptop ပုံစံဖြစ်နေမှဆိုရင်တော့ Zephyrus G15 က ပိုအဆင်ပြေလောက်ပါတယ်။ အထူကလည်း 19.9mm နဲ့ 2Kg Weight ဆိုတော့ 16” Gaming Laptop တစ်လုံးအတွက်က ပုံမှန်လောက်လို့ ပြောလို့ရတယ်.

Display

အမှန်အတိုင်းပြောရရင် Display Specs အနေနဲ့ဆိုရင် Zephyrus M16 က QHD ကို 165Hz ပဲရှိပါတယ်။ ပိုပြီး Gaming ဘက်ရောက်တဲ့ Zephyrus G15 က QHD ကို 240Hz ပါ။ ဆိုတော့ Gaming အတွက်ပဲ အဓိကဆိုရင် Zephyrus G15 က ပိုကောင်းပါတယ်။

ဒါပေမယ့် ဒီ နည်းနည်းကွာတဲ့ Refresh Rate ကို ကျော်ပြီး ကြည့်မယ်ဆိုရင် ကျွန်တော်တို့အတွက်ကတော့ Zephyrus M16 ရဲ့ Display က ပိုကောင်း၊ ပိုအဆင်ပြေတယ်။ ဒါကလည်း နာမည်က M16 ဆိုတဲ့အတိုင်း 16” ဖြစ်နေလို့ပါ။

16” ဖြစ်သွားတဲ့အတွက် ဘာပြောင်းလဲသွားသလဲဆိုရင် Aspect Ratio က ပုံမှန် 16:9 အစား 16:10 ဖြစ်သွားပါတယ်။ ဒါက Gaming တင်မဟုတ်ပဲ Content Creator တစ်ယောက်အနေနဲ့ တကယ်ကို Work & Play အတွက် အရမ်းအဆင်ပြေတဲ့ Laptop တစ်လုံးဖြစ်သွားတယ်။ ပြီးတော့ နောက်ထပ်တစ်ချက်က ကြည့်ရတဲ့ Quality နဲ့ Viewing Experience အပိုင်းမှာပါ။

Zephyrus M16 က ရှားရှားပါးပါး ROG Laptop တွေထဲမှာ Nebula Display အနေနဲ့ သတ်မှတ်ခံထားရတဲ့ Laptop ပါ။ အဓိပ္ပါယ်က ဒီကောင့် Display က လုံးဝကို 100% DCI-P3 Color Gamut ၊ Dolby Vision နဲ့ Adaptive Sync တွေကို အပြည့်အဝထောက်ပံ့ပေးထားပြီးသားပါ။ ပြီးတော့ Maximum Brightness ကို 500nits နဲ့ Screen-to-Body Ratio က 94% အထိကို ရှိပါတယ်။ 16” Laptop တစ်လုံးပေမယ့် တကယ်တမ်းမှာ 15.6” Zephyrus G15 ထက်တောင် ပိုသေးသလိုရှိပါတယ်။

ဆိုတော့ ဒီ Display က 165Hz ပဲရှိတယ်ဆိုပေမယ့် Quality ပိုင်းမှာတော့ အကောင်းဆုံးထဲမှာပါပါတယ်။ ကျွန်တော်တို့ကတော့ ဒီကောင့်ကို Screen-to-Body က အရမ်းကောင်းနေတော့ ဘာပဲလုပ်လုပ် ဒီ Display ဆီပဲ ပြန်ရောက်လာတယ်လို့တောင် ပြောလို့ရတယ်။ Valorant လို FPS ဂိမ်းတွေက 240Hz ရရင်တော့ ကောင်းပေမယ့် 165Hz လည်း လက်ခံနိုင်တဲ့အဆင့်ထက်တော့ အများကြီးပိုနေပါသေးတယ်။

Performance

Performance ပိုင်းကတော့ အခုနှစ် Gaming Laptop တွေအတိုင်းပါ – Intel 12th Gen i7-12700H ၊ RAM 16GB 4800MHz DDR5 ၊ Nvidia RTX 3060 ပြီးတော့ 1TB PCI-E Gen4 SSD ပါမယ်။ It’s All Flagship Level.

