Windows 11 22H2 Update တင်ပြီး ဂိမ်းတွေ Lag နေရင် ဒီနည်းလမ်းနဲ့ ဖြေရှင်းလိုက်ပါ

TL;DR

Microsoft ကနေ နောက်ဆုံးထုတ်ထားတဲ့ 22H2 Major Windows Update ဟာ Stable Update ဖြစ်တဲ့အတွက် Error တွေ၊ Bug တွေ နည်းပါးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Nvidia Graphic Card သုံးထားတဲ့ PC တွေမှာတော့ Game တွေမှာ Lag ဖြစ်ပြီး Framerate ကျတဲ့ပြဿနာဖြစ်နေတတ်ပါတယ်။ ဒါကလည်း Nvidia GeForce Experience Software ကြောင့်ဖြစ်နေတာပါ။

News

Microsoft ကနေ Windows 11 22H2 Update ထုတ်လိုက်ပြီဆိုတာနဲ့ ဒီ Windows Explorer Tabs Group ၊ Redesigned Task Bar နဲ့ Volume Control UI တွေ၊ တခြား Feature အသစ်တွေပါလာတော့ အစောဆုံး Update လိုက်တဲ့သူတွေထဲမှာ ကျွန်တော်တို့ ပါပါတယ်။

အစောပိုင်းအထိ ဒီ Windows 22H2 Update က Error မရှိပေမယ့် Valorant လိုမျိုး ဂိမ်းတွေမှာ RTX 2080 က FHD မှာ 100fps အောက်ကို ကျသွားတဲ့အထိကို တစ်ခါတလေ Lag တာတွေဖြစ်လာတယ်။ ပြီးတော့ တစ်ချက်တစ်ချက် လုံးဝကို Framerate Drop တာမျိုးတွေ တွေ့လာရပါတယ်။

ဒီလိုမျိုး Nvidia Graphic Card တွေအနေနဲ့ ဂိမ်းထဲမှာ Lag တာက Windows 22H2 Update မှာ GeForce Experience Software ရဲ့ In-game Overlay နဲ့ ဆက်စပ်ပြီး ပြဿနာဖြစ်နေတာဖြစ်ပါတယ်။ ဒါကိုလည်း Nvidia ကနေ သိရှိပြီး Error ကို ဖြေရှင်းနည်းတစ်ခုကို လောလောဆယ် ထုတ်ပေးထားပါတယ်။

ဒါကတော့ Windows 11 22H2 Update သုံးနေတဲ့သူတွေဆိုရင် Nvidia GeForce Experience Software ကို ပုံမှန် Stable Version အစား Version 3.26 Beta ကို ပြောင်းသုံးရမှာဖြစ်ပါတယ်။ Download Link ကတော့ အခု Link (nvda.ws/3DSUqtQ) မှာ Download လုပ်လို့ရပါတယ်။

ကျွန်တော်တို့ကိုယ်တိုင် ဒီ GeForce Experience Beta Update ကို ပုံမှန် Stable Software ကို Uninstall မလုပ်ပဲ Overlap Install လိုက်တာတော့ အခုပြန်အဆင်ပြေသွားပါတယ်။ တကယ်လို့ ဒီလိုမျိုး Overlap Install လုပ်လို့ အဆင်မပြေသေးရင်တော့ ရှိပြီးတဲ့ Nvidia GeForce Experience Software ကို Uninstall လုပ်ပြီး ပြန်သွင်းရမှာပါ။

Tech Gadget’s Thoughts

ဘာပဲဖြစ်ဖြစ် ဒါက ကိုယ်တိုင်ဖြစ်တဲ့ Experience ကို ပြန် Share ရင်းနဲ့ အလားတူဖြစ်နေတဲ့သူတွေရှိရင် အမြန်ပြင်နိုင်အောင်ပါ။ နောက်ပိုင်းမှာတော့ GeForce Experience Stable Update မှာပါ Fix လုပ်ပေးသွားမယ်လို့ ထင်ရပါတယ်။

Reference Article(s) : The Verge