ဘာကြောင့် OPPO Find N3 Flip ဖုန်းရဲ့ Vertical Cover Screen က ပိုကောင်းတာလဲ…?

OPPO ကနေ အခုဆို Find N3 Flip Foldable ဖုန်းအသစ်ကို မြန်မာနိုင်ငံစျေးကွက်ကို တရားဝင်မိတ်ဆက်လိုက်ပြီ။ ဒီ OPPO Find N3 Flip ဖုန်းက Camera ပိုင်းတွေ၊ Durability တွေလည်း အများကြီး ပိုကောင်းလာတဲ့အပြင် ထူးခြားချက်တစ်ခုရှိနေတယ်။

ဒါက တခြားတော့ မဟုတ်ဘူး – အခုနောက်ပိုင်း Flip Foldable ဖုန်းတွေမှာ အထဲက Main Foldable Display နီးပါး အရေးပါလာတဲ့ အပြင်ဘက်က Cover Screen က OPPO Find N3 Flip မှာ ထူးထူးခြားခြား Vertical ပုံစံ လုပ်ထားတာပါ။

OPPO ကတော့ အခုလိုမျိုး Flip Foldable ဖုန်းတွေမှာ အခုလို Vertical Cover Screen ဖြစ်သွားတာက သာမန် Square (သို့) Landscape ပုံစံ Cover Screen တွေထက် အများကြီး ပိုကောင်းတယ်ဆိုပြီး ပြောထားတယ်။ ဆိုတော့ ဒါက တကယ်လက်တွေ့သုံးကြည့်တဲ့အချိန်မှာရော ပိုကောင်းသလားဆိုပြီး မေးခွန်းထုတ်စရာဖြစ်လာတယ်။

အဲ့ဒါနဲ့ ကျွန်တော်တို့ ကိုယ်တိုင် ဒီ OPPO Find N3 Flip ဖုန်းကို သေချာစမ်းသုံးဖြစ်လိုက်တယ်။ အခုစမ်းသုံးပြီးတဲ့အချိန်မှာ OPPO Find N3 Flip ရဲ့ ဒီ Vertical Cover Screen က တကယ်ပိုကောင်းတယ်၊ ဒါမှမဟုတ် ပိုပြီး အသုံးဝင်တဲ့အချက်တွေ တော်တော်များနေတာကို လက်ခံလိုက်ရတယ်။ ဆိုတော့ ဒီ OPPO Find N3 Flip ရဲ့ Vertical Cover Screen အကြောင်းကို အသေးစိတ်ပြောကြတာပေါ့…။

Specs –

OPPO Find N3 Flip ရဲ့ Cover Screen က Screen Size အနေနဲ့ဆိုရင် 3.26” အထိရှိမယ် – ဒါက လက်ရှိစျေးကွက်ထဲက Flip Foldable ဖုန်းတွေရဲ့ Cover Screen တွေထဲမှာ Size အကြီးဆုံးဖြစ်နေတုန်းပဲ။ Resolution အနေနဲ့ဆိုရင် 720×382 Pixels (250PPI) အထိရှိမယ်။ Refresh Rate ကို 30Hz~60Hz အပြင်။ 120Hz Touch Sampling Rate တွေပါ ထောက်ပံ့ပေးထားတယ်။

ဒီ OPPO Find N3 Flip ရဲ့ Vertical Cover Screen ကို သုံးရတဲ့ အားသာချက်တစ်ခုက သူ့ Typical Display Brightness က အထဲက Main Display အတိုင်း 500nits အထိရတာပါ။ ပြီးတော့ အပြင်ဘက် နေရောင်အောက်မှာ သုံးရင်တောင် Peak Brightness ကို 800nits အထိ ထုတ်ပေးနိုင်တော့ လမ်းသွား လမ်းလာ အပြင်ရောက်နေလို့ ဖုန်းကို ဖြန့်မသုံးချင်ပဲ ဒီအတိုင်း Vertical Cover Screen နဲ့ပဲ သုံးချင်ရင် အခုလို Brightness ကောင်းနေတာ လုံးဝ မိုက်တယ်။