ဒါပေမယ့် Actual Performance မှာက ဒီ M16 က တော်တော်လေးကို Impressive ဖြစ်ဖို့ကောင်းတယ်။ ဘာလို့လည်းဆိုတော့ ပိုထူပြီး Gaming ဘက် ပိုရောက်တဲ့ Strix G15 လိုမျိုးနဲ့ တကယ် မတိမ်းမယိမ်း Performance ကို ထုတ်ပေးနိုင်တယ်။ ပြီးတော့ လုံးဝ Long Gaming Session တွေမှာတောင် ဒီကောင်က Fan သံ တော်တော်ကို ငြိမ်တယ်၊ လုံးဝ 50dB ဝန်းကျင်ပဲဆိုတာက တော်တော်ကို Impressive ဖြစ်ဖို့ကောင်းတယ်။ ပြီးတော့ Heat Issue လည်း လုံးဝကို မရှိဘူး။ တကယ် Thin & Light Gaming ပုံစံဖြစ်နေပေမယ့် Performance ပိုင်းမှာ လျော့လိုက်ရတာ မရှိသလောက်ပဲ။

ပြီးတော့ Nvidia RTX 3060 ကလည်း ပြောရရင် တခြား RTX 3070Ti လိုမျိုးပါတဲ့ Gaming Laptop တွေလောက်တော့ Performance မကောင်းတာမှန်တယ်။ တစ်ဖက်မှာကြတော့ တခြား Zephyrus G15 မှာ 3070Ti သုံးထားပေမယ့် QHD 240Hz ၊ ဒီ M16 ကြတော့ 3060 ကို 165Hz ဆိုတော့ သူ့ဟာနဲ့သူတော့ Performance က အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ Gaming မဟုတ်တဲ့ Productivity ပိုင်းတွေမှာလည်း တော်တော်အဆင်ပြေတယ်။

ကျန်တာကတော့ ပြောစရာသိပ်မရှိတော့ဘူး။ ဘာလို့လည်းဆိုတော့ ASUS က ဒီနှစ်ထုတ်သမျှ TUF ပါမကျန် Laptop အကုန်လုံးမှာ DDR5 RAM တွေ၊ PCI-E Gen4 SSD တွေဆိုတော့ ဒီ တကယ်အရေးပါတဲ့ Component တွေမှာ တော်တော်လေးကို Future-proof ဖြစ်နေပြီ။ Zephyrus M16 က လုံးဝ Performance အကောင်းဆုံး Gaming Laptop မဟုတ်ပေမယ့်လည်း ဘာပဲသုံးသုံး သုံးလို့ကောင်းတဲ့ Laptop ဆိုပြီး သတ်မှတ်လို့ရတယ်။

ပြီးတော့ ထူးထူးခြားခြား Zephyrus M16 ကို ညွှန်းဖြစ်သွားရတဲ့အချက်တစ်ခုရှိပါတယ်။

Battery Life

ပုံမှန်အားဖြင့် Intel 12th Gen Gaming Laptop တွေမှာ တွေ့ရတဲ့အချက်တစ်ခုရှိပါတယ်။ ဒါက Intel ကသာ Effiency Core တွေထည့်ထားတယ်ဆိုပေမယ့် တကယ်တမ်း Gaming မဟုတ်တဲ့ Lightweight Usage တွေ၊ သာမန် Office Work ၊ Web Browsing တွေမှာ Battery မခံတာပါ။ ပြောရရင် ဒီ Intel 12700H နဲ့ 12900H သုံးထားတဲ့ Laptop တွေက အများဆုံး ၄ နာရီကျော်၊ ၅ နာရီလောက်ပဲ အသုံးခံတာများပါတယ်။

ဒါပေမယ့် တကယ်ကို ထူးထူးခြားခြား ဒီ Zephyrus M16 က Battery Life တော်တော်ကို ကောင်းပါတယ်။ ဘယ်လောက်တောင်လည်းဆိုရင် သာမန် Working Hour တစ်ခုကို Charger မလိုပဲ သုံးလို့ရတဲ့အထိပါ၊ ဒါက ၇ နာရီကျော်လောက်အထိ ပုံမှန် သုံးလို့ရတာမျိုးပါ။ ASUS အနေနဲ့ ဒီအတွက် ဘယ်လိုမျိုး Optimization တွေလုပ်ထားသလဲ၊ ဒါမှမဟုတ် 90Wh Battery ကြောင့်ပဲလားတော့ မသိပေမယ့် တကယ်ကို Gaming မဟုတ်တဲ့ သာမန်အလုပ်တွေအတွက် ဒီ M16 က ကောင်းကောင်းကို ညွှန်းပေးလို့ရပါတယ်။

ပြီးတော့ အခုနောက်ပိုင်း ASUS Laptop တိုင်းမှာ ပါလာသလိုမျိုး 100W USB-C PD Charging ရတယ်။ Charging Adapter ကလည်း 240W ဆိုတော့ တခြား 280W Adapter တွေထက် နည်းနည်းပို Compact ဖြစ်တယ်။ ဆိုတော့ ဒီအပိုင်းနဲ့တင် Zephyrus M16 ကို တော်တော်လေးကြိုက်မိပါတယ်။

Keyboard/TrackPad

Keyboard is so good too!

နောက်ထပ် ကျွန်တော်တို့အကြိုက်ဆုံးဖြစ်လာတဲ့အချက်တစ်ခုပါ… ကိုယ်တိုင်လည်း နေ့တိုင်း စာရိုက်နေရတာများတော့ ဒီ Laptop တစ်လုံးမှာ Keyboard က တော်တော်လေးအရေးပါတဲ့နေရာမှာရှိပါတယ်။ ဒီနေရာမှာ Zephyrus M16 ရဲ့ Keyboard က Gaming Laptop အနေနဲ့ရော တခြား Zenbook တွေပါ ထည့်တွက်ရင်တောင် အကြိုက်ဆုံး Keyboard လို့ပြောလို့ရပါတယ်။

ဒါပေမယ့် ဘာကြောင့်အကြိုက်ဆုံးဖြစ်နေသလဲလို့ မေးရင်တော့ တော်တော်ဖြေဖို့ ခက်ပါတယ်။ Maybe, လုံးဝ Center ကျနေတဲ့ Position ကြောင့်ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် တခြား Laptop Keyboard တွေနဲ့ယှဥ်ရင် တော်တော်လေးကိုပိုသာတဲ့ 1.7mm Key Travel ကြောင့်ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဘယ်လောက်ရိုက်ရိုက် Lube လုပ်ထားတဲ့ Linear Switch ကို ရိုက်နေရသလို အသံတော်တော်ငြိမ်နေတာကြောင့်လည်းဖြစ်နိုင်တယ်။ ASUS က ပြောထားတဲ့အတိုင်းဆိုရင် Zephyrus M16 ရဲ့ Keyboard က Stealth Type ဖြစ်တော့ စာရိုက်တဲ့အချိန်မှာ ဆူညံ့နှုန်းက 30dB အောက်ပဲရှိတယ်လို့ ပြောထားတယ်။ တကယ်ကို ဒီ Keyboard နဲ့ စာရိုက်ပြီး ညဘက်အနှောင့်အယှက်ဖြစ်မှာကို လုံးဝစိုးရိမ်စရာတော့ အမှန်ပါ။

TrackPad ကလည်း တော်တော်လေးကြီးတယ်၊ သုံးရတာလည်း Smooth ဖြစ်တယ်။ ဒါပေမယ့် တခြား Gaming Laptop တွေမှာ သုံးထားသလိုမျိုး ASUS ရဲ့ Digital NumPad တွေတော့ မပါဘူး။ လုံးဝ TrackPad သီးသန့်ပဲ။

ဒီ Keyboard မှာ မကြိုက်တာဆိုလို့ တစ်ခုတည်းပါ၊ Single Backlit Keyboard ဖြစ်နေတာရယ်၊ LED Backlit က Windows Key လိုမျိုး မှာ အောက်က အပေါင်းပုံစံ Switch ကို မြင်နေရတာပါ။ အဲ့ဒါက စစခြင်း သုံးနေအချိန်ရော၊ သုံးနေတဲ့အချိန်တိုင်းမှာ တစ်ခါတစ်ခါ တော်တော်လေး Annoy ဖြစ်ပါတယ်။ :3

Audio/Others

Audio ကတော့ ထုံးစံအတိုင်း Dolby Atmos ကို Support လုပ်ထားတယ်။ ပြီးတော့ ဒီ Zephyrus M16 က 6 Speaker Setup သုံးထားပြီးတော့ Tweeter ၂ ခုက Keyboard ဘေးမှာ ထည့်ထားတယ်။ အသံထွက်ကလည်း တော်တော်ကို ကောင်းပါတယ်။ ကျွန်တော်တို့စမ်းဖြစ်သလောက်ဆိုရင် ဒီကောင်က Zephyrus G15 ထက်တောင် ပိုကောင်းပြီး Strix G17 ကလွဲပြီး Audio Quality အကောင်းဆုံး ROG Gaming Laptop လို့တောင်ပြောလို့ရတယ်။

