Samsung Galaxy A05s : ထင်ထားတာထက် ပိုကောင်းတယ်ဆိုတာ တကယ်လား…?

Samsung က စျေးသင့်တင့်တဲ့ Galaxy A Series ဖုန်းသစ်တွေ – Galaxy A05 နဲ့ Galaxy A05s ဖုန်းတွေကို တလောတုန်းက စျေးကွက်ထဲကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Samsung ကနေ Galaxy A05s ဖုန်းကို ကျွန်တော်တို့ကို စမ်းဖို့ ခဏပေးထားတယ်။

ဆိုတော့ တပ်ထားတဲ့ ခေါင်းစဥ်အတိုင်းပဲ Galaxy A05s က ထင်ထားတာထက် ပိုကောင်းတယ်ဆိုပြီး ကြော်ငြာနေတာ တကယ်ရော ပိုကောင်းရဲ့လား ဆိုပြီး ဘယ်နေရာတွေမှာ ပိုကောင်းနေသလဲဆိုတာကို Featured Article ပုံစံပဲ စမ်းဖြစ်၊ ရေးဖြစ်ပါတယ်။

အရင်ဆုံး Samsung Galaxy A05s ဖုန်းရဲ့ စျေးနှုန်းကို အရင်ပြောပါမယ် – A05s ဖုန်းကို RAM 4GB, 128GB – 579,000 ကျပ်
RAM 6GB, 128GB – 629,000 ကျပ် ဆိုပြီး ရောင်းချသွားမယ်။ ဒီစျေးနှုန်းအရ တော်တော်လေး သက်သာတယ်။ ဖုန်းအကြောင်းမပြောခင်မှာတင် စျေးနှုန်းနဲ့တင် သုံးမယ့်သူတွေအတွက် ပိုကောင်းနေတယ်ပေါ့။

ဖုန်းအကြောင်းစပြောရမယ်ဆိုရင် အရင်ဆုံး Design ပိုင်းကို ပြောရမယ်။

Design ပိုင်းမှာ Samsung Galaxy A05s က Samsung ရဲ့ တခြား Galaxy A Series ဖုန်းတွေနဲ့ တော်တော်လေးဆင်တူတယ်။ Light Green Color က လုံးဝ ထင်းနေတဲ့အပြင် Triple Back Camera Design ကလည်း ပိုပြီး Premium ဖြစ်တယ်လို့ ခံစားရတယ်။

အထူကလည်း 8.8mm ဆိုတော့ ကိုင်လို့ကောင်းတယ်၊ အလေးချိန်ကလည်း 194g ဆိုတာက ဒီလိုမျိုး 6.7” Display ပါတဲ့ ဖုန်းတစ်လုံးအနေနဲ့ လက်ခံလို့လည်းရတယ်။

ဒီ Design ပိုင်းမှာတော့ Samsung Galaxy A05s ဖုန်းက မြင်လိုက်တာနဲ့ Premium ဆန်တဲ့ ဒီဇိုင်းတစ်ခု၊ ပေးရတဲ့စျေးထက် ပိုတဲ့တန်ဖိုးရှိတယ်၊ ပိုကောင်းတယ်လို့တော့ ပြောလို့ရပါတယ်။

ဆိုတော့ Display – Display ကတော့ 6.7” PLS LCD Display ကို သုံးထားတယ်။ Resolution ကလည်း Full HD+ ရှိတဲ့အပြင် Aspect Ratio က 20:9 ကလည်း ရုပ်ရှင်ကြည့်ဖို့၊ Social Media ပိုင်းသုံးလို့ကောင်းတယ်။

အဲ့အပြင် Galaxy A05s ရဲ့ Display မှာ သဘောကျဖို့ကောင်းတာက 90Hz Refresh Rate ကို ထောက်ပံ့ပေးထားတယ်။ ဒါက ပုံမှန်ဖုန်းတွေထက် သုံးရတာ ပို Smooth ဖြစ်တယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ Galaxy A05s ဖုန်းရဲ့ Display ကို Infinity-O Punch-hole Design မဟုတ်ဘဲ Infinity-U Notch ပုံစံပဲ လုပ်ထားတယ်။ ကျွန်တော့အတွက်တော့ ဒါက တခြားဖုန်းတွေနဲ့ ယှဥ်ရင်တော့ နည်းနည်းတမျိုးဖြစ်နေသလိုပဲ။ ဒီနေရာမှာ Punch Hole လေးနဲ့ဆိုရင် ကျွန်တော် ပိုပြီးသဘောကျမိမှာ။

Performance ပိုင်းမှာက Qualcomm ရဲ့ Snapdragon 680 Chipset ကို သုံးပေးထားတာမို့ စွမ်းဆောင်ရည်က ဒီစျေးနှုန်းတန်းဖုန်းတစ်လုံးအနေနဲ့ တော်တော်လေးကို အဆင်ပြေတယ်။ ကိုယ်က ဂိမ်းဆော့ချင်တာပဲဖြစ်ဖြစ်၊ ပုံမှန် Social Media ၊ Multitasking ပိုင်းတွေအတွက်က အေးဆေးသုံးလို့ရတယ်။ RAM က အရှေ့မှာ ပြောခဲ့သလို 4GB သို့မဟုတ် 6GB ရွေးချယ်လို့ရမယ်။ Storage က 128GB ထည့်ပေးထားတယ်။