Experience

OPPO Find N3 Flip ရဲ့ Vertical Cover Screen ကို သုံးရတဲ့ User Experience ကို တစ်ခွန်းတည်း Overall ပြောရမယ်ဆိုရင် “ပုံမှန်ဖုန်းတစ်လုံးအပြင် နောက်ထပ် mini ဖုန်းသေးသေးလေးတစ်လုံးကိုပါ တစ်ချိန်တည်းသုံးနေရသလိုဖြစ်နေတယ်”

ဒါက မကောင်းတာလားဆိုတော့ မဟုတ်ဘူး – သုံးရတာက တခြား Foldable Flip ဖုန်းတွေမှာ ဒီ Notification ကြည့်ရုံ၊ တချို့ အရေးကြီး Message တွေ ဖတ်ရုံလောက် – ပြောရရင် Main Phone Display နဲ့ Extension တစ်ခုဆိုတာမျိုး မဟုတ်တော့ပဲ လုံးဝ သီးသန့် mini ဖုန်းတစ်လုံးသုံးနေရသလိုဖြစ်နေတယ်။

ပြီးတော့ OPPO Find N3 Flip ရဲ့ Vertical Cover Screen က တော်တော်လေးကို Fun ဖြစ်တဲ့ Feature လေးတွေလည်းရှိတယ်။ ဆိုတော့ Function တွေတင် စုံနေတာမဟုတ်ပဲ Fun လည်းဖြစ်တယ်။ အဲ့တော့ ဒီအပိုင်း ၂ ခုကို ခွဲပြောကြတာပေါ့။

Fun Features

Interactive Pets

OPPO Find N3 Flip ရဲ့ Cover Screen မှာ သုံးလို့ Fun အဖြစ်ဆုံးက ဒီ Live Wallpaper ထက်အများကြီး ပိုကောင်းသွားတဲ့ Interactive Pets Feature ပါ။ လောလောဆယ်မှာ ကြောင်လေးတွေ၊ ဝက်ဝံ့ပန်ဒါလေးတွေ၊ ကျားလေးတွေလိုမျိုး အကောင်လေးတွေ ၈ ခု ရွေးလို့ရမယ်။

ဒီ Interactive Pets Feature က OPPO Find N3 Flip မှာ 3D Style လည်းဖြစ်သွားတော့ လုံးဝကို ဖုန်း Cover Screen ဖွင့်လိုက်တာနဲ့ ချစ်စရာကောင်းတယ်။ ပြောရရင် မြင်တာနဲ့ ဘေးက သူတွေက လိုက်ကြည့်ချင်ဖြစ်မိမယ့် Feature လို့တောင် ပြောလို့ရတယ်။

Cover Screen AOD

နောက်ထပ် Fun ဖြစ်တဲ့ Feature က OPPO က Always-on Display (AOD) Feature ကို Main Display အပြင် Cover Screen မှာပါ သီးသန့်ထားလို့ရအောင် ခွဲထားတယ်။ ဒါက အခုနက Interactive Pets လိုမျိုးတွေကို ထားချင်ထားလို့ရတဲ့အပြင် ကိုယ့်အတွက် သီးသန့် Personalized လုပ်ထားတဲ့ Text တွေ၊ Bitmoji နဲ့ Omoji တွေပါ ထားလို့ရမယ်။

ဆိုတော့ ဒီလိုမျိုး ဖုန်းကို ဒီအတိုင်း စားပွဲပေါ်တင်ထားတာနဲ့တင် OPPO Find N3 Flip က Custom Cover Screen AOD တွေနဲ့ Unique ဖြစ်နေပြီ။ ဒီလို AOD တင်မဟုတ်ပဲ Wallpaper တွေကလည်း ပိုတောင် Fun ဖြစ်သေးတယ်။

Live GIF Wallpaper

အခုနက Interactive Pets တွေကို မသုံးချင်ဘူးဆိုရင် OPPO Find N3 Flip က Cover Screen မှာ တခြားစိတ်ကြိုက် ဓါတ်ပုံတွေ၊ Weather တွေ၊ ပြီးတော့ Live Wallpaper တွေ အများကြီးထည့်ပေးထားတယ်။ အဲ့ဒီထဲမှာ အကောင်းဆုံးက ကိုယ့်ဓါတ်ပုံတွေကို ပေါင်းပြီး GIF အနေနဲ့ Custom Live GIF Wallpaper ပါ ပြောင်းထားလို့ရတယ်။

ဒီလိုမျိုး Feature တွေပါတာက လုံးဝကို OPPO Find N3 Flip ရဲ့ Cover Screen ကို Unique ဖြစ်ပြီး Fun ဖြစ်စေတယ်။ ဒါပေမယ့် Fun ဖြစ်ရုံတစ်ခုတည်းနဲ့ OPPO Find N3 Flip ရဲ့ Vertical Cover Screen က ပိုကောင်းနေတာမဟုတ်ပါဘူး။

A lots of Functions

OPPO က Find N3 Flip ရဲ့ Cover Screen ကို ဘာကြောင့် “Vertical is Better” ဆိုပြီး ပြောခဲ့သလဲဆိုတာက တစ်ရက်လောက် သေချာသုံးလိုက်တာနဲ့ကို သိသာပါတယ်။ ဒီလိုပြောနိုင်တဲ့အဓိကအချက်ကလည်း ဒီ Cover Screen ရဲ့ Aspect Ratio က Vertical ဖြစ်နေလို့ပါ။

ဒီလိုစဥ်းစားကြည့်ရအောင် – ကျွန်တော်တို့ ကိုယ်တိုင်လည်း ပုံမှန် ဖုန်းတစ်လုံးကို ကိုင်သုံးပြီဆိုရင် Display ကို Vertical ပုံစံပဲ ထောင်သုံးတာက 90% လောက်ကို ရှိပါတယ်။ ကျန်တဲ့ 10% လောက် Landscape ပြောင်းသုံးတဲ့အချိန်က ဂိမ်းဆော့တဲ့အချိန်တွေ၊ ဒါမှမဟုတ် Video ၊ ရုပ်ရှင်တွေကို Full Screen ကြည့်တဲ့အချိန်မှပါ။ ဒါတောင် အခုနောက်ပိုင်း တချို့ဂိမ်းတွေက Landscape ကနေ Vertical တွေများလာသလို၊ Video တွေကလည်း Shorts Video တွေ၊ Facebook က Video တွေတောင် Vertical Format ဘက်ကို ရောက်လာပါပြီ။

ဒါတွေကြောင့် OPPO Find N3 Flip ရဲ့ Vertical Cover Screen ကို သုံးရတာ Make Sense ပိုဖြစ်တယ်။ အဲ့အပြင် OPPO ကနေ တကယ် အသုံးများတဲ့ App ပေါင်း ၈၀ ကျော်ကို Cover Screen မှာ Mini Apps အနေနဲ့ သုံးနိုင်အောင် လုပ်ပေးလိုက်သေးတယ်။

Mini Apps

ဒီ OPPO Find N3 Flip ရဲ့ Vertical Cover Screen မှာ သုံးနေကြ App တွေကို သုံးမယ်ဆိုရင် အရင်ဆုံး Settings > Foldable Features > Mini apps ထဲကို ဝင်ဖို့ လိုပါမယ်။

ပြီးရင် Vertical Cover Screen မှာ ထည့်သုံးနိုင်မယ့် Mini Apps တွေကို တန်းမြင်ရပြီ – ဒီနေရာမှာ တချို့ App တွေဘေးမှာ “Labs” ဆိုပြီး အဝါရောင်လေး ရေးထားတယ်။ ဒါက ဘာကို ဆိုလိုလဲဆိုတော့ Labs ပါတဲ့ App တွေက စမ်းသပ်ထည့်သွင်းထားတာဖြစ်ပြီး Labs စာလုံး ဘေးမှာမပါတဲ့ App တွေလိုမျိုးတော့ လုံးဝ Cover Screen အတွက် Optimized လုပ်ထားတာ မဟုတ်ဘူးဆိုပြီး ပြောချင်တာပါ။

ကျွန်တော်တို့ စမ်းကြည့်ရလောက်ဆိုရင် ဒီ Cover Screen အတွက် Optimized ဖြစ်အောင် သီးသန့်လုပ်ပေးထားတာက လောလောဆယ်မှာ OPPO ရဲ့ Music Player ၊ Recorder ၊ Timer တွေလိုမျိုး System App တွေပဲ များနေသေးပြီး ကျန်တဲ့ Third-party App တော်တော်များများက Mini Version လိုမျိုးပဲ Labs App အနေနဲ့ သုံးရမှာပါ။

ဒီလို Labs App ဖြစ်နေလို့ အဆင်မပြေတာရှိလားဆိုတော့ လောလောဆယ် စမ်းသုံးဖြစ်သလောက်ကတော့ မရှိသေးဘူးလို့ပဲပြောရမှာပါ။ အစက ပြောသလို Mini ဖုန်းတစ်လုံးကို သုံးနေရတာနဲ့ ပိုတူတယ်။ သုံးရတာကတော့ တော်တော်ကို မိုက်တယ်၊ TikTok တို့ Google Maps တို့ဆိုရင် တကယ့် Main Display သုံးနေရသလိုမျိုး အပြည့်မြင်ရတယ်။ စာရိုက်မယ်ဆိုရင်လည်း Keyboard နဲ့တင် Cover Screen အပြည့်ဖြစ်သွားတာမျိုးမရှိဘူး။

ဘယ် App တွေ သုံးလို့ရမလဲ…?

OPPO ကတော့ လောလောဆယ် Latest Software Update လုပ်ပြီးတဲ့အချိန်မှာ App ပေါင်း ၈၀ ကျော် သုံးလို့ရမယ်ဆိုပြီး ပြောထားတယ် – အခုစမ်းကြည့်ရသလောက်ဆိုရင်တော့ တကယ် ကျွန်တော်တို့ Daily သုံးနေဖြစ်တဲ့ App တွေထဲမှာ Google Apps တွေ တော်တော်များများရယ်၊ Social Media App တွေနဲ့ Service App တွေ သုံးလို့ရတယ်။

အသေးစိတ်ပြောရမယ်ဆိုရင် Google Apps တွေထဲမှာ နေ့စဥ်သုံးဖြစ်နေတဲ့ Gmail ၊ Keep ၊ Maps နဲ့ YouTube လိုမျိုးကို သုံးလို့ရတယ်။ ပြီးတော့ Social Media Apps တွေအနေနဲ့ဆိုရင် X (Twitter) ၊ Reddit နဲ့ TikTok လိုမျိုးတွေ Support လုပ်ထားတယ်။ ပြီးတော့ Service App တွေအနေနဲ့ဆိုရင် Netflix ၊ Grab ၊ Foodpanda လိုမျိုး App တွေပါ သုံးလို့ရတယ်။

ဘယ် App တွေ သုံးလို့မရသေးဘူးလဲ…?

အဓိက လူတိုင်းနီးပါး သုံးဖြစ်နေပေမယ့် အခုထိ သုံးမရသေးတဲ့ App တွေက Meta က ထုတ်ထားတဲ့ Social App တွေပါ – ဒီ Facebook ၊ Instagram ၊ Messenger လိုမျိုး App တွေကို Cover Screen မှာ သုံးမရတာကတော့ ဒီ App တွေကို ဦးစားပေးသုံးတဲ့ ကျွန်တော်တို့အတွက် သိပ်အဆင်မပြေသေးဘူး။ ဒါပေမယ့် ထူးဆန်းတာက WhatsApp ကြတော့ သုံးလို့ရပြန်တယ်။

ပြီးတော့ ထပ်ပြီး သုံးလို့ရစေချင်တဲ့ App တွေထဲမှာ Telegram ၊ Google Photos နဲ့ Files Manager လိုမျိုး App တွေလည်းရှိမယ်။ အဲ့အပြင် လောလောဆယ်မှာ KBZ Pay အပါအဝင် Banking App တွေလည်း သုံးမရသေးဘူး။

ဘယ်လိုပြောရမလဲ – ဒီ Mini Apps တွေက လောလောဆယ်မှာ ရှိသမျှ App အကုန်သုံးလို့ရနေတာမဟုတ်သေးတော့ တချို့ App တွေက သုံးရင်ရရင် မိုက်မယ်ဆိုပြီး ဖြစ်တဲ့အချိန်တွေတော့ရှိတယ်။

နောက်ပိုင်းမှာ Facebook ၊ Instagram ၊ Messenger အပြင် တခြား App အကုန်လုံးကို ဒီ Cover Screen မှာ သုံးလို့ရအောင် Launcher လိုမျိုးကနေ သုံးလို့ရကောင်း ရနိုင်တယ်။ ဒါပေမယ့် ဒါက Full User Experience ရမရကတော့ ဆက်ပြီး စောင့်ကြည့်ရမယ်။

Better Camera Experience

OPPO Find N3 Flip ရဲ့ Display Hinge က 45° ကနေ 120° ကြားမှာ စိတ်ကြိုက် Angle ထောင်ထားလို့ရတယ်။ ဒါက ကိုယ့်ကိုယ်ကို Selfie ရိုက်ချင်တဲ့သူတွေအတွက် Main Camera ကို သုံးပြီး Cover Screen ကနေတစ်ဆင့် ရိုက်လို့ရတော့ တကယ့် အားသာချက်တစ်ခုဖြစ်သွားတယ်။

ပြီးတော့ ပိုကောင်းတာက OPPO Find N3 Flip ဖုန်းက ပထမဆုံးအနေနဲ့ Flip Foldable ဖုန်းတွေထဲမှာ Triple Camera Setup ကို သုံးထားပြီးတေ့ာ 50MP Main Camera နဲ့ 48MP Ultrawide အပြင် 32MP 2x Telephoto f2.0 Camera ပါ ပါလာတယ်။ ဒါက Portrait ပုံတွေမှာ လုံးဝ ပိုမိုက်သွားတယ်။ Hasselblad Camera Tuning ကလည်း တော်တော်လေးကို Quality ကောင်းပြီး Detail ကောင်းတဲ့ ဓါတ်ပုံတွေ ထုတ်ပေးနိုင်တယ်။

အဲ့အပြင် Video ရိုက်မယ်ဆိုရင်လည်း Flip Foldable ဖုန်းဖြစ်နေတော့ Mini DV Recorder လိုမျိုးလေး ကိုင်ပြီး Video ရိုက်လို့ရတာ မိုက်တယ်။ Video ရိုက်မယ်ဆိုရင်လည်း 4K @60fps ရိုက်လို့ရဦးမယ်။

Cover Screen Features

ကျန်တဲ့ Cover Screen Features တွေအနေနဲ့ဆိုရင် ဖုန်းဝင်လာလို့ ကိုင်ချင်ရင် ခေါက်တာကို ဖွင့်လိုက်တာနဲ့ ကိုင်လို့ရတာမျိုးတွေ၊ Message နဲ့ Reject မယ်ဆိုရင်လည်း Cover Screen မှာ Quick Reply Message တွေကို သတ်မှတ်ထားနိုင်တာမျိုးတွေ၊ Cover Screen မှာ စာမရိုက်ချင်လည်း Voice Typing Support တာမျိုးတွေက မိုက်တယ်။ ပြီးတော့ Cover Screen မှာပါ Auto Rotate ရတာမျိုးတွေ၊ Notification တွေ၊ Quick Settings တွေ အဖွင့်အပိတ်လုပ်လို့ရတာကလည်း သုံးရတာ အဆင်ပိုပြေသွားတယ်။

ဆိုတော့ ဒါကတော့ OPPO Find N3 Flip ရဲ့ Vertical Cover Screen က ဘာကြောင့် ပိုကောင်းတယ်ဆိုတာကို လက်တွေ့စမ်းဖြစ်လိုက်တာပါ။ ဒီထက် Cover Screen မှာ သုံးနိုင်မယ့် Mini App တွေ ပိုများလာရင်တော့ ပိုကောင်းမယ်ဆိုပေမယ့် လောလောဆယ်မှာတင် ဒီ OPPO Find N3 Flip ရဲ့ Cover Screen လောက် Fun ဖြစ်ဖို့ကောင်း၊ Functions တွေများတဲ့ Flip Foldable ဖုန်းမရှိသေးတာကတော့ အမှန်ပဲ…။

#TechGadgetMM