ပြီးတော့ Ports တွေကလည်း တော်တော်လေးစုံတယ်၊ တစ်ခုပဲ – ဒီ Hinge က 180-Degree ရလို့ Power Port က အနောက်မှာ ထားမရတော့ပဲ ဘယ်ဘက်ရောက်လာတယ်။ ဘယ်ဘက်မှာ Port တွေ တော်တော်ကိုများတယ်၊ Power ၊ HDMI ၊ LAN Port ၊ USB 3.2 Type A ၊ USB-C ၂ ပေါက်၊ 3.5mm Audio Port တွေပါမယ်။ ပြီးတော့ ညာဘက်မှာ နောက်ထပ် USB 3.2 Type A တစ်ပေါက်၊ MicroSD Card Reader ပါတယ်။ ဒီလို USB-A Port ၂ ခုပါတာတွေ၊ LAN Port ပါတာတွေက ဒီ Thin & Light Gaming Laptop အနေနဲ့ တော်တော် Impressive ဖြစ်ဖို့ကောင်းတယ် – အထူးသဖြင့် ညာဘက် USB-A Port က Mouse အတွက် အဆင်ပြေသွားတယ်။

နောက်ထပ် ပြောစရာတွေက ဒီ Zephyrus M16 မှာ Windows Hello Face Unlock Support လုပ်ထားတယ်၊ ဒါက Screen-to-Body Ratio ကို 94% အထိရှိတဲ့ Gaming Laptop အတွက် နောက်ထပ် Impressive ဖြစ်မိတဲ့အချက်ဖြစ်လာတယ်။

နောက်ဆုံးတစ်ချက်က ကျွန်တော်တို့ ဒီ Zephyrus M16 ကို Personal Favorite Gaming Laptop အဖြစ် ရွေးမိတဲ့အဓိကအချက်ပါ။ အဲ့ဒါက 0dB Ambient Cooling ကြောင့်ပါ။

0dB ဆိုတဲ့အတိုင်း M16 က သာမန် Light Usage မှာ လုံးဝကို Fan တွေကို ရပ်ချပြီး ဒီအတိုင်း Passive Cooling နဲ့ သုံးလို့ရပါတယ်။ ပြောရရင် သာမန် Edge Browser မှာ သုံးနေတာလောက်ကို အေးဆေး Fan မသုံးပဲ သုံးလို့ရတယ်။ ဒါက Heat လည်းမရှိ၊ အသံလည်း လုံးဝမထွက်သလို ဖြစ်နိုင်တာတစ်ခုက ဒီလို Fan တွေကို ရပ်ထားလို့ရလို့လည်း အခုလိုမျိုး တခြား 12th Gen Gaming Laptop တွေနဲ့ မတူပဲ Battery Life ပိုင်းမှာ အရမ်းကောင်းနေတာပါ။ တကယ်ကို Real World မှာ စမ်းသုံးကြည့်ရင် ဒါက အားသာချက်အကြီးကြီးတစ်ခုပါ။

So…?

ကျွန်တော်တို့က Laptop မှာ လုံးဝကို 100% ဂိမ်းဆော့တဲ့သူတွေမဟုတ်ပါဘူး။ ဆိုတော့ ကျွန်တော်တို့အတွက် Personal Favorite ဖြစ်ဖို့က Gaming Laptop ဆိုပေမယ့် တစ်ဖက်မှာ အလုပ်နဲ့ Productivity ပိုင်းကိုပါ ပြန်ကြည့်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီ Zephyrus M16 က ကျွန်တော်တို့ Personally အကြိုက်ဆုံး Gaming Laptop သို့မဟုတ် Zephyrus Laptop ဖြစ်နေတာပါ။

အဓိပ္ပါယ်က Gaming အတွက်ပဲ လုံးဝရွေးမယ်ဆိုရင်တော့ တခြား ကျွန်တော်တို့ စမ်းဖြစ်၊ Review လုပ်ဖြစ်ခဲ့တဲ့ ROG Zephyrus နဲ့ TUF Gaming Laptop တွေက ပိုအဆင်ပြေကောင်းပြေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Zephyrus M16 (2022) က ဒီနှစ်မှာ တော်တော်လေး Impressive ဖြစ်ဖို့ကောင်းတဲ့ Gaming Laptop ဆိုတာတော့ ငြင်းမရပါဘူး။

#TechGadgetMM