ပြောရရင် ဒီ Performance Level တစ်ခုက လွန်ခဲ့တဲ့ ၁ နှစ်ကျော်ဝန်းကျင်လောက်တုန်းက စျေးကွက်ထဲမှာ အခု Galaxy A05s ဖုန်းထက် စျေး ၂ ဆလောက်တန်ဖုန်းတွေမှာ သုံးထားတဲ့ Performance နဲ့တောင် ဆင်တူနေတယ်။ ဆိုတော့ Performance ပိုင်းမှာတော့ Galaxy A05s က ထင်ထားတာထက် ပိုကောင်းတယ်လို့ ပြောလို့ရတယ်။

Camera ပိုင်းမှာဆိုရင် Galaxy A05s က 50MP Main Camera ၊ 2MP Macro နဲ့ 2MP Depth Camera တွေကို သုံးထားတယ်။ အမှန်အတိုင်းပြောရရင်တော့ Samsung က တကယ်လို့သာ Ultrawide Camera ကို ထည့်သုံးပေးထားမယ်ဆိုရင် ထင်ထားတာထက် ပိုကောင်းတယ်လို့ ပြောနိုင်ပေမယ့် Camera ပိုင်းမှာတော့ Galaxy A05s ဖုန်းက စျေးနဲ့ ယှဥ်မယ်ဆိုရင် ပုံမှန်လောက်ပဲလို့ ပြောလို့ရမယ်။

Selfie Camera အနေနဲ့ဆိုရင် 13MP Camera ကို ထည့်ပေးထားကြောင့် ပိုပြီး ကြည်လင်ပြတ်သားတဲ့ selfie ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ Video ရိုက်ချင်တယ်ဆိုရင်လည်း ဒီ Camera ၂ ခုစလုံးကနေ 1080p Resolution Video တွေရိုက်လို့ရပြီး Back Camera နဲ့ရိုက်မယ်ဆိုရင် 60fps အထိ ရိုက်လို့ရပါတယ်။

Battery ပိုင်းကလည်း ထင်တာထက် ပိုကောင်းတယ်၊ ဘာကြောင့်လဲဆိုတော့ 5000mAh Battery ပါတဲ့အပြင် Fast Charging ပိုင်းကို 25W Fast Charging ထည့်ပေးထားနိုင်တယ်။ ဒါက ဖုန်းကို အကြာကြီးသုံးလို့ရသလို ပြန်အားသွင်းမယ်ဆိုရင်လည်း အချိန်နည်းနည်းပဲပေးရတော့မယ်။

တခြားအပိုင်းတွေမှာ ထင်တာထက်ပိုကောင်းနေတာက Connectivity ပိုင်းပါ – Wi-Fi မှာ ပုံမှန် 2.4GHz Band တင်မဟုတ်ဘဲ 5GHz Band ကိုပါ Support ပေးနိုင်ပြီး Dual-band Wi-Fi သုံးလို့မယ်။ ဒီလို Dual-band Wi-Fi ဖြစ်တာက ဂိမ်းဆော့မယ်ဆိုရင် Network Lag ဖြစ်တာကို သိသိသာသာလျော့ပေးနိုင်တယ်။

ကျန်တာကတော့ Bluetooth 5.1 ပါမယ်။ Fingerprint Sensor ကို ဘေးဘက် Power Button မှာ ထည့်ပေးထားတယ်။ 3.5mm Audio Jack တွေလည်းပါဦးမယ်။

ဆိုတော့ အခု Samsung ကနေ အသစ်မိတ်ဆက်ထားတဲ့ Galaxy A05s ဖုန်းက တကယ်ထင်ထားတာထက် ပိုကောင်းနေလားဆိုရင် ကျွန်တော့်အနေနဲ့ကတော့ Galaxy A05s ရဲ့ ဒီ Design ပိုင်းတွေ၊ Performance ပိုင်းနဲ့ Display ပိုင်းတွေက တကယ်ကို ထင်ထားတာထက် ပိုကောင်းတယ်လို့ ပြောလို့ရနိုင်တယ်။ ဘာပဲဖြစ်ဖြစ် Samsung ဖုန်းတွေထဲက ၅ သိန်းဝန်းကျင် ဖုန်းတစ်လုံးအနေနဲ့ကတော့ Galaxy A05s က သုံးလို့အဆင်ပြေတဲ့ ရွေးချယ်စရာတစ်ခုဖြစ်လာဦးမှာပါ။!

အခုထိ ၂၀၂၀ ရှေ့ပိုင်းက ထွက်ခဲ့တဲ့ Galaxy A Series ဖုန်းတွေနဲ့ Galaxy J Series ဖုန်းတွေ သုံးနေတုန်းဆိုရင်တော့ ဒီ Galaxy A05 series ကို ကြိုက်တယ်ဆို လဲသင့်တယ်လို့ ပြောချင်ပါတယ်။ Galaxy A05s ကိုဆို 60,000 ကျပ် နဲ့ Galaxy A05 ကိုဆို 50,000 ကျပ် Trade-In Discount တွေလည်း ပေးနေတာမလို့ လဲရတာလည်း တန်ပါတယ်။ ဒီတိုင်းပဲ ဝယ်မယ်ဆိုရင်လည်း Galaxy A05 ကိုဆို Charger Set နဲ့ Cover ရယ် Galaxy A05s ကိုက Samsung original travel adapter ရယ်က Stock လက်ကျန်ရှိသလောက် လက်ဆောင်ပေးနေတယ်ကြားတယ်။ ခုထိတော့ ရဦးမယ်ထင်တာပဲ။ အသေးစိတ်သိချင်ရင်တော့ Samsung Myanmar ရဲ့ Facebook Page မှာ သွားကြည့်လို့ရပါတယ